ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၂၉၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ မြန်မာစစ်တပ်ကနေ တပ်ဆုတ်ပေးဖို့ ရာဇသံပေးခဲ့ပြီး ကေအိုင်အိုက ဆုတ်ပေးခြင်း မရှိတဲ့အတွက် မြန်မာစစ်တပ်ဘက်က စစ်လေယာဉ်တွေပါ အသုံးပြု တိုက်ခိုက်နေပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ရတဲ့အခါ လွတ်လပ်မျှတတဲ့ သတင်းတွေ ထုတ်ပြန်နိုင်ရေး သတင်းသမားတွေမှာ တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံ သတင်းစာများအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ အပြည့်အစုံ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (MEI) က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေ လက်ပံတောင်းတောင် စီမံကိန်းဒေသတွင်း လေ့လာစုံစမ်းမှုတွေ စတင်နေပြီဖြစ်ပါတယ်။ အပြည့်အစုံ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကို ကပ်ဆိုက်တဲ့အထိ ဆုတ်ယုတ်ကျဆင်းသွားနိုင်တဲ့ အခွန်တွေတိုးလာပြီး အစိုးရအသုံးစားရိတ် ဖြတ်တောက်ခံရမယ့်အရေးကို ရှောင်ရှားဖို့ ကွန်ကရက်လွှတ်တော်နဲ့ အစိုးရကြား သဘောတူညီချက်တခုကို ရနိုင်လိမ့်မယ်ဆိုတာ သူ့အနေနဲ့ မျှော်လင့်ချက် ရေးရေးရှိပါတယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။ အပြည့်အစုံ တရုတ်နိုင်ငံက အင်တာနက်အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်တဲ့အခါမှာ သူတို့ရဲ့ နာမည်အရင်းတွေကို အသုံးပြုရမယ်လို့ စည်းကမ်းသတ်မှတ်ပြီး အင်တာနက် အသုံးပြုသူတွေအပေါ် အစိုးရက ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်တယ်လို့ အစိုးရ ပိုင် သတင်းဌာနက ကြေညာပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့မယ် လို့ ကြေညာလိုက်တဲ့ အပေါ် နယူးယောက်အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ CPJ က ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ လူစုလူဝေးနဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်ဟာ ဆေးကုသမှုခံယူနေတဲ့ စင်္ကာပူနိုင်ငံ ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။ အပြည့်အစုံ မြန်မာနိုင်ငံက ၀ါသနာရှင်အဆင့် ကျောင်းသားလူငယ် ဘတ်စကတ်အားကစားသမား(၁၂)ဦးကို ဇန်န၀ါရီလ (၆)ရက်ကနေ (၂၀)ရက်နေ့အထိ အမေရိကန်နိုင်ငံမြို့တော် ၀ါရှင်တန်နှင့် မြောက်ကာရိုးလိုင်းယားမှာ ဘတ်စကတ်ဘော အားကစားနည်းတွေနဲ့ ပတ်သတ်ပြီး လေ့လာသင်ကြားခွင့်ရမှာဖြစ်ပါတယ်။ အပြည့်အစုံ ဒီဇင်ဘာ အစောပိုင်းက အိန္ဒိယနိုင်ငံ New Delhi မြို့မှာ အုပ်စု လိုက်မတရားပြုကျင့်မှု ခံခဲ့ရတဲ့ ကျောင်းသူလေးဟာ ဦးခေါင်းပိုင်းဒဏ်ရာပြင်းထန်တဲ့အတွက် ဦးနှောက် ဒဏ်ရာရခဲ့ပြီး အသက်ရှင် ရေး ကြိုးစားရုန်းကန်နေရဆဲဖြစ်တယ် လို့ သူ့ကို ကုသမှုပေးနေတဲ့ စင်္ကာပူဆေးရုံက ပြောလိုက်ပါတယ်။ အပြည့်အစုံ ဒီဇင်ဘာ ၂၉၊ ၂၀၁၂ - အိန္ဒိယအစိုးရရဲ့  အရှေ့ မျှော်လမ်းစဉ် အနှစ် (၂၀) ခရီးအကြောင်းကို ဦးအောင်ခင် နဲ့ ဒေါ်ခင်စိုးဝင်း တို့က သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့် ပြုတော့မည့်အကြောင်း၊ မြန်မာနိုင်ငံမှ ဘတ်စကက်ဘော ၀ါသနာရှင်များ အမေရိကားသို့သွားရောက်မည်၊ ဂျပန်နျူကလီးယား စက်ရုံတွေ ပြန်စရေး လုံခြုံမှုရှိမရှိ ဂျပန်ခေါင်းဆောင်တွေ စစ်ဆေးသွားမည်စတဲ့ သတင်းများ၊ မြန်မာ နှင့် နိုင်ငံတကာ ဆောင်းပါးများ .... အပြည့်အစုံ ဒီဇင်ဘာလ ၂၉ ရက် စနေနေ့  မြန်မာနိုင်ငံဆိုင်ရာသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ တစ်စီးတည်းသာကျန်တော့ တဲ့ မြဧရာ ဈေး သင်္ဘော ကို ဖျက်သိမ်းပြ်ီး ရေကြောင်းပို့ကုန်တွေ သယ်ဆောင် ပေးမဲ့သဘောင်္အဖြစ် ပြောင်းလဲ ဆောင်ရွက်တောမယ်လို့ အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ ဒါကြောင့်လည်း မြဧရာ သဘောင်္ကြီးနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ အောင် ရောင်းဝယ် ဖောက်ကားနေ တဲ့ဈေးသည်တွေ သူတို့လုပ်ငန်းတွေ ပျောက် ကွယ်သွားမှာ ကိုလည်း စိုးရိမ်ပူပင် နေကြပါ တယ်။ မြစ်မခ မီဒီယာက မမေသင်္ကြန်ဟိန် က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ လွန်ခဲ့တဲ ရှစ်နှစ်က အိန္ဒိယသမုဒ္ဒရာမှာ လူပေါင်း ၂ သိန်း ၃ သောင်း သေဆုံးခဲ့ရတဲ့ အဖြစ်မှန် ဇတ်လမ်းကို အခြေခံပြီး သရုပ်ဖော်ထားတဲ့ The Impossible ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံတ၀န်း စတင်ပြသနေပါပြီ။ ဒီဇာတ်လမ်းဟာ ထိုင်းနိုင်ငံမှာ ဆူနာမီရေလှိုင်းကြီး ရိုက်ခတ်ခဲ့တဲ့အချိန်မှာ အဲဒိကိုအလည်အပတ်ရောက်ရှိနေတဲ့ လူ ၅ ယောက်ရှိတဲ့ နိုင်ငံခြားသားမိသားစုတစ်စု ရဲ့တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခတွေကို ပုံဖော်ထားတဲ့ ပုံရိပ်တွေဟာ ကြည့်ရှုသူတွေအဖို့ပါ အထိတ်တလန့်ဖြစ်စေပါတယ်။ ဒီရေပြန်ကျသွားတဲ့အခါမှာလည်း ဆူနာမီဘေးဒုက္ခခံခဲ့ရသူတွေ အချင်းချင်းအပြန်အလှန်ကူညီကြတာကိုလည်း ဒီဇာတ်လမ်းထဲမှာဖော်ပြထားပါတယ်။ အကြောင်းစုံကိုတော့ ဗွီအိုအေသတင်းထောက် Penelope Poulou သတင်းပေးပို့ထားတာကို မေစန္ဒီက တင်ဆက်ပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံက ၀ါသနာရှင်ဘတ်စ်ကတ်ဘော အားကစားသမား တွေ အမေရိကန်နိုင်ငံကိုသွားပြီး နှစ်ပတ်ကြာ ဘတ်စ်ကတ်ဘော ပညာရပ်တွေဆည်းပူးဖို့ စေလွှတ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ပြောလိုက်ပါ တယ်။ အမေရိကန်ပြည်ထောင်စုမှာ ဇန်န၀ါရီလ ၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၂ ပတ်ကြာ ပို့ချမယ့် ဒီ ဘတ်စ်ကတ်ဘော သင်တန်းမှာ မြန်မာနိုင်ငံက ၀ါသနာရှင်အဆင့် ကျောင်းသားလူ ငယ် ဘတ်စ်ကတ် ဘော အားကစားသမား ၂၇ ဦးပါဝင်မှာဖြစ် ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ အပြည့်အစုံ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်း နိုင်ငံတွေမှာ ခါတိုင်းနှစ်တွေလိုပဲ သဘာဝဘေးအန္တရယ်တွေ၊ မတော်တဆ ထိခိုက်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံခဲ့ရပါတယ်။ တချိန်တည်းမှာ အောင်မြင်မှုတွေနဲ့ အခမ်းအနားတွေ၊ နိုင်ငံရေးအပြောင်းအလဲတွေလည်း ကြုံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်က ထူးခြားတဲ့ အဖြစ်အပျက် တချို့ Reuters သတင်းဌာနရဲ့ စုစည်းတင်ပြချက်ကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ် အပြည့်အစုံ Central African Republic: Hundreds of protesters march on the capital, Bangui, demanding peace. အပြည့်အစုံ Congressional leaders continued to spar over any potential agreement to avoid the fiscal cliff. Democratic Senate Majority Leader Harry Reid condemned Republicans for their refusal to accept higher taxes on the rich. But top Republican senator Mitch McConnell said Democrats have done nothing to compromise either. Congress returns to session today after the holiday break. အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment