ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဖေဖေါ်ဝါရီလ ၂၂၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့ရေး မြန်မာဘက်က ကော်မတီ ဖွဲ့ထားကြောင်းနဲ့ မြန်မာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ဖို့ ကိစ္စကို ထိုင်းနိုင်ငံဘက်က လည်း လိုလား ဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က ပြောပါတယ်။ အပြည့်အစုံ ကုလသမဂ္ဂကနေ ပေးပို့တဲ့ စားနပ်ရိက္ခာနဲ့ လူသုံးပစ္စည်းတွေ ဖားကန့်ဒေသက ဒုက္ခသည်စခန်းကို ရောက်ရှိလာပေမဲ့ အထူးသဖြင့် ဒုက္ခသည်ဦးရေ ပိုမိုများပြားတဲ့ သူပုန်နယ်မြေထဲမှာ ကူညီထောက်ပံမှုတွေဟာ အကြီးအကျယ်လိုအပ်နေဆဲဖြစ်ပါတယ်။ အပြည့်အစုံ အမေရိကန်-မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေး တစ်နှစ်တာ သဘောတူညီချက် လက်မှတ်ထိုးပွဲမှာ အမေရိကန်ပြည်ထောင်စု အလုပ်သမား၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner ဟာ အသိသက်သေအဖြစ် တက်ရောက်ခဲ့ပါတယ်။ အပြည့်အစုံ OGP အဖွဲ့ဝင်ဖြစ်ဖို့ မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းမြင်သာမှုဆိုတဲ့ OGP ရဲ့ အဓိက လိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့အတွက် ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီ သွားမှာ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ ဆီးရီးယား ပြည်တွင်းစစ် နှစ်နှစ်ကာလအတွင်းမှာ အသေအပျောက်အများဆုံး ကားဗုံးပေါက်ကွဲမှုတစ်ခုလည်း ဖြစ်ပါတယ်။ အပြည့်အစုံ India နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၁၂ ယောက်ထက် မနည်းသေဆုံးပြီး ၇၈ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ အပြည့်အစုံ တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံ Foal Eagle လို့ ခေါ်တဲ့ ၁လ ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ ၁ရက်မှာ စတင်မှာဖြစ်ပြီး ကြည်း၊ ရေ၊ လေတပ်ဖွဲ့ လေ့ကျင့်မှုတွေ ပါဝင်မှာဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာ အတွက် သြစတေးလျရဲ့ အကူအညီ၊ ကချင်အတွက် ကုလရဲ့ အထောက်အပံ့၊ မြန်မာနိုင်ငံ OGP အဖွဲ့ဝင် ဖြစ်ရေး ဗြိတိန် ကူညီမယ်ဆိုတာနဲ့ အတူ မြန်မာနဲ့ နိုင်ငံတကာ သတင်းစုံလင် ... အပြည့်အစုံ မြန်မာနိုင်ငံ OGP အဖွဲ့ဝင်ဖြစ်ရေး ဗြိတိန်ကူညီမည်၊ မြန်မာအတွက် သြစတေးလျရဲ့ အကူအညီ၊ ကချင် ဒုက္ခသည်တွေ အတွက် ကုလရဲ့ အကူအညီ စတဲ့သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ အမေရိကန် သမ္မတ အိုဘားမား နဲ့ ကွန်ဂရက် လွှတ်တော်ကြား လာမယ့် မတ်လ တရက်နေ့မှာ အစိုးရ အသုံးစရိတ်နဲ့ပတ်သက် လို့ ဆွေးနွေးညှိ့နိုင်း သဘောတူညီမှု မရနိုင်ဘူးဆိုရင် အမေရိကန် အစိုးရအဖွဲ့အစည်းတွေအတွင်း အလိုအလျောက် အသုံးစရိတ် ဘတ်ဂျက်ဖြတ်တောက်မှု စပြီး အကျုံးဝင်တော့မှာ ဖြစ်ပါတယ်။ “Sequesteration” လို့ခေါ်တဲ့ ဒီ အလိုအလျောက် အစိုးရ ဘတ်ဂျက် အသုံးစရိတ် ဖြတ်တောက်ခြင်းရဲ့ ရိုက်ခတ်မှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကြီးကြီးမားမားခံရ ဖွယ်ရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုအေရဲ့ ပင်တဂွန် သတင်းထောက် Luis Ramirez သတင်းပေးပို့ထား တာကို ကိုရန်နိုင် က ပြောပြပေးမှာပါ။ အပြည့်အစုံ ၂၀၁၆ ခုနှစ် မှာ OGP Open Government Partnership ပွင့်လင်းတဲ့အစိုးရများ မိတ်ဖက်အဖွဲ့ဝင် အဖြစ်ပါဝင်ဖို့ မြန်မာနိုင်ငံက အဆိုပြုထားတာကြောင့် ပွင့်လင်းမြင်သာမှုဆိုတဲ့ OGP ရဲ့ အဓိကလိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့အတွက် ဗြိတိန်နိုင်ငံကပံ့ပိုးကူညီသွားမှ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက ဗြိတိန်နိုင်ငံကတိုက်တွန်းလိုက်ပါတယ်။ OGP အဖွဲ့ဝင်ဖြစ်ဖို့ ထိပ်တန်းအစိုးရအရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကြေညာဖို့လိုအပ်ပြီး အဂတိလိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်တယ်လို့လည်း ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ၀န်ကြီး Francis Maude က ဒီအနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်တာပါ အပြည့်အစုံ Youtube အင်တာနက်စာမျက်နှာပေါ်က Harlem Shake လို့ခေါ်တဲ့ မြူးဇစ် အက ဗွီဒီယိုဟာ တနေ့တခြား ကြည့်ရှုသူ အရေအတွက်တိုးလာသလို၊ အမေရိကန် ပြည်ထောင်စု အပါအ ၀င်၊ ကမ္ဘာတ၀ှမ်းက ပရိသတ် ထောင်ပေါင်းများစွာကို ဖမ်းစားနေပါတယ်။ New York မြို့က DJ တယောက်ဖန်တီးတဲ့ ဒီဗွီဒီယိုကို အရင်တုန်းက စိတ်ဝင်စားသူသိပ် မရှိခဲ့ကြပေမယ့်၊ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မှာပဲ၊ လူထောင်ပေါင်းများစွာက သူတို့ကိုယ်တိုင် ဒီမြူးဇစ်တီးလုံး နဲ့ ကပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုကိုအတိုလေးတွေကို လည်း Youtube မှာ တင်လာကြ တာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Michael Lipin သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ အပြည့်အစုံ အိန္ဒိယနိုင်ငံမှာ ဓါတ်ဆီဈေးတက်မှုကြောင့် ဗုဒ္ဓဟူးနေ့ ကစပြီး နိုင်ငံတ၀ှမ်းမှာရှိတဲ့ အလုပ်သမားတွေမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ အိန္ဒိယအစိုးရက စီးပွားရေးမူဝါဒတွေမှာ မအောင်မြင်ဘူးဆိုပြီး ဆန္ဒပြသူတွေက ထောက်ပြပါတယ်။ ဗွီအိုအေသတင်းထောက် Aru Pande ပေးပို့ထားတဲ့သတင်းကို မမေစန္ဒီကပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment