ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ စက်တင်ဘာလ ၃၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ အောက်တိုဘာ ၁ ရက်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပြန်လည်စတင်မယ့်အရေး ကန့်ကွက်တဲ့အနေနဲ့ လယ်တီဆရာတော်သိမ်ကျောင်း ထိန်းသိမ်းရေး ဒေသခံပြည်သူတွေ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ရခိုင်ပြည်နယ်မြို့နယ်ပေါင်း ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်ဒေသခံရခိုင်မိသားစုတွေကို ရန်ကုန်-နိုင်ငံတကာစီးပွားရေးစင်တာ IBC မှာ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့လယ်မှာ အဝေးထိန်းခလုတ်နဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၄၀ နီးပါး သေဆုံးခဲ့ပြီး ဒါဟာ တပတ်အတွင်း ၃ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ အပြည့်အစုံ ရုရှားနိုင်ငံ၊ Arctic ရေနံတူးဖော်ရေးလုပ်ငန်းရှိရာကို အတင်းဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ ၈ ဦးကို ရုရှားတရားရုံးက ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးပါ အာကာသယာဉ်မှူး ၆ ဦး သယ်ဆောင်သွားတဲ့ ကုန်တင်အာကာသယာဉ်တစ်စင်း နိုင်ငံတကာအာကာသစခန်းကို ဆင်းသက်သွားလိုက်ပါပြီ။ အပြည့်အစုံ တကယ်လို့ လွှတ်တော်နှစ်ရပ်စလုံးက တနင်္လာနေ့ည သန်းခေါင်အထိ သဘောတူညီမှုမရဘူးဆိုရင် ပြည်ထောင်စုအစိုးရဝန်ထမ်း ထောင်သောင်းချီဟာ ယာယီအလုပ်နားထားကြရမှာဖြစ်ပြီး အစိုးရလုပ်ငန်း အများအပြားလည်း ရပ်ဆိုင်းသွားရမှာဖြစ်ပါတယ်။ အပြည့်အစုံ ပါကစ္စတန်အနောက်တောင်ပိုင်းမှာ စနေနေ့က ပြင်းအားကြီးငလျင်ထပ်လှုပ်ခဲ့တာကြောင့် လူပေါင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ “User ၁၀၀၀ ဆို ၁၀၀၀ ဆီတခါထဲရောက်သွားမယ်၊ အဲဒီကိစ္စတွေက ဘလော့ရှိထားတာထက်စာရင် Facebook က အများကြီးအားသာတယ်” (ကိုထွန်းထွန်း၊ ရိုးရာလေး Website) အပြည့်အစုံ "နိုင်ငံတနိုင်ငံ တိုးတက်ဖို့အတွက်ဆိုရင် အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် ဘက်ပေါင်းစုံက ညီညီညာညာလေးနဲ့ တိုးတက်မှုရှိမှသာ တိုင်းပြည်တိုးတက်နိုင်မယ်။ အမျိုးသားတွေကြီး တိုးတက်နေယုံ၊ ထောင့်တထောင့်က အရမ်းကြီးနေရင်၊ နောက် ထောင့်တထောင့်က အရမ်းသေးနေရင် ကျမတို့ Triangle က လှလည်းမလှဘူး။ Triangle ဆိုတာလည်း ဖြစ်မလာနိုင်ဘူး။ ကျမတို့ အချိုးညီညီနဲ့ အရွယ်အစား ၃ မျိုးစလုံး တိုးတက်ဖို့ လိုတယ်ဆိုတဲ့ နိမိတ်ကလေးနဲ့ ကျမ အဲ့ဒီနာမည်ကို ပေးထားတာပါ။" အပြည့်အစုံ စက်တင်ဘာ ၂၉၊ ၂၀၁၃ - ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ငြိမ်းချမ်းမှုကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပြောဆိုကြဖို့ CSW အကြီးအကဲ တိုက်တွန်းပြောဆိုထား ... အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment