ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဧပြီလ ၀၅၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ မြန်မာနိုင်ငံက လူငယ်အမျိုးသမီးတေးသံရှင် ၅ ဦးရဲ့ Me N Ma အဖွဲ့ဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ လေးကြိမ်မြောက် ကမ္ဘာပေါ်က အမျိုးသမီးများရဲ့ ဆွေးနွေးပွဲမှာ ပါဝင် ဖျော်ဖြေဖို့ရှိနေပါတယ်။ အပြည့်အစုံ ဆီးရီးယားနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံဟာ မြေမြုပ်မိုင်းသုံးတဲ့ နိုင်ငံတွေထဲမှာ ရှိနေတုန်းပဲလို့ UNMAS ညွန်ကြားရေးမှုး Marcailiou က ပြောပါတယ် အပြည့်အစုံ ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ တရုတ် စတဲ့ နိုင်ငံတကာလေ့လာသူတွေ ပါဝင်တက်ရောက်မယ် ဆိုရင် မြန်မာပြည်တွင်းမှာ တွေ့ဆုံဖို့ ရှိပြီး မြစ်ကြီးနားမြို့ဟာ အဖြစ်နိုင်ဆုံးနေရာဖြစ်တယ်လို့ ကေအိုင်အိုက ပြောပါတယ်။ အပြည့်အစုံ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လူအများအပြားကို ဖမ်းဆီးထားပြီး မကြာခင်မှာ ရုံးထုတ်စစ်ဆေးဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံ တရုတ်နိုင်ငံတဝှမ်းမှာ ကြက်ငှက်တုပ်ကွေး ပိုးအသစ်ကြောင့် သေဆုံးသူဟာ ၅ ယောက် ရှိသွားပါပြီ။ အပြည့်အစုံ မြောက်ကိုရီးယားက Missile ဒုံးလက်နက်တွေကို လာမယ့် ရက်တွေအတွင်းမှာ ပစ်လွှတ်လိမ့်မယ်လို့ အမေရိကန်က ခန့်မှန်းနေပါတယ်။ အပြည့်အစုံ Android Operating System သုံးလက်ကိုင်ဖုန်းတွေအတွက် Home ဆိုတဲ့ Software အသစ်ကို Facebook ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖို့ မြောက်ကိုရီးယားအာဏာပိုင်တွေက နောက်ဆုံး အတည်ပြုချက်ပြုပြီး နာရီပိုင်းအကြာမှာ အခုလို ဒုံးကျည်တွေကို ပြောင်းရွေ့ တပ်ဆင်လိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ CDMA လက်ကိုင်ဖုန်းကဒ်တွေကို ကျပ်ငွေ ၁၅၀၀ ကျပ်နဲ့ ရောင်းချတော့မှာနဲ့ပတ်သက်လို့ ရန်ကုန်မြို့ခံတွေရဲ့သုံးသပ်ပြော ဆိုချက်တွေ၊ အမေရိကန်ပြည်ထောင်စုရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အကြောင်း..စသည် အပြည့်အစုံ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ရန်ကုန်မြို့က ဗလီမီးလောင်မှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆို၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် သိမ်းဆည်းထားတဲ့ လယ်ယာမြေ တချို့ကို ပြန်ပေးမယ်ဆိုတဲ့ အကြောင်းနဲ့ မြန်မာ အစိုးရနဲ့ ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း စတဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ အိန္ဒိယနိုင်ငံကို နိုင်ငံခြားသားခရီးသွား လာရောက်လည်ပတ်တဲ့ အရေအတွက်ဟာ မကြာသေးခင်လတွေမှာ တဖြည်းဖြည်း နည်းပါးလာပါတယ်။ စစ်တမ်းတွေရဲ့ အဆိုအရ အိန္ဒိယနိုင်ငံမှာ အမျိုးသမီး အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီး ခရီးသွားအရည်အတွက် သိသိသာသာလျော့နည်း လာတယ်လို့ဆိုပါတယ်။ အေပီသတင်းဌာနက ပေးပို့တဲ့ အကြောင်းအရာ အပြည့်အစုံကို မမေစန္ဒီကပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံ လက်ကိုင်ဖုံးသုံး CDMA ဖုန်းကဒ်တွေကို ကျပ်ငွေ ၁၅၀၀ နဲ့ လာမည့် ဧပြီ ၂၄ ရက်နေ့မှာ စတင်ရောင်းချတော့မယ်လို့ ဆက်သွယ်ရေးနဲ့နည်းပညာဝန်ကြီးဌာန က ကြေငြာထားပါတယ်။ ဈေးသက်သာတဲ့ ဖုန်းတွေကို ချထားပေးတာဟာ ကောင်းမွန်ပေမယ့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ အားနည်းတာတွေနဲ့ ၀ယ်ယူရတာ ခက်ခဲတာမျိုးရှိနိုင်တယ်လို့ ရန်ကုန်မြို့ခံတွေက သုံးသပ်ကြပါတယ်။ ဒီအကြောင်းကို ဗွီအိုအေသတင်းထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ အင်ဒိုနီးရှားနိုင်ငံမှာ မျိုးတုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ စူမားတြား (Sumatra) ဆင်မျိုးတွေကို ထိမ်းသိမ်းနိုင်ဖို့ ဆင်ရဲ့ မစင်ထဲက DNA စမ်းသပ်မှုကနေ တွေ့လာပြီလို့ သဘာဝတောရိုင်း ထိမ်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။ ဒီအကြောင်း AP သတင်းပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုမှာ မဲပေးခွင့်ရှိသူ လူနည်းစုတွေရဲ့ အင်အား တိုးလာနေတာက အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးမှာ အလှည့်အပြောင်း တွေဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချနေထိုင်ကြတဲ့ စပိန်စကားပြော လက်တင်အမေရိ ကန်အနွယ်တွေကြောင့် အခုလိုအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲမှာတော့ အခုအခါ နိုင်ငံတော် အဆင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ရီပက်ဘလစ်ကန် နဲ့ ဒီမိုကရက်ပါတီနှစ်ရပ်လုံးကပါ သဘောတူကြ ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment