ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖေါ်ဝါရီလ ၁၈၊ ၂၀၁၄ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
မြန်မာ လူပေါင်း ၁ ထောင်ကျော်၊ ဒီရန်ကုန်မြို့မှာ သူခိုးဖြစ်မယ်ဆိုရင် နိုင်ငံအတွက် ကောင်းအုံးမလား။ မဟုတ်ဘူးလား။...ကျနော်ခေါ်သွားတာ သူတို့ ခွင့်မပြုစရာအကြောင်းမရှိဘူး။ ဒီလူတွေ သူခိုး၊ ဂျပိုးမဖြစ်လာအောင် ကျနော်လာခေါ်တာပဲ။ အထူးသဖြင့် အနာဂတ်လူငယ်လေးတွေ အဆုံးရှုံးမခံနိုင်စေချင်ဘူးလေ။ (ဗိုလ်မှူးစောဆန်းအောင်-DKBA) အပြည့်အစုံ မတ်လကုန်မှာစတင်မယ့် သန်းခေါင်စာရင်းကောက်ယူမှုမှာ မျိုးနွယ်စုအမည်မှားယွင်းမှု၊ ကျန်ရှိနေမှု၊ မျိုးနွယ်စုတခုတည်းကို ဒေသန္တရအခေါ်နဲ့ နှစ်ကြိမ်၊ သုံးကြိမ်ဖော်ပြမှုတွေကို တွေ့နေရတဲ့အတွက် တိုင်းရင်းသားမျိုးနွယ်စုတွေက ကန့်ကွန်နေပြီး ဖြေရှင်းပေးဖို့လည်း တောင်းဆိုထားကြပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရှိရာက ဒေသခံတွေ၊ ကြေးနီတူးဖော်ရေး ကုမ္ပဏီတာဝန်ရှိသူတွေ၊ အကြမ်းဖက်ဖြိုခွဲမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ ဘန်ကောက်မြို့မှာ ထောင်ချီတဲ့အစိုးရဆန့်ကျင်သူတွေဟာ ဝန်ကြီးချုပ်ရုံးထိုင်ရာ အဆောက်အဦးကို အင်္ဂတေနဲ့ပိတ်ဆို့လိုက်တဲ့အတွက် ယာယီအိမ်စောင့်အစိုးရအဖွဲ့ကို မြို့တော်ရဲ့တခြားနေရာတွေမှာ ဖြန့်ခွဲထားရပါတယ်။ အပြည့်အစုံ တောင်ကိုရီးယား၊ Gyeongju မြို့က ခေါင်မိုးပေါ်မှာ ထူထပ်တဲ့နှင်းတွေကြောင့် ဖြစ်ပုံရတဲ့ အဆောက်အဦး ပြိုကျမှုအတွင်း ၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ Italy နိုင်ငံ ရောမမြို့ကို ဦးတည်ပျံသန်းလာတဲ့ Ethiopian လေကြောင်းပိုင် လေယာဉ်ကို ပြန်ပေးဆွဲလာတဲ့ ပူးတွဲလေယာဉ်မှူးဟာ Geneva မြို့မှာ လေယာဉ်ကို ချောချောမောမော ဆင်းပေးလိုက်ပြီးနောက် အထိန်းသိမ်းခံလိုက်ရပါတယ်။ အပြည့်အစုံ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ သီတင်းပတ်တွေနဲ့ချီ သိမ်းပိုက်ထားတဲ့ အစိုးရဌာနချုပ်ကို ရဲတပ်ဖွဲ့က ပြန် သိမ်းပိုက်နိုင်ဖို့ စတင် လုပ်ဆောင်နေချိန်မှာပဲ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို အာခံပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ တနင်္လာနေ့က အစိုးရရုံး အပြင်မှာ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ အာရှဒေသက အကြီးဆုံး လေကြောင်းပြပွဲ တစ်ခုကို စင်္ကာပူမှာ ကျင်းပရာမှာ မြန်မာနိုင်ငံ အပါအ၀င်၊ ဒေသတွင်းနိုင်ငံတွေက လုပ်ငန်းတွေ တိုးချဲ့မယ့် အစီအစဉ်တွေကို ကြေညာခဲ့ကြပါတယ်။ အပြည့်အစုံ သမီးကလေး ကျေးရွာ နေအိမ် ဖယ်ရှားခံရသူတွေကို DKBA အဖွဲ့က ကူညီဖို့ ကမ်းလှမ်းတဲ့သတင်း၊ ထိုင်းနိုင်ငံမှာ ဆန္ဒပြသူတွေ သိမ်းပိုက်ခဲ့တဲ့ နေရာတွေကို ရဲတပ်ဖွဲ့က ပြန်ယူဖို့ ကြိုးစားတဲ့အကြောင်းတွေနဲ့ စင်္ကာပူမှာ ကျင်းပတဲ့ အာရှဒေသ လေကြောင်းပြပွဲ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာနဲ့... အပြည့်အစုံ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana စစ်ကိုင်းတိုင်း အတွင်းမှာ ရှိတဲ့ လက်ပံတောင်း ကြေးနီစီမံကိန်း ကိုသွားရောက်လေ့လာတဲ့ သတင်းကို တင်ပြထားပါတယ်။ အပြည့်အစုံ ဒီသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ VOA တီဗွီသတင်းလွှာ အစီအစဉ်ကို ဆက်လက် ထုတ်လွှင့်နေပါတယ်။ ဆက်လက်ပြီး မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်ကို ရှုစားကြပါ။ အပြည့်အစုံ အာရှဒေသက အကြီးဆုံး လေကြောင်းပြပွဲ တခုကို စင်္ကာပူနိုင်ငံက ကမကထလုပ် ကျင်းပရာမှာတော့ ခေတ်ပေါ် နည်းပညာသစ်တွေ၊ ကာကွယ်ရေး စနစ်သစ်တွေ ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အပါအ၀င်၊ အာရှဒေသက လေကြောင်း လုပ်ငန်းတွေ တိုးချဲ့မယ့် အစီအစဉ်တွေကိုလည်း ကြေညာခဲ့တာပါ။ ကိုအောင်လွင်ဦးက တင်ပြပေးပါလိမ့်မယ်။ အပြည့်အစုံ နေအိမ်ဖယ်ရှားခံခဲ့ရလို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အစပ်က သမီးကလေး ကျေးရွာသားတွေကို DKBA အဖွဲ့က နေထိုင်ရေး စီစဉ်ပေးတဲ့အနေနဲ့ DKBA ဌာနချုပ်ရှိရာ နယ်မြေကို ခေါ်ဆောင်သွားလိုတဲ့ အကြောင်း ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုစည်သူ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ VOA60 World အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment