ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဧပြီလ ၁၄၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ မျှတတဲ့ရွေးကောက်ပွဲဖြစ်မယ် မထင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ နှစ်သစ်သင်္ကြန်ပွဲဆင်နွှဲနေချိန် အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်မှာလည်း မနေ့က မြန်မာမိသားစုတွေ သင်္ကြန်ပွဲဆင်နွှဲခဲ့ကြပါတယ်။ အပြည့်အစုံ နှစ်စဉ် အတာသင်္ကြန်ကာလကို ရောက်ပြီဆိုရင် ရေးကစားကြတာအပြင် လူထုဆန္ဒကို ထင်ဟပ်စေတဲ့ သံချပ်တွေ ထိုးကြတာဟာ ရိုးရာ အစဉ်အလာတခုပါ။ အပြည့်အစုံ မြန်မာပြည်သူတွေ အလုပ်အကိုင်ရရှိရေးဟာ အဓိက လိုအပ်ချက်ဖြစ်ပြီး အရေးတကြီး ဆောင်ရွက်ရမယ့်အချက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ The Masters ဂေါက်သီးပြိုင်ပွဲ တတိယနေ့မကစားခင်မှာ ပြိုင်ပွဲတာဝန်ရှိသူတွေက နာမည်ကြီး Tiger Woods ကို ပြစ်ဒဏ်အနေနဲ့ ၂ ချက် လျှော့ချလိုက်ပါတယ်။ အပြည့်အစုံ ဆီးရီးယားနိုင်ငံပဋိပက္ခမှာ ဓာတုလက်နက်အသုံးပြုခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကို တွေ့ရှိထားတယ်လို့ ဗြိတိသျှ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံ တင်းမာမှုတွေမြင့်မားနေတဲ့ ကိုရီးယားကျွန်းဆွယ် ပဋိပက္ခကို ဖြေရှင်းဖို့ လက်တွဲလုပ်ဆောင်သွားကြမယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်က ကတိပြုသွားကြပါတယ်။ အပြည့်အစုံ နောက်ဆုံးပေါ်ပေါက်လာတဲ့ ကြက်ငှက်တုတ်ကွေး ရောဂါ ဖြစ်ပွားမှု တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ တွေ့လာရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံ ဆယ်စုနှစ်နဲ့ချီ တားဆီးပိတ်ပင်ခံခဲ့ရပြီးတဲ့နောက် အခုပြန်လည်ပေါ်ထွက်လာတဲ့ ပုဂ္ဂလိကသတင်းစာတွေဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ဘယ်လောက်ရရှိနေကြမလဲ။ ရှေ့အလားအလာကရော ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာကို မမေသင်္ကြန်ဟိန်နဲ့ ကိုသီဟဆွေတို့ကို ပင်တိုင်ထားပြီး စာနယ်ဇင်းသမားတွေနဲ့ သောတရှင်တွေကိုဖိတ်ခေါ်ပြီး ဦးကျော်ဇံသာနဲ့အတူု ဆွေးနွေးထားပါတယ်။ အပြည့်အစုံ အထူးသတိထားရမယ့် ခရမ်းလွန်ရောင်ခြည် အန္တရာယ်၊ "ထွက်ပေါက် မရှာ ဖောက်ထွက်ပါလော့ ... " သံချပ်များ၊ အကြမ်းဖက် ပဋိပက္ခ အခြေအနေများအပေါ် ဟာဂျီတစ်ဦးရဲ့အမြင် စသည် ... အပြည့်အစုံ အခု နွေရာသီကာလအတွင်း မြန်မာနိုင်ငံမှာ ခရမ်းရောင်လွန်ရောင်ခြည်ဟာ စိုးရိမ်ရတဲ့အဆင့်မှာ ရောက်နေတယ်လို့ မိုးလေ၀သပညာရှင်တစ်ဦးက ပြောပါတယ်။ အခုအချိန်ကလည်း မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ ဖြစ်တဲ့အတွက် နေပူပူအောက်မှာ ပွဲတော်ကို နွှဲပျော်ကြမယ့် သူတွေအနေနဲ့ ခရမ်းလွန်ရောင်ခြည်သင့်တဲ့ဒဏ် အနည်းဆုံး ဖြစ်အောင်ကြိုးစားဖို့လည်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကပြောပါတယ်။ ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပြု လိုက်နာဖွယ်ရာတွေနဲ့ ပတ်သက်ပြီး ဦးထွန်းလွင်ရဲ့ အကြံပြုချက်တွေနဲ့အတူ မမေစန္ဒီက တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နဲ့ အတူ ယှဉ်တွဲတွေ့ရလေ့ ရှိခဲ့တာကတော့ သံချပ်အဖွဲ့တွေ မြူးမြူးကြွကြွ သံချပ်ထိုးကြတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့ နောက်ပိုင်း ကာလတလျှောက် သင်္ကြန်ပွဲတော်တွေမှာ သံချပ် ယဉ်ကျေးမှု ကွယ်ပျောက်သွားခဲ့ရတာပါ။ အဲဒီကာလအများစုမှာ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အပါအ၀င် နိုင်ငံတကာမှာရောက်သွားကြတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက သံချပ်ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းပြီး နှစ်စဉ်လို သံချပ်တွေ စီစဉ် ထုတ်ဝေခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း အလားတူပါပဲ၊ ဒါကြောင့် အညာနွေ တမာမြေ စီစဉ်ပြီး အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပါဝင်ထားတဲ့ ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့ ဒီမိုကရေစီတွန်းအားပေး သံချပ်တွေကို အမြည်းသဘော တင်ဆက် ပေးလိုက်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေအကြား ပဋိပက္ခတွေဟာ လက်ရှိမှာ ဘာသာရေးအသွင် ဆောင်နေပေမဲ့ တကယ်တမ်းမှာတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင် တွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်လို့ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေး အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်အခြေစိုက် USIP ငြိမ်းချမ်းရေးသုတေသနအဖွဲ့ စည်းဝေးပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ဟာဂျီဦးအေးလွင်ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment