ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၁၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ပိုလန်နိုင်ငံ ဝါဆောတက္ကသိုလ်မှာ ဟောပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းထဲ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ ပညာရေးမှာ တော်တော်လေး ကို အလေးထားပြီးတော့ ပြောသွားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြီးအကဲတွေကို အခုလို သင်တန်းပေးဆောင်ရွက် တာမျိုးကတော့ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ဒါဟာလည်း အရေးကြီးတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့ ICRC ရန်ကုန်ရုံး ပြောခွင့်ရက ပြောပါတယ်။ အပြည့်အစုံ အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကို အဲ့ဒီ့လိုပြည်ပမှာ အပ်နှံထားတာ လုံးဝ မရှိဘူး။ ၁၁ဘီလီယံအပ်ထားတယ်ဆိုတဲ့ အကောင့်ငါးခု နဲ့ပတ်သက်ပြီးတော့ ခိုင်မာတဲ့အချက်အလက်ရှိရင် ပေးပါ။ အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အသင့်ပါပဲလို့ပြောပါတယ်။ အပြည့်အစုံ ကျားဖြူပါတီအပါအ၀င် တိုင်းရင်းသားပါတီ ၁၅ပါတီနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကလည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် စာတမ်းရေးဆွဲနေကြပါတယ်။ အပြည့်အစုံ မလေးရှားနိုင်ငံမှာ စာရွက်စာတမ်း အထောက်အထားလဲမရှိ၊ အလုပ် လုပ်ခွင့်လည်း မရှိတဲ့ မြန်မာနိုင်ငံသားတွေ လျော်ကြေးပေးစရာမလိုပဲ မြန်မာနိုင်ငံကို ပြန်လာခွင့်ပြုမယ်လို့ မလေးရှားအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ခရီးရောက်မဆိုက် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ အလုပ်သမားဝန်ကြီးဦးအေးမြင့်က သတင်းထောက်တွေကို ပြောကြားပါတယ်။ အပြည့်အစုံ ဆီးရီးယားမှာ ရှိသမျ ဓာတုလက်နက်အားလုံးကို သမ္မတ အာဆတ်ဘက်က အမြန်ဆုံး ထုတ်ပေးဖို့အတွက် အမေရိကန်ဘက်က အဓိက အာရုံစိုက်ဆွေးနွေးမယ်လို့ ဝန်ကြီးကယ်ရီက ပြောခဲ့ပါတယ်။ အပြည့်အစုံ "ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မြို့တမြို့ရဲ့ အချက်အခြာနေရာတွေကို သိမ်းပိုက်ထားတဲ့ မူဆလင်သူပုန်တွေနဲ့ စစ်တပ်တို့ကြား ၃ ရက်မြောက်နေ့အဖြစ် ဗုဒ္ဓဟူးနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။" အပြည့်အစုံ "အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကတော့ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေ လွှဲပြောင်းပေးရေး အစီအစဉ်နဲ့ ပတ်သက်လို့ သဘောတူညီချက် ရရှိရေးဟာ ခက်ခဲမယ့်အကြောင်း ပြောဆိုထားတာပါ။" အပြည့်အစုံ ဒီကနေ့အစီအစဉ်မှာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ပညာရေး လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုလန်နိုင်ငံ Warsaw တက္ကသိုလ် ဟောပြောပွဲအတွင်း ပြောဆိုချက်တွေ၊ မလေးရှားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ လျော်ကြေးပေးစရာမလိုဘဲ ပြန်လာခွင့်ပြုမယ်လို့ မြန်မာအလုပ်သမား ၀န်ကြီး ဦးအေးမြင့် ကပြောဆိုတာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် အလှမယ် ပထမအဆင့် ရွေးချယ်ပွဲနဲ့ ဆီရီးယားနိုင်ငံက ဓာတုလက်နက်တွေဖျက်သိမ်းရေး အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ ရုရှားနိုင်ငံခြားရေး ၀န်ကြီးတို့ ဆွေးနွေးကြတဲ့ အကြောင်းတွေအပြင် တခြား စိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်း တင်ဆက်ထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ပညာရေး လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုလန်နိုင်ငံ Warsaw တက္ကသိုလ် ဟောပြောပွဲအတွင်း ပြောဆိုချက်တွေ၊ မလေးရှားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ လျော်ကြေးပေးစရာမလိုဘဲ ပြန်လာခွင့်ပြုမယ်လို့ မြန်မာအလုပ်သမား ၀န်ကြီး ဦးအေးမြင့် ကပြောဆိုတဲ့အကြောင်းတွေကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ နှစ်ပေါင်း ၅၀ ကျော်အတွင်း မယ်စကြ၀ဠာ နိုင်ငံတကာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ပထမအဆင့် အလှမယ် ရွေးချယ်ပွဲကို သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအထဲက ရွေးချယ်ခံရမယ့် Miss Universe Myanmar 2013 ဟာ အခုနှစ် အောက်တိုဘာလ နှောင်းပိုင်း ရုရှားနိုင်ငံမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ မလေးရှားနိုင်ငံမှာရောက်နေပြီး စာရွက်စာတမ်း အထောက်အထားလဲမရှိ၊ အလုပ် လုပ်ခွင့်လည်း မရှိတဲ့ မြန်မာနိုင်ငံသားတွေ လျော်ကြေးပေးစရာမလိုပဲ မြန်မာနိုင်ငံကို ပြန်လာခွင့်ပြုမယ်လို့ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။ မလေးရှားအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ခရီးရောက်မဆိုက်ပဲ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ ၀န်ကြီး ဦးအေးမြင့်က သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံ သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို ကမ္ဘာအနှံ့ တရားမဝင်မှောင်ခိုကူးသန်းရောင်းဝယ်နေတာ ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက် ရေး အစီအစဉ်တရပ်အဖြစ် အမေရိကန်နဲ့ ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း နှစ်နိုင်ငံအရာရှိတွေက ပြောကြပါတယ်။ တိရိစ္ဆာန်တွေနဲ့ တိရိစ္ဆာန် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ရောင်းချတဲ့ဈေးကွက်က ကမ္ဘာ့နေရာအနှံ့မှာ ကျယ်ပြန့်လာနေတာကြောင့် တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ထားရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Steve Herman ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို မခွာညိုက ပြောပြပေးပါမယ်။ အပြည့်အစုံ ဒေါ်အောင်ဆန်းစုကြည် Warsaw တက္ကသိုလ်မှာ ဟောပြောတာ၊ ICRC က လုံခြုံရေးရဲတပ်ဖွဲ့ကို သင်တန်းပေးတာ စတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ တိုင်းပြည်တပြည်ရဲ့ ပညာရေးစနစ် အဆိုးအကောင်းဟာ အစိုးရအပေါ် မူတည်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပျက်ဆီးခဲ့ရတဲ့ အကြောင်းတွေထဲမှာ ကျောင်းသားတွေအပေါ် ဖိနှိပ်မှု လွန်ကဲခဲ့တဲ့အတွက် ဖြစ်ကြောင်း ပိုလန်နိုင်ငံကို ရောက်နေတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က Warsaw တက္ကသိုလ်မှာကျင်းပတဲ့ ဟောပြောပွဲမှာ ပြောဆိုသွားပါတယ်။ ဟောပြောပွဲအတွင်း ပြောကြားချက် တချို့ကို ကိုသားညွန့်ဦး က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ VOA60 World အပြည့်အစုံ President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment