ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၁၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ကုလသမဂ္ဂကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနတို့က ကြီးမှူးကျင်းပတဲ့ ဘာသာပေါင်းစုံဆွေးနွေးပွဲကနေ လူမျိုးရေးနဲ့ ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေကိုရှောင်ရှားနိုင်ရေး မူကြိုသင်ရိုးညွှန်းတမ်းပြဌာန်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံ တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းအတွင်း နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ပိုက်ဆံအိတ်ကိုဖွင့်လိုက်ချိန်ပေါက်ကွဲခဲ့တာလို့ ပြောဆိုနေကြပြီး ဖြစ်ပွားတဲ့အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။ အပြည့်အစုံ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို စနေနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ၅ ယောက်ထက် မနည်း သေဆုံးတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံ အစိုးရလုပ်ငန်းတချို့ရပ်ဆိုင်းထားရတဲ့ ၁၂ ရက်ကြာအကြပ်အတည်းကို အဆုံးသတ်ရေး နည်းလမ်းတွေ ဆွေးနွေးမှုဟာ အပြုသဘောဆောင်ပေမှု ပြေလည်အောင် ညှိနှိုင်းနိုင်ဖို့တော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ အပြည့်အစုံ တနာရီလေတိုက်နှုန်း ၁၂၅ မိုင်လောက်နဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်းကို စနေနေ့က ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ ပုပ်ဖရန့်စစ်အထိမ်းအမှတ်တံဆိပ်ပြား ၆ ထောင်မှာ ဂျီးဇက် စာလုံးပေါင်းမှာ J အစား L စာလုံးနဲ့ မှားယွင် ရေးသားထားတာကို သိရတဲ့အတွက် ဗာတီကန်နန်းတော်က ပြန်လည်သိမ်းယူလိုက်ပါတယ်။ အပြည့်အစုံ ဖိုင်လင်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံကို ဒသစံတော်ချိန် စနေနှောင်းပိုင်းမှာဝင်ရောက်ဖွယ်ရှိပြီး လက်ရှိမှာ တနာရီ ၁၃၆ မိုင်နှုန်းနဲ့ ရွေ့လျားနေတဲ့အတွက် အားအပြင်းထန်ဆုံး မုန်တိုင်းဖြစ်ပါတယ်။ အပြည့်အစုံ တရုတ်သမ္မတဟောင်း ဟူကျင်းတောင်ကို ၁၉၈၈-၁၉၉၂ အတွင်း တိဗက်ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေအတွက် စပိန်နိုင်ငံ၊ မဒရစ်အခြေစိုက် တိဗက်ထောက်ခံရေးကော်မတီက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲပြီး အမှုစစ်ဆေးဖို့ စပိန်တရားရုံးတရုံးက သဘောတူလိုက်ပါတယ်။ အပြည့်အစုံ အောက်တိုဘာ ၁၂၊ ၂၀၁၃ - နိုဘလ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ဆောင်ရွက်သူကို ချီးမြှင့်သလို၊ နိုင်ငံရေးသမားများကိုလည်း ချီးမြှင့်တာလည်းရှိကြောင်း သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ VOA60 World အပြည့်အစုံ President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment