ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မေလ ၁ ၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ မုန်တိုင်းအခြေအနေကိုလဲ အစိမ်းရောင်အဆင့် သတ်မှတ် လိုက်ပြီး ရခိုင်ကမ်းရိုးတမ်း ဖက်မှာ အန္တရာယ် ကင်းရှင်းသွားပြီ အပြည့်အစုံ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတအိုဘားမားတို့ လာမယ့် တနင်းလာနေ့ ၀ါရှင်တန်ဒီစီမှာ တွေ့ဆုံတဲ့ အခါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အထူးသဖြင့် စီးပွားရေးအရ လက်တွဲဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ကို ဆွေးနွေးကြ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အပြည့်အစုံ ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကြာကစားခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီအကုန်မှာ အနားယူတော့မယ်လို့ အသက် ၃၈ နှစ်အရွယ် ဘောလုံး အကျော်အမော် ဒေးဗစ်ဘက်ခမ်းက ကြာသပတေးနေ့က ပြောလိုက်တာဖြစ်ပါတယ်၊ အပြည့်အစုံ ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးကနေဆင်းသွားအောင် ဆက်ပြီး ဖိအားပေးသွားဖို့အတွက် အမေရိကန်သမ္မတ Barack Obama နဲ့ တူရကီသမ္မတ Recep Tayyip Erdogan တို့က သဘောတူခဲ့ကြပါတယ်။ အပြည့်အစုံ မေ ၁၅၊ ၂၀၁၃ - လက်ရှိ တရုတ်-မြန်မာနယ်စပ် အခြေစိုက် လှုပ်ရှားနေတဲ့ UWSA ဝတပ်ဖွဲ့ရဲ့  တရုတ်-မြန်မာ အစိုးရတို့နဲ့ ဆက်ဆံရေးအခြေအနေကို သုံးသပ်ဆွေးနွေးထား... အပြည့်အစုံ မဟာစင်မုန်တိုင်းဒဏ် ခံရနိုင်ခြေရှိခဲ့တဲ့ဒေသတွေက လူထုကို ဘေးကင်းလုံခြုံရာဆီ ရွှေ့ပြောင်းပေးဖို့ စီစဉ်ရာမှာ ဒုက္ခသည်တွေအကြား မယုံကြည်မှုနဲ့ စိုးရိမ်မှုတွေ ရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောဆိုတဲ့သတင်း... အပြည့်အစုံ ၂၀၁၃ ခုနှစ် မေလ ၁၇ ရက် မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကို စုစည်း တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းဖောက်လုပ်နေ တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အစီအစဉ်နဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံမှာလည်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ မြန်မာနိုင်ငံကတဆင့် တင်ပို့မယ့်ရေနံတွေ ကို ချက်လုပ်မယ့် စက်ရုံတခု တည်ဆောက်မယ့် စီမံကိန်းကြောင့် နစ်နာမှုတွေ ဖြစ်ရတယ်ဆိုပြီး ဒေသခံတွေနဲ့ တက်ကြွသူတွေ ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ မဟာစင်မုန်တိုင်းဒဏ် ခံရနိုင်ခြေရှိခဲ့တဲ့ဒေသတွေက လူထုကို ဘေးကင်းလုံခြုံရာဆီ ရွှေ့ပြောင်းပေးဖို့ သက်ဆိုင် ရာ တာဝန်ရှိသူတွေက စီစဉ်တာမှာ လူထုက သူတို့အပေါ် မယုံကြည်မှုနဲ့ ကြောက်ရွံ့စိတ်တွေကြောင့် နေရာမရွှေ့ပြောင်းချင်သူ တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီဒေသတွေမှာရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေကနေ ၀င်ရောက် ကူညီပြီး ဆွဲဆောင် စည်းရုံးပြီးတော့ လုပ်ဆောင်ပေးခဲ့ ရတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကပြောပါတယ်။ ရန်ကုန်မြို့၊ နတ်မောက်လမ်းက ကုလသမဂ္ဂရုံးမှာ ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ကြတာတွေကိုတော့ ကိုယ်တိုင်သွားတက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ မြန်မာအစိုးရ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း၊ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံတဲ့အချိန် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားတွေ အရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်တွေ အားကောင်းလာရေး ကိစ္စတွေကို အဓိက ဆွေးနွေးမယ်လို့ မျှော်လင့်တဲ့ အကြောင်း မြန်မာ့ အရေး တက်ကြွလှုပ်ရှားသူ ရှစ်ဆယ့်ရှစ်မျိုးဆက် ဗကသ ခေါင်းဆောင်ဟောင်း ဦးအောင်ဒင်က သုံးသပ်ပါတယ်။ ဦးအောင်ဒင်ကိုVOA မြန်မာပိုင်း အစီအစဉ်က သိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment