ထိပ်တန်းသတင်း |
ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ ခေါင်းဆောင်တွေနဲ့ အမေရိကန် လွှတ်တော်အမတ်တွေ တွေ့ဆုံစဉ် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ |  |
 |
ဆီးရီယားနိုင်ငံကို စေလွှတ်ခဲ့တဲ့ လေ့လာအကဲခတ်ရေး အဖွဲ့ဝင်တွေကို ပြန်ခေါ်ယူတော့မယ်လို့ ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ |  |
 |
ယီမင်နိုင်ငံမှာ ရာထူးကထွက်ပေးတဲ့ သမ္မတ အလီအက်ဘ်ဒူလာ ဆာလေးကို သတ်မှတ်တဲ့အချိန်ကာလတွင်း အမေရိကန်နိုင်ငံမှာ ဆေးကုသ ခံယူခွင့် ပြုလိုက်ပါပြီ။ |  |
 |
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ ဆိုးရွားနေတုန်းပဲလို့ Human Rights Watch အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ |  |
 |
တောင်ကာရိုလိုင်းနားပြည်နယ် ရီပက်ပလီကန်ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ယခင် အောက်လွှတ်တော်အမတ် နယူးတ်ဂင်းဂရစ်ခ်ျ အနိုင်ရသွားပါတယ်။ |  |
 |
ကြက်ငှက်တုပ်ကွေးရောဂါကြောင့် တရုတ်နိုင်ငံမှာ လူတစ်ဦး ထပ်ပြီး သေဆုံးသွားတယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။ |  |
 |
မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အားလုံး ဖယ်ရှားဖို့ကိစ္စ အချိန်ပေးရမယ်လို့ မြန်မာနိုင်ငံသွားမယ့် အမေရိကန် အထက်လွှတ်တော်အမတ်တွေက ပြောပါတယ်။ |  |
 |
ကချင်ပြည်၊ ဟိုပင်မြို့ မြသီတာရပ်မှာ မီးရထားဝန်ထမ်း အရပ်သားတစ်ဦးကို စစ်တပ်အရာရှိတစ်ဦးက သေနတ်နဲ့ပစ်သတ်မှု သောကြာနေ့က ဖြစ်ပွားခဲ့ပါတယ်။ | |
 |
ဒီလ ၂၀ ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ခနိုမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာမှာ သေဆုံးသူ ၁၀၀ ကျော် ရှိသွားပါပြီ။ |  |
 |
တရုတ်နိုင်ငံမှာ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ အချက်အလက် အသစ်တွေကို အစိုးရက အင်တာနက်မှာ စတင်ဖော်ပြဖို့ ရှိနေပါတယ်။ |  |
 |
ဆက်ရန် |
 |
No comments:
Post a Comment