ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဧပြီလ ၀ ၃၊ ၂၀၁ ၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ "သမ္မတဟောင်း ဂျင်မီ ကာတာနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နီပေါခရီးစဉ်အပြီး မြန်မာနိုင်ငံကို ဆိုက်ရောက်ရာမှာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။" အပြည့်အစုံ "ဒီကိစ္စဟာ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာ တက်နေတဲ့ ပြဿနာ မဟုတ်ဘူး။ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာရှိတဲ့ အချစ်တရားကို ဖျက်စီးဖို့အတွက် ဒါ Politics လို့ပဲ မြင်ပါတယ်" အပြည့်အစုံ "မီးအားမြှင့်စက်ကနေ မီးလောင်တဲ့ဟာ ဘယ်သူ့မှာ တာဝန်ရှိမလဲဆိုရင် ဒီမှာ စောင့်တဲ့သူမှာ တာဝန်ရှိပါတယ်။ စောင့်တဲ့သူရဲ့ တာဝန်ဖြစ်တဲ့ အတွက် စောင့်တဲ့သူကို ဒီမှာ မီးပျက်လို့ရှိရင် ဘာလုပ်မလဲလို့ မေးတဲ့ အခါကျတော့ မီးစက်အပိုတလုံး ရှေ့မှာထားတယ်" အပြည့်အစုံ "မြစ်ကြီးနား (သို့မဟုတ်) KIO ဘက်က သဘောတူတဲ့နေရာ ပြည်တွင်းမှာ လုပ်ဖို့ သူ့အနေနဲ့ အရင်ဆုံး အဆိုပြုထားတယ်ခင်ဗျ။ သူတို့ရဲ့ official reply letter ကို ၀န်ကြီး ဦးအောင်မင်း က စောင့်နေပါတယ်ခင်ဗျ" အပြည့်အစုံ "လုပ်ငန်းတွေအတွက် အနည်းဆုံး ဘွဲ့တခု ရဖို့လိုပြီး၊ အများစုကတော့ နည်းပညာဆိုင်ရာ လုပ်ငန်းတွေအတွက် ဖြစ်ပါတယ်" အပြည့်အစုံ "ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၅၄ နိုင်ငံက ဒီသဘာတူညီချက်ကို မဲပေးခဲ့ပါတယ်။ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား နိုင်ငံတွေကတော့ ကန့်ကွက်မဲပေးပြီး၊ နိုင်ငံပေါင်း ၂၃ နိုင်ငံကတော့ ကြားနေခဲ့ပါတယ်" အပြည့်အစုံ "တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုအပေါ် စစ်ရေးအရ အရေးယူမယ် ဆိုပြီး မြောက်ကိုရီးယားရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေဟာ ရန်စတဲ့ သဘောမှာရှိပြီး၊ အန္တရာယ်လည်း များသလို အဆင်ခြင်မဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့" အပြည့်အစုံ "မြောက်ကိုရီးယား အစိုးရအနေနဲ့ Yongbyon နျူကလီးယား ဓာတ်ပေါင်းဖိုကို ပြန်ပြင်ပြီး လည်ပတ်ဖို့ စလုပ်မှာဖြစ်သလို ဒါဟာ လက်နက်ထုတ်လုပ်ဖို့ရော နိုင်ငံတွင်း လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကိစ္စပါ ပါတယ်လို့" အပြည့်အစုံ လက်နက်ထိန်းချုပ်ရေး၊ ပြည်ပက လာရောက်အလုပ်ရှာဖွေသူတွေကို တရားဝင်နိုင်သားအဖြစ်သတ်မှတ်ရေးနဲ့ နောက်ထပ်ဝင်ရောက်မှုကို ကာကွယ်ကန့်သတ်ရေး၊ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုအန္တရာယ်တွေကို နားဆင်ရပါမယ်။ အပြည့်အစုံ မီးလောင်ပြီးသေဆုံးတဲ့ကလေးငယ် ၁၃ ယောက်ကို ရေဝေးသုဿာန် မှာ မြေမြှုပ်သဂြိုလ်၊ မီးလောင်မှုဟာ ပေါ့ဆမီးကြောင့်လောင်တာလို့ တာဝန်ရှိသူတွေပြော၊ ဘန်ကောက်မြို့မှာ မီးပျက်နိုင် ... စသည် အပြည့်အစုံ ရန်ကုန်က အစ္စလာမ် ဘာသာရေးကျောင်း မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဈာပန၊ မီးလောင်မှု အကြောင်း ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ရှင်းလင်းပွဲ ကျင်းပ၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ မြန်မာခရီးစဉ်နဲ့ မိုလ်ဘိုင်းလ် ဖုန်းကတ်တွေ ဈေးလျှော့ရောင်းချတော့မယ် ဆိုတဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ .ပါကစ္စတန် နဲ့ အီရန်နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်နေတဲ့ ဓာတ်ငွေပိုက်လိုင်းစီမံကိန်းကြောင့် ပါကစ္စတန်နိုင်ငံအနေနဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ နဲ့ ရင်ဆိုင်ရဖွယ်ရှိ တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၇ ထောင် တန်ဖိုးရှိတဲ့ ဒီ ဓာတ်ငွေပိုက်လိုင်းစီမံကိန်းဟာ ပါကစ္စတန်နိုင်ငံရဲ့ စွမ်းအင်လိုအပ် ချက်ကို လျော့ချပေးနိုင်မယ်ဆိုပြီး ပါကစ္စတန်ဘက်က မျှော်လင့်ထားတာပါ။ ဒီအကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနဆိုင်ရာ ဗွီအိုအေသတင်းထောက် Scott Sterns သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြပေးမှာပါ။ အပြည့်အစုံ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း မီးလောင်ခဲ့တဲ့ မတော်တဆဖြစ်ရပ်ကို အကြောင်းပြုပြီး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ဆူပူမှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းကြဖို့လည်း စိုးရိမ်တကြီး ဆော်သြနေကြပါတယ်။ ဒီဖြစ်ရပ်မှာ ရာဇ၀တ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေ တစုံတရာ မတွေ့ရဘူးလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။ အပြည့်အစုံ . အပြည့်အစုံ အင်္ဂါနေ့ မနက် ၃ နာရီလောက်က ရန်ကုန် ၄၈ လမ်း မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးးချုပ်က အတည်ပြု ပြောဆိုပါတယ်။ ကလေး ၁၃ ဦး သေဆုံးခဲ့တာကြောင့် မီးလောင်မှုမှာ တာဝန်ရှိတဲ့ ဗလီကျောင်း တာဝန်ရှိသူတွေကို ပေါ့ဆမှုနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မနေ့က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်း ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုစည်သူက အခုလို သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ . ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လေ့ကျင့်သင်ကြားမှုတွေ လုပ်ကြဖို့အတွက် နိုင်ငံပေါင်း ၂၃ နိုင်ငံက စစ်သည် ၈၀၀ ကျော်ဟာ နီပေါနိုင်ငံမှာ စုဝေးခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ငွေကြေးအကူအညီနဲ့ လုပ်တဲ့ ဒီအစီအစဉ်ဟာဆိုရင် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တာဝန်တွေကို ထမ်းဆောင်ရမယ့် နိုင်ငံတကာ အရည်အသွေးတွေကို မြှင့်တင်ဖို့ ရည်ရွယ် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို တော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment