ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၂၆၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ “မနေ့က ဘာမှမဖြစ်ဘူးခင်ဗျ၊ သူတို့တွေက ကိုယ့်ရပ်ကွက်ကို ကိုယ် ကင်းစောင့်နေသလို၊ လူတွေတော့ နည်းနည်းများတာပေါ့လေ။” အပြည့်အစုံ "ညဘက်ဆိုရင်တော့ စစ်ကားပတ်တယ်။ ဒါပေမဲ့ မြို့ခံတွေကတော့ ကိုယ့်ရပ်ကွက်နဲ့ကိုယ် လုံခြုံဖို့ကတော့ လမ်းတွေမှာ စောင့်နေရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း လုပ်နေရတယ် ပေါ့ အဲ့ဒါမျိုး" အပြည့်အစုံ "တာလီဘန် အကြမ်းဖက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ မဟာမိတ် အာဖဂန်နိုင်ငံနဲ့ နားလည် သဘောတူမှုတွေ ရှိပါတယ်လို့ ဂျွန်ကယ်ရီ က ပြောဆို" အပြည့်အစုံ "စီးပွားရေး ပြိုလဲကျမှုကို ကာကွယ်ဖို့အတွက် နိုင်ငံတကာ ငွေချေးငှားသူတွေက ကူညီတဲ့ ၁၃ ဘီလီယံ ငွေကြေးအထောက်အပံ့ကို လက်ခံခဲ့တဲ့အကြောင်း Cyprus သမ္မတ က ပြောပါတယ်။" အပြည့်အစုံ "မြောက်ကိုရီးယားဘက်က ရန်လိုတဲ့ အပြုအမူ မှန်သမျှကို တောင်ကိုရီးယားတပ်ဖွဲ့ တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ အမေရိကန်တပ်ဖွဲ့တွေက ကူညီမှု ပေးနိုင်တော့မှာ ဖြစ် ပါတယ်။" အပြည့်အစုံ "လုံခြုံရေးကိစ္စနဲ့ နောက်နှစ် အာဖဂန်နစ္စတန်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်စရာရှိတာတွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်" အပြည့်အစုံ ၁၉၈၇ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ Asia Trade Promotion Forum က မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ ဒီကနေ့အစီအစဉ်မှာသွေးထွက်သံယို ဆူပူမှုတွေ ဖြစ်ပွား ခဲ့တဲ့ မန္တလေးတိုင်း မိထ္ထီာလာမြို့မှာ အခြေအနေတွေ တည်ငြိမ်စ ပြုလာပေမဲ့ ဒုက္ခသည်တွေနဲ့ မြို့ခံတွေကတော့ လုံခြုံရေးအတွက် စိတ်မအေးနိုင်သေးဘဲ ဖြစ်နေ သေးတဲ့အကြောင်း၊ အကြမ်းဖက် တိုက်ခိုက်ပြီး ရာဇ၀တ်မှု ကျုးလွန်ခဲ့သူတွေကို ဖမ်းဆီး အပြစ်ပေးနိုင်ဖို့ အရေးကြီးတဲ့အကြောင်း မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ VJ Nambiar က ပြောဆိုတဲ့ သတင်းတွေအပြင် အပြည့်အစုံ မတ် ၂၅၊ ၂၀၁၃ - ဒီတပတ် lip service, stiff upper lip, lips are sealed နဲ့ tight-lipped စတဲ့ အသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ ၂၀၁၃ ခုနှစ်မတ်လ၂၆ရက်အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ Sequester လို့ခေါ်တဲ့ အလိုလျောက်အစိုးရအသုံးစရိတ် ဖြတ်တောက် တဲ့ အစီအစဉ်ကြောင့် အမေရိကန်အစိုးရဌာန တိုင်းကို ထိခိုက်သွားမှာဖြစ်ပြီး၊ အလုပ်သမားတွေဟာ လစာမဲ့ခွင့်တွေ မယူမနေရ ယူရမှာဖြစ်သလို၊ အစိုးရနဲ့ စာချုပ်ချုပ်ပြီး လုပ်နေကြတဲ့ သူတွေလည်း အလုပ်ကနေ ရပ်နားခံနေရပါတယ်။ ဗွီအိုအေသတင်းထောက် Chris Simkins ရဲ့ သတင်းဆောင်းပါးကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ ရန်ကုန်မြို့ ကစကိတ်ဝါသနာရှင်တွေဟာ လွန်ခဲ့တဲ့ လေးနှစ်တုန်းက သူတို့လေ့ကျင့်နေကြ စကိတ်ကွင်းဆုံးရှုံးသွားတာကြောင့် သူတို့နှစ်သက်တဲ့ စကိတ် အားကစား ကို မြှင့်တင်ဖို့ အတွက် ရုပ်ရှင်ရိုက်ကူးထားခဲ့ပါတယ်။ စကိတ်အားကစားကို တရားဝင်အားကစားတခုဖြစ်ဖို့ သူတို့ ဘယ်လို ဖန်တီးပုံဖော် ထားတယ်ဆိုတာကိုတော့ မမေစန္ဒီကပြောပြမှာ ဖြစ်ပါတယ်။ အပြည့်အစုံ တရားဥပဒေ ထိမ်းချုပ်မှုကင်းမဲ့နေတဲ့ ရွှေတြိဂံဒေသထဲက ဘိန်းစိုက်ပျိုးတဲ့ နေရာတွေ အပါအ၀င်၊ ဒေသတွင်း ဘိန်း စိုက်ပျိုးထုတ်လုပ်တဲ့နေရာတွေမှာ အခုအချိန်ဟာ ဘိန်းထွက်တဲ့ ရာသီဖြစ်ပါတယ်။ ဒီရာသီဟာ ရွှေကြိဂံဒေသမှာ ဘိန်းအထွက် အများဆုံးရာသီဖြစ်ပြီး ဘိန်းစိုက်တောင်သူတွေ အနေနဲ့ သူတို့ရဲ့ ဘိန်းတွေကို ဘိန်းကုန်ကူးတဲ့ သူတွေလက်ထဲ ရောင်းချ ထားပြီးသားလည်း ဖြစ်ပါတယ်။ ဘိန်းစွဲနေတဲ့ ရွာသားတွေလည်း ဘိန်းစိုက်ခင်းထဲက လောလောလတ်လတ်ထွက်လာတဲ့ ဘိန်းတွေကို ရှုနေကြတဲ့အကြောင်း AP သတင်းဌာနရဲ့ သတင်းတပုဒ်ကို ကိုကျော်သိင်္ခက ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment