ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ 1 မတ်လ ၁၃၊ ၂၀၁ ၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ "ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ မြန်မာလုံခြုံရေးတပ်တွေဟာ Phosphorus ပါဝင်တဲ့ မီးခိုးဗုံးတွေ အသုံးပြုတယ် ဆိုတာကို အဲ့ဒီမှာ အတည်ပြုထားပါတယ်။ လူအုပ်စုကို ဖြိုခွင်းဖို့ Phosphorus အသုံးပြုတာတွေကို ကျမတို့ ကန့်ကွက်ပါတယ်" အပြည့်အစုံ "စာပေစိစစ်ရေး မရှိတော့ဘူးလို့ စာပေ လွတ်လပ်ခွင့်မရှိဘဲ နည်းလမ်းတမျိုးမျိုးနဲ့ ကျနော်တို့ မီဒီယာတွေကို ထိန်းချုပ်တယ်လို့ တွေးထင်စရာ ဖြစ်နေပါတယ်" အပြည့်အစုံ "သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ သွားတဲ့ သမိုင်းဝင် ခရီးစဉ်ကိုကြည့်ရင် အရင်က ဘယ်လောက်ပဲ ရန်သူလို ဖြစ်နေပါစေ ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပြီး ဆက်ဆံရေးကို ပြောင်းလဲလိုက်ဖို့ အမေရိကန်ဘက်က အသင့်ပဲဆိုတာ ပြလိုက်တာပါ" အပြည့်အစုံ "တရုတ်က စဉ်းစားတာက အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ကို လှည့်လာတဲ့ မျှားဦးဟာ သူ့တို့ ဘက် လှည့်တာလို့ တွက်တယ်လေ။ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဖို့ လာတယ်လို့ တွက်တယ်။ အဲ့ဒါကြောင့်မို့လို့..." အပြည့်အစုံ "ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဖွဲ့ထားတဲ့ ကော်မရှင်ဟာ ကျမတို့ ဒေသ ခံတွေအတွက် လုံးဝကို ကောင်းကျိုးမပြုတဲ့ ကော်မရှင်ဖြစ်တယ်။ ပြီးတော့ တခါ ဒီကြေးနီစီမံကိန်းဟာလည်း ဒေသခံတွေအတွက် ဒုက္ခရောက်မယ့် စီမံကိန်းဖြစ်တဲ့အတွက်" အပြည့်အစုံ "နောက်ထပ် ဒီလိုမျိုး လုပ်ခွင့်ပေးထားမယ်ဆိုရင် နောက်ထပ်ပြီး လုပ်နေဦးမှာပဲ။ ဒီလိုမျိုး အကြမ်းဖက် ဖြိုခွင်းတဲ့ကိစ္စတွေကို အရေးယူမှုတွေ လုပ်ပေးရမယ်။ တာဝန်ရှိတဲ့ သူတွေကို အရေးယူမှုတွေ လုပ်ပေးရမယ်" အပြည့်အစုံ "မီးခိုးက သူတို့ မဲ တခါ ရွေးလာပြီဆိုရင် အဲ့ဒီမဲက မအောင်မြင်သေးဘူးဆိုရင် အဲ့ဒီမဲကို သူတို့ မီးရှို့တယ်။ မီးခိုးကို အမဲထွက်အောင် ရှို့ပြီးတော့ အကယ်၍ အောင်မြင်တဲ့ အခါကျရင် မီးခိုးက အဖြူရောင်ထွက်အောင်လို့ ရှို့ရတာ" အပြည့်အစုံ "ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စုံစမ်းရေးအဖွဲ့အနေနဲ့ ကမ္ဘာမှာ လူအခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံးဖြစ်မယ်လို့ တွက်ဆရတဲ့ မြောက်ကိုရီးယားနိုင်ငံကို ဖိအားပေးဖို့ တနင်္လာနေ့က အကြံပြုခဲ့တာ ဖြစ်ပါတယ်" အပြည့်အစုံ ဒီကနေ့အစီအစဉ်မှာ လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်းကိစ္စ အစီရင်ခံစာထွက်ရှိ၊ အာရှရေးရာအထူးသံတမန် တရုတ်ခန့်အပ်၊ ပုပ်ရဟန်းမင်းကြီးသစ်ကို လျှို့ဝှက်မဲပေး ရွေးချယ်၊ စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးများ အပြည့်အစုံ ၂၀၁၃ ခုနှစ် မတ်လ ၁၃ရက် ဗုဒ္ဓဟူးနေ့  မြန်မာနိုင်ငံဆိုင်ရာ သတင်း များကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေဆဲ ဖြစ်ပြီး ဒီချိုးဖောက်မှုတွေကို ဘယ်လို ကာကွယ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး တနလာင်္နေ့က ကုလ လူ့အခွင့်အရေ ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနားက ပြောဆိုလိုက်ပါတယ်။ ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေဆဲ ဖြစ်တယ်ဆိုတာကို ငြင်းဆိုပါတယ်။ အပြည့်အစုံ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ဒုတိယအကြိမ် ဆွေးနွေးပွဲတွေ မနေ့ညက ပြီးဆုံးသွားပေမယ့် တရုတ်နိုင်ငံတခုထဲက အခုလို ဆောင်ရွက်ပေးနေယုံတင် မကပဲ နိုင်ငံတကာရဲ့ ပါဝင်ဆောင်ရွက်မှုကို လိုလားတယ်လို့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ တရုတ်နိုင်ငံမှာ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနရဲ့ မကြာသေးခင်ကမှ လုပ်ဆောင်လိုက်တဲ့ လူမှောင်ခိုမှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး ကနေ လူမှောင်ခိုသမား ၃၀၀ ကျော်ကိုဖမ်းမိခဲ့သလို ကလေးငယ်ပေါင်း ၆၀ ကျော်ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်အတွင်း လူမှောင်ခိုကူးမှုအပေါ်ဖြိုခွဲမှုတွေထဲမှာ အကြီးမားဆုံးတခုလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံတဝန်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပြည့်သူ့လုံခြုံရေးဝန်ကြီးဌာနက တိုးမြှင့်ဆောင်ရွက်နေတဲ့အကြောင်း အပြည့်အစုံကိုတော့ AP သတင်းပေါ်အခြေခံပြီး ဒေါ်ခင်မျိုးသက်က ဆက်ပြီး ပြောပြပါမယ် အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment