ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ သြဂုတ်လ ၂၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ "အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လိင်လုပ်ငန်းအတွက် လူတွေကို မှောင်ခိုမှု၊ အရွယ်မရောက် သူတွေကို ဥပဒေမဲ့ စုဆောင်းပြီး စစ်သားအဖြစ် ခိုင်းစေမှု စတဲ့ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်" အပြည့်အစုံ "စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ ဖွံ့ဖြိုးမှလည်း ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ပေါ့နော် ပြည်သူတွေက သိသင့်သိထိုက်တဲ့ သတင်းတွေကို သိမယ်ပေါ့ဗျာနော်။ အဲ့ဒါကို ရည်ရွယ်တာပါ။ ဒီဥပဒေက သတင်းကောင်စီအတွက် ရည်ရွယ်တာ၊ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတခုအတွက် တင်တဲ့ ဥပဒေ မဟုတ်ဘူး" အပြည့်အစုံ "ကျနော် သိသမျှထဲမှာ လေးစားစရာ အကောင်းဆုံး စာရေးဆရာ၊ နိုင်ငံရေးသမား၊ သို့မဟုတ်ရင်လည်း ငြိမ်းချမ်းရေးသမား၊ သို့မဟုတ်ရင်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး သမားလို့ ကျနော် အဲ့ဒီလိုပဲ သတ်မှတ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာကြီး အကြီးကြီးကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း သူက သူ့ရဲ့ တတ်နိုင်သမျှ ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ စွမ်းဆောင်ပြီးတော့ ပါဝင်ခဲ့တယ်" အပြည့်အစုံ "ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်အနေနဲ့ ကျနော်တို့ကတော့ အစိုးရကိုရော၊ နိုင်ငံတကာ အနေအထားမှာရော ပြောပြပေးနိုင်မယ်လို့ ယူဆတယ်လေ။ ဒီဖြစ်စဉ်မှာ လုပ်သွားတဲ့ အဖွဲ့အစည်းတွေက သီးသန့်ဖြစ်နေတယ်။ ဒီအဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ ဖော်ထုတ်ပေးဖို့ လိုအပ်တယ်" အပြည့်အစုံ "အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ဟိန္ဒူဘုရားဖူးတွေကို ရထားတစင်းက ၀င်တိုက်ရာက အနည်းဆုံး လူ ၃၅ ယောက် သေဆုံးပြီး၊ နောက်ထပ် ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့အကြောင်း အာဏာပိုင်တွေက ပြောပါတယ်" အပြည့်အစုံ "ရုပ်ကြွင်းလောင်စာတွေကို လျှော့ချတာမျိုး မလုပ်ခဲ့နိုင်ဘူးဆိုရင် ၂၁၀၀ ပြည့်နှစ်မှာ ပင်လယ်ရေပြင်ဟာ တစ်မီတာကျော်ပြီး မြင့်တက်လာနိုင်တယ်လို့ သတိပေးထားကြပါ တယ်။ ဒီတွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ နွေရာသီတုန်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတု အပြောင်းအလဲဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲမှာ အစီရင်ခံခဲ့တာဖြစ်ပြီး ဒါကို..." အပြည့်အစုံ "တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistroius အပေါ် ဒီနှစ်အစောပိုင်းက သူ့ရဲ့ချစ်သူ Reeva Sttemkamp ကို သတ်ခဲ့တယ်ဆိုပြီး စွဲတင်ထားတဲ့အမှုကို လာမယ့်နှစ် မတ်လမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်" အပြည့်အစုံ "ဆီနိုင်းကျွန်းဆွယ်မှာ ရဲတပ်ဖွဲ့ဝင် ၂၄ ယောက်ထက်မနည်းကို လက်နက်ကိုင်တွေက သတ်ပစ်ခဲ့ပါတယ်" အပြည့်အစုံ "တနင်္လာနေ့ကစတင်ပြီး Ulchi Freedom Guardian လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို အများအားဖြင့် ကွန်ပြူတာပေါ်မှာ လုပ်ကြတာဖြစ်ပေမဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၈ သောင်းကျော် ပါဝင်ပါတယ်" အပြည့်အစုံ အီဂျစ်နိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အီဂျစ်နိုင်ငံနဲ့ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ ဥရောပသမဂ္ဂ EU က ဆုံးဖြတ်လိုက်ပါတယ်။ အပြည့်အစုံ ဖိလစပ်ပိုင် သင်္ဘောနစ်မြှုပ်မှုမှာ ပျောက်ဆုံးနေသူတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက လှိုင်းလေပြင်းထန်နေတဲ့ ကြားကပဲ ဆက်လက် ရှာဖွေခဲ့ကြပါတယ်။ အပြည့်အစုံ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဓါတုလက်နက် အသုံးပြုမှုရှိမရှိ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ မြို့တော် Damascus ကို ရောက်ရှိလာပါတယ်။ အပြည့်အစုံ စာနယ်ဇင်းကောင်စီ ယာယီက ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေမူကြမ်း အမျိုးသားလွှတ်တော်ကို တင်သွင်းလိုက်တဲ့ သတင်း၊ မြန်မာ့စာပေလောကမှာ သြဇာအရှိန်အ၀ါ ကြီးမားတဲ့ ဆရာကြီး ဒဂုန်တာရာ မနေ့က အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်သွားတဲ့သတင်းတွေ အပါအ၀င်၊ ဒီသတင်းပတ် အမေရိကန်နိုင်ငံရေးမှာ အဓိက လွှမ်းမိုးမယ့်အကြောင်းအရာ စသည် ... အပြည့်အစုံ သြဂုတ် ၁၉၊ ၂၀၁၃ - ဒီတပတ် တင်ပြပေးမယ့် အီဒီယံ အသုံးအနှုန်းများမှာ piece of cake, to take the cake နဲ့ icing on the cake တို့ ဖြစ်ကြပါတယ်။ အပြည့်အစုံ ဒီတပတ်အတွင်း အမေရိကန် နိုင်ငံရေးမှာ အဓိက လွှမ်းမိုးမဲ့အကြောင်းအရာတွေနဲ့ သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးအကြောင်း ဦးသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အင်ဒိုနီးရှားနိုင်ငံမှာ အသုံးမပြုတော့တဲ့ သင်္ဘောကွန်တိန်နာ လို့ခေါ်တဲ့ ပစ္စည်းတင်တွဲအဟောင်းကြီးတွေကို ကျောင်းစာသင်ခန်းတွေ၊ ရုံးခန်းတွေသာမက ဟော်တယ်တည်းခိုခန်းတွေအဖြစ် အသုံးပြုနိုင်ဖို့ ပြောင်းလဲပေးတဲ့လုပ်ငန်းဟာ အတော်တွင်ကျယ်နေပါတယ်။ အဖိုးနှုံးချိုသာပြီး တာရှည်အသုံးခံတဲ့ အဆောက်အဦးတွေရအောင် သံမဏိကွန်တိန်နာကြီးတွေကို ပြောင်းလဲပြီး အင်ဒိုနီးရှားနိုင်ငံသားတွေ ဘယ်လိုတီထွင်အသုံးပြုနေကြတယ်ဆိုတာကို AP သတင်းတပုဒ်ပေါ်အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ. အပြည့်အစုံ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲတဲ့ မီဒီယာ ဥပဒေကြမ်း လွှတ်တော်ကို တင်သွင်း၊ မြန်မာ့စာပေနယ်မှာ သြဇာကြီးတဲ့ ဆရာကြီး ဒဂုံတာရာ ကွယ်လွန် စသည် ... အပြည့်အစုံ မြန်မာနိုင်ငံအတွင်း တောတောင်တွေပျက်ဆီးပြီး စနစ်တကျ ထိန်းသိမ်းနိုင်ခြင်းမရှိတဲ့အတွက် ရှားပါးငှက်မျိုးတွေ မျိုးတုံးပျောက်ကွယ်နိုင်တဲ့ အန္တရယ်ကနေ ထိထိရောက်ရောက် မကာကွယ်နိုင်ဘဲ ဖြစ်နေတဲ့အကြောင်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့ဝင်တွေက သတိပေးပြောဆိုပါတယ်။ ရှားပါးငှက်တချို့ဟာ မြန်မာနိုင်ငံမှာသာ တွေ့မြင်နိုင်တဲ့အတွက် နိုင်ငံခြားသားတွေ စိတ်ဝင်စားနိုင်သလို ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအတွက်လည်း အထောက်အကူ ပြုနိုင်တယ်လို့ ဆိုပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ လယ်သမားတွေ အနေနဲ့ လယ်ယာမြေ အသိမ်းခံရတဲ့ ကိစ္စတွေ အပေါ်မှာ ထွန်းတုန်းတိုက်ပွဲ ဆင်နွဲတာမျိုးတွေ ၊ လယ်ယာမြေတွေ ထဲကို ကျူးကျော်ဝင်ရောက်တာမျိုးတွေ စတဲ့ အင်အားသုံးဖြေရှင်းတာ မျိုးတွေမလုပ်ပဲနဲ့ ဥပဒေအရ ပညာရှိရှိ ဖြေရှင်းနိုင်ဖို့တဲ့ ပုံစံမျိုးသွားသင့်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ဦးစီးကျင်းပတဲ့ တောင်သူလယ်သမားတွေ ရဲ့အသံ စုစည်းခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေး ပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေက ပြောဆိုပါတယ်။ ဒီအခမ်းအနားကြောင်း ရန်ကုန်ကနေ ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ VOA60 World အပြည့်အစုံ President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment