ထိပ်တန်းသတင်း |
မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ ဘရက်အိုဘားမားက ကြိုဆိုလိုက်ပါတယ်။ |  |
 |
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာအစိုးရက ပြန်လွှတ်ပေးလိုက်တာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ်။ |  |
 |
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က နှစ်နိုင်ငံကြား သံအမတ်ကြီးတွေ ခန့်အပ်သွားဖို့ ကြေညာလိုက်ပါတယ်။ |  |
 |
ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ် နှစ်ခုထဲကတစ်ခုကို ပါကစ္စတန် လွှတ်တော်အမတ်တွေ မလွဲမသွေ ရွေးချယ်ရတော့မယ်လို့ ၀န်ကြီးချုပ်ဂီလာနီက ပြောပါတယ်။ |  |
 |
အိန္ဒိယနိုင်ငံမှာ ပိုလီအကြောသေယိုရောဂါ နောက်ဆုံးဖြစ်ပွားခဲ့တာ တစ်နှစ်ရှိခဲ့ပြီဖြစ်သလို အာရှဒေသတွင်း ဒီရောဂါဖြစ်ပွားမှု နည်းပါးသွားပါပြီ။ |  |
 |
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်လည်းပါဝင်ပါတယ်။ |  |
 |
ဒီကနေ့ တောင်ငူထောင်က လွတ်မြောက်လာတဲ့ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးက နိုင်ငံရေးလုပ်ငန်းတွေ ဆက်လုပ်သွားမယ့်အကြောင်း ပြောဆိုပါတယ်။ |  |
 |
ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူတွေထဲမှာ အရင်စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လည်း ပါဝင်ပါတယ်။ |  |
 |
မြန်မာ့နိုင်ငံရေးဟာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစပျိုးလာပြီလို့ ဒီကနေ့ လွတ်လာကြသူတချို့က သုံးသပ်ပါတယ်။ |  |
 |
မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တဲ့ အပေါ်မှာ ကျေနပ်မိတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ |  |
 |
ဆက်ရန် |
 |
No comments:
Post a Comment