ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၁၉၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့၊ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးမရနိုင်တဲ့အခြေအနေကို လေ့လာဖို့ မစ္စတာ မစ်ချဲလ် ကချင်ပြည်ကို သွားခဲ့ပါတယ်။ အပြည့်အစုံ ထေကြီးဝါကြီးဆရာတော်များရဲ့ဆန္ဒနဲ့ အစိုးရရဲ့ ဝန်ချတောင်းပန်မှုတွေကြောင့် ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က ဆန္ဒပြမှုတွေကို ခေတ္တရပ်ဆိုင်းထားလိုက်ပါတယ်။ အပြည့်အစုံ ထိုင်းမှာ ဆေးကုနေတဲ့ ဆရာတော် ဦးတိက္ခဉာဏရဲ့ ဒဏ်ရာတွေမှာ ပိုးသတ်ဆေးသုံးပြီး ကုသနေရတဲ့အတွက် ပြင်ပဧည့်သည်တွေနဲ့ တွေ့ခွင့် ကန့်သတ်ထားပါတယ်။ အပြည့်အစုံ တောင်ကိုရီးယားမှာ ရှေးရိုးစွဲ New Frontier ပါတီခေါင်းဆောင် Park Geun Hye အနိုင်ရမယ်ဆိုရင် တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာပါလိမ့်မယ်။ အပြည့်အစုံ အမေရိကန်မှာ ၂၀၁၂ အကုန် အပြီးဆောင်ရွက်ရမယ့် အစိုးရအသုံးစရိတ်လျှော့ချဖို့၊ အခွန်ငွေတိုးကောက်ဖို့တွေ ညှိနှိုင်းရာမှာ နီိးစပ်လာပါပြီ။ အပြည့်အစုံ ဒီနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ငှက်တုပ်ကွေးနဲ့ သေဆုံးသူ ဆယ်ဦးရှိသွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံ နယူးတောင်းမြို့၊ ကျောင်းတွင်းဝင်ပစ်ခတ်မှုကြောင့် ပိတ်ထားတဲ့ကျောင်းတွေ ပြန်ဖွင့်ချိန် လုံခြုံရေးတာဝန်ယူပေးဖို့ အာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံ နိုင်ငံသားအခွင့်အရေးအရ လက်နက်ကိုင်ဆောင်ခွင့်ရှိနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု၊ စိတ်ဖောက်ပြန်ပြီး လူစုလူဝေးကို သတ်ဖြတ်မှုတွေ ထိန်းချုပ်ဖို့ လိုအပ်လာနေပါတယ်။ အပြည့်အစုံ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲနဲ့အဖွဲ့ ကချင်ပြည်နယ်ကို သွားရောက်၊ သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွင်းခဲ့လို့ ဆန္ဒထုတ်ဖော်မှု တွေပြုလုပ်နေတာတွေကို ခေတ္တရပ်ဆိုင်းထား၊ ကွန်ဂို စစ်သွေးကြွခေါင်းဆောင် Mathieu Ngudjolo ကို နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာတရားရုံးက အပြစ်မရှိကြောင်းဆုံးဖြတ်၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် အင်တာဗျူး၊ သတင်းဆောင်းပါးတွေကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ လက်ပံတောင်တောင်သပိတ်စခန်းက စီမံ ကိန်း ရပ်ဆိုင်းပေးရေး ဆန္ဒဖော်ထုတ်နေတဲ့ သဃာတော်တွေကို အာဏာပိုင်တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတဲ့ ဗုဒ္ဓသာဝက ရဟန်းပျိုများ အဖွဲ့က သူတို့ရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေကို ခေတ္တ ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြည်ထောင်စုအစိုးရ အာဏာပိုင်တွေဘက်က ဒဏ်ရာရ သံဃာတော်တွေကို ၀င်ချတောင်းပန်ခဲ့ အပြီး၊ သံဃာတော်တွေဘက်က အခုလို ဆန္ဒထုတ်ဖော်မှုတွေ ခေတ္တရပ်ဆိုင်းဖို့ မိန့်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုကျော်သိင်္ခ က ဆက်ပြောပြမှာပါ။ အပြည့်အစုံ ဒီဇင်ဘာလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ အရင်က တရားမ၀င် နိုင်ငံရေးပါတီတခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီအနေနဲ့ ပြည်တွင်းမှာ တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်ရေး မကြာခင် ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ပြီး စတင် လုပ်ဆောင်တော့မှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံကို ရောက်လာတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက VOA မြန်မာပိုင်းအစီအစဉ်ကို ပြောဆိုပါတယ်။ အဖွဲ့ဝင် ၁၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ ဦးငွေလင်းကို ကိုသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ Grief-stricken families have buried the first two young victims of a shooting rampage last week at an elementary school in the northeastern state of Connecticut. အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment