ထိပ်တန်းသတင်း |
NLD ပါတီခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ချင်းပြန်ခရီးနဲ့ ထားဝယ်မြို့နဲ့ အနီးတ၀ိုက်မြို့နယ်တွေကို စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။ |  |
 |
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ် လူစုခွဲခဲ့တာကြောင့် အနည်းဆုံး ၄ ဦးသေဆုံးခဲ့ပါတယ်။ |  |
 |
အမေရိကန် တာဝန်ရှိသူတွေနဲ့ တာလီဘန် စေ့စပ်ညှိနှိုင်းသူတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြို တွေ့ဆုံမှုတွေ ကာတာနိုင်ငံမှာ ပြုလုပ်နေပါတယ်။ |  |
 |
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စင်္ကာပူ သမ္မတရဲ့ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့က ရောက်ရှိနေပါတယ်။ |  |
 |
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ၈ နှစ်တာ အခွန်လွတ်ငြိမ်းခွင့် ပေးဖို့ စဉ်းစားနေတယ်လို့ မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။ |  |
 |
Australia Open Tennis အမျိုးသား ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နော်ဗက် ဂျိုကိုးဗစ် (Novak Djokovic) အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ |  |
 |
တနိုင်ငံလုံး အတိုင်းအတာနဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ အစိုးရက ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက ပြောပါတယ်။ |  |
 |
ဆီးရီးယားနိုင်ငံမှာ စနေနေ့က အကြမ်းဖက် နှိပ်ကွပ်မှုတွေ တိုးမြှင့် လုပ်လာတဲ့အတွက် အာရပ်အဖွဲ့ချုပ်က အကဲခတ်အဖွဲ့ကို ရပ်ဆိုင်းလိုက်ပါတယ်။ |  |
 |
တရုတ်နိုင်ငံ တောင်ပိုင်းမှာ အဆိပ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ယိုဖိတ်ခဲ့တဲ့အတွက် ရေသန့်ဗူးတွေ ရုတ်တရက် အရောင်းသွက်နေပါတယ်။ |  |
 |
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲ စရာတွေ အတော်ရှိသေးတယ်လို့ ကမ္ဘာ့စီးပွားရေးညီလာခံ တက်နေတဲ့ မြန်မာစက်မှုဝန်ကြီးက ပြောပါတယ်။ |  |
 |
ဆက်ရန် |
 |
No comments:
Post a Comment