ဗွီအိုအေမြန်မာ နေ့စဉ်သတင်းလွှာ ဖေဖေါ်ဝါရီလ ၂၅၊ ၂၀၁၅ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
မြန်မာ "ကျမတို့ဘက်မှာ ဘယ်သူမှကို မရှိတာ။ ပြည်သူလူထုကလွဲရင်ပေါ့။ ပြည်သူလူထု ဆိုတာတောင်မှပဲ ပြောရမယ်ဆိုရင် ရပ်ကွက်လူကြီး ဥက္ကဌတို့၊ ရာအိမ်မှူးတို့ အဲ့လိုလူတွေကပါအစ စက်ရုံဘက်က သိန်း ၂၀၀ ပေးထားတယ်လို့ ကြားတယ်" အပြည့်အစုံ "ဒီနေ့ကတော့ ၁၂ နာရီအတိမှာတော့ မော်တော်ယာဉ်က ၉ စီး၊ ကျားက ၃၂၁၊ မက ၁၈၇၊ စုစုပေါင်း ၅၀၈ ဦး။ Total Amount ကတော့ မော်တော်ယာဉ် အစီးရေ ၂၀၆၊ ကျားက ၇၃၇၁၊ မက ၁၇၄၁၊ စုစုပေါင်းက ၉၁၁၂။ သူကတော့ မန္တလေးပဲပို့တာ။ တချို့အတွက်ကတော့ သီရိလင်္ကာ မန်ဆူစမ်းချောင်း ဆရာတော်ကနေ ကမကထလုပ်တာ" အပြည့်အစုံ "ကျနော့်ရဲ့ ၃ နှစ်တာ လေ့လာမှုအပေါ်မှာ ခြုံငုံပြီးတော့ အရေးကြီးဆုံးတချက်ကို ပြောပါဆိုရင်တော့ လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ ဒီထက်ပိုမိုပြီးတော့ရင် ရှိဖို့လိုပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးကို လေးစားတဲ့ အလေ့အကျင့်တွေ ကျနော်တို့ မွေးမြူပေးဖို့ လိုပါတယ်။ ဒါဟာ အဓိကအကျဆုံးပါ" အပြည့်အစုံ "မနက်က ၆ နာရီခွဲလောက်ကနေ စတယ်ဗျ။ လက်နက်ကြီးနဲ့ပစ်တယ်။ ကြည်းတပ်က ထိုးတယ်။ ပြီးတော့ ပြန်ဆုတ်တယ်။ လက်နက်ကြီးနဲ့ ပစ်ထုတယ်။ ကြည်းတပ်က ပြန်ထိုးတယ်။ အဲ့လိုမျိုးလုပ်နေတာ ၁၁ နာရီလောက်ထိ ရောက်သွားတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးဗျ" အပြည့်အစုံ “မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေး လိုအပ်ချက်၊ အမျိုးသားပညာရေး စိန်ခေါ်မှုကို အဖြေရှာတဲ့ ပုံစံမျိုးဘက်ကို ဦးမတည်ဘဲနဲ့ နော် ပြဿနာဘက်တွေကို ထပ်မံ မွေးဖွားတဲ့ ပုံစံဘက်ကို ဦးတည်နေတာဟာ ဒါ ရင်လေးစရာဖြစ်တယ်လို့ မြင်ပါတယ်။” အပြည့်အစုံ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအဖွဲ့ အကြီးအကဲ ရာထူးက နှုတ်ထွက်သွားပါတယ်။ အပြည့်အစုံ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့လို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းမှုတွေကို မြောက်ကိုရီးယားက အလေးနက်ထားမယ့်ပုံ မပေါ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံ "IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသက Assyrian ခရစ်ယာန် ရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ဓားစာခံအဖြစ် လူပေါင်း ၉၀ ထက်မနဲကို ဖမ်းဆီးသွားခဲ့ တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။" အပြည့်အစုံ "အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ စတင်ပြီး ရုပ်သိမ်းမှာဖြစ်ကြောင်း သူပုန်ဘက်က ထိပ်တန်းတပ်မှူး Eduard Basurin က ပြောပါတယ်။ ဒါပေမဲ့ ဒီလို ရုပ်သိမ်းမှု ရှိ မရှိတော့ သီးခြား အတည်ပြုချက် မရယူနိုင်သေးပါဘူး" အပြည့်အစုံ "သတင်းစာဆရာတွေအနေနဲ့ ပြည်သူ့အကျိုး ရှးရှုပြီး ဘယ်လိုတင်ပြသင့်သလဲဆိုတာကို နှစ် ၄၀ ကြာ သတင်းလောကမှာ ရပ်တည်ခဲ့တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ် က...." အပြည့်အစုံ ယူကရိန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အပေါ် ဥရောပ ခေါင်းဆောင်တွေ ဆွေးနွေးကြပါတယ်။ IS စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ ဆီးရီးယားကို သွားကြတဲ့ ဗြိတိသျှကျောင်းသူသုံးဦး အိမ်ပြန်ဖို့ မိသားစုတွေ ပန်ကြားလိုက်ပါတယ်။ ကိုးကန့်ဒေသ တိုက်ပွဲတွေအပေါ်အမေရိကန်က စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။ စသဖြင့် …. အပြည့်အစုံ ဆီးရီးယား နယ်စပ်မြို့ Ras al Ayn ဟာ IS စစ်သွေးကြွတွေနဲ့ ကာ့ဒ် တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အပြန်အလှန် သိမ်းပိုက်ခံနေရတဲ့ မြို့တမြို့ပါ။ ဗွီအိုအေ ကာ့တ်ဌာနက သတင်းထောက် Zana Omer ကိုယ်တိုင် သွားရောက်ပြီး သတင်းယူထားတာကိုတော့ မခင်ဖြူထွေးက တင်ပြထားပါတယ်။ အပြည့်အစုံ ကမ္ဘာကြီး ပူနွေးလာနေတဲ့ အကျိုးဆက် တခုအဖြစ် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ အန္တရာယ်ကို ဘင်္ဂလား ပင်လယ်အော်ဒေသက ဆင်းရဲနွမ်းပါးသူ လူ ၁၃ သန်းလောက် ရင်ဆိုင်နေကြရပါတယ်။ AP သတင်းဆောင်းပါးကိုတော့ နန်းလောင်ဝ် က တင်ပြထားပါတယ်။ အပြည့်အစုံ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာနဲ့ အမျှ ဟာဝိုင်အီကျွန်းလို ပင်လယ်ကမ်းစပ် ဒေသတွေဟာ ဆူနာမီဒဏ် ကို ပိုပြီး ခံရဖွယ်ရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် Mike O’Sullivan ရဲ့ သတင်းဆောင်းပါးကို ကိုငြိမ်းချမ်း က တင်ပြထားပါတယ်။ အပြည့်အစုံ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment