ထိပ်တန်းသတင်း |
NLD ဘက်က တင်ပြထားတဲ့ မဲဆွယ်စည်းရုံးရေး ကန့်သတ်ချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ရုပ်သိမ်းပေးလိုက်တယ်လို့ NLD ပါတီက ပြောပါတယ်။ |  |
 |
နယ်စပ် မူစလင်သူပုန်တွေ နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်နဲ့ မလေးရှား ၀န်ကြီးချုပ်တို့ တနင်္လာနေ့က ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။ |  |
 |
မဲခေါင်ဒေသတွင်း သဘာဝပတ်ဝန်းကျင် မပျက်စီးရေးနဲ့ အလုပ်ကိုင်သစ် ဖန်တီးရေး ကိစ္စတွေဟာ လက်ရှိစိန်ခေါ်မှုတွေ ဖြစ်တယ်လို့ ADB အကြီးအကဲက ပြောပါတယ်။ |  |
 |
ဆီးရီးယားမှာ လူသားချင်းစာနာတဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ကြားဝင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကဆိုပါတယ်။ |  |
 |
အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးစဉ် ဒီကနေ့မှာ စတင် ရောက်ရှိနေပါတယ်။ |  |
 |
အပစ်ရပ် DKBA နဲ့ နယ်ခြားစောင့်တပ်ကြား တင်းမာမှုတွေကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကြားဝင် ညှိနှိုင်းပေးနေပါတယ်။ |  |
 |
အငြင်းပွားစရာ ဖြစ်နေတဲ့ အီရန်နိုင်ငံက နျူကလီးယားအရေး ဖြေရှင်းဖို့ ကုလသမဂ္ဂ အဖွဲ့တစ်ခု အီရန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ |  |
 |
မြောက်ကိုရီးယားက ခြိမ်းခြောက်နေတဲ့ကြားကပဲ အငြင်းပွားဖွယ် နယ်စပ်အနီးမှာ တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ |  |
 |
သံဃာ့မဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းမရှိတဲ့အတွက် အရှင်ဂမ္ဘီရကို အရေးယူမယ့်အကြောင်း ဒီကနေ့ သတင်းစာမှာ ဖော်ပြထားပါတယ်။ |  |
 |
ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံက ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကို ရေနံရောင်းချမှု ရပ်တန့်ကြောင်း ကြေညာ။ |  |
 |
ဆက်ရန် |
 |
No comments:
Post a Comment