ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာေ ဖဖေါ်ဝါရီလ ၂၄ ၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေပါတဲ့ အမေရိကန်ကုန်သည်ကြီးများ အဖွဲ့ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အပြည့်အစုံ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီ ယာဉ်တန်းတွေ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အပြည့်အစုံ ဥပဒေနဲ့အညီ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေက အလုပ်က ထုတ်ပစ်တာတွေ ရှိလာနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံ သြစတြေးလျနိုင်ငံ မြောက်ပိုင်းမှာ ဆိုးရွားကြမ်းတမ်းတဲ့ ရာသီဥတု ဖောက်ပြန်မှုအတွင်း လူနှစ်ယောက် သေဆုံးခဲ့တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံ အီဂျစ်နိုင်ငံမှာ မကြာခင် ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲကို ဆန္ဒပြကြဖို့ အတိုက်အခံ ခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်နဲ့ သူဆွေးနွေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောပါတယ်။ အပြည့်အစုံ အကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သက်တယ်လို့ သတင်းထွက်လာပြီးတဲ့နောက် အင်ဒိုနီးရှား အာဏာရ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ရာထူးက နုတ်ထွက်လိုက်ပါတယ်။ အပြည့်အစုံ ဒီတပတ်အတွက် စကားပြောရအောင်အစီအစဉ်မှာတော့ လူငယ်တွေသိထားသင့်တဲ့ အင်္ဂလိပ်ဝေါဟာရသစ်တွေအကြောင်း ကြားရမှာပါ။ အခုကြုံနေရတဲ့ နည်းပညာခေတ်ကြီးထဲမှာ တွေ့နေရတဲ့ သိပံ္ပနဲ့နည်းပညာ၊ အင်တာနက်နဲ့ဆိုင်တဲ့ ဝေါဟာရသစ်တွေကို ခေတ်နောက်ကျမကျန်ရအောင် သိထားရအောင်ပါ။ စကားလုံးသစ်တွေကို အားလုံးသိထားအောင်လို့ ဝေါဟာရ အသုံးအနှုံးတွေ စောင့်ကြည့်မှုအယ်ဒီတာ ပြောပြထားတဲ့ စကားပြောကြရအောင် အစီအစဉ်ကို နားဆင်ကြည့်ပါ။ အပြည့်အစုံ လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပေါ်ထွက်လာတာဟာ အစိုးရခန့် ကော်မရှင်အတွက် အားတက်စရာလား၊ ကသိကအောက်ဖြစ်စရာလားဆိုတာကို လက်ပံတောင်းစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်၊ ရှေ့နေများကွန်ယက်က ဦးလှထွန်း၊ ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုတို့နဲ့အတူ ဦးကျော်ဇံသာက သောတရှင်တွေကိုဖိတ်ခေါ်ပြီး ဆွေးနွေးထားပါတယ်။ အပြည့်အစုံ ရှမ်းပြည်ဘက်မှာ တိုက်ပွဲတွေပြန်ဖြစ်၊ ကချင်ပြည်ဘက် ကုလ အကူအညီ၊ UNFC နဲ့ အစိုးရဆွေးနွေးပွဲအပါအ၀င် တပတ် အတွင်း မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ သတင်းများ၊ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ တွေ့ဆုံမေးမြန်းချက်နဲ့ သက်တံရောင် သတင်းလွှာ ...... အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment