ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၂၂၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဥရောပပါလီမန်က သူ့ရဲ့ အထင်ကရ Sakharov ဆုကို ၁၉၉၀ ခုနှစ်က ချီးမြှင့်ထားခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခု ကိုယ်တိုင် လက်ခံရယူဖို့ ရှိပါတယ်။ အပြည့်အစုံ ၁၉၉၁ ခုနှစ်ကတည်းက ကုလသမဂ္ဂ ကလေးအခွင့်အရေး စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ ကလေးစစ်သား ၁၃၈ ယောက်ကို မိဘထံ ပြန်လည်အပ်နှံလွှဲပြောင်းပေးခဲ့ကြောင်း မြန်မာကိုယ်စားလှယ်က ကုလညီလာခံမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ Luxembourg နိုင်ငံမှာကျင်းပနေတဲ့ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာ အစည်းအဝေးအတွင်း နိုင်ငံခြားရေးရာ ဝန်ကြီးတွေနဲ့ အသွင်ကူးပြောင်းရေးမှာ အဓိကအခက်အခဲဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံ အစိုးရက ကမကထပြု နိုင်ငံရေးဆွေးနွေးချိန်မှာ တူညီတဲ့သဘောထားတွေကို စုစည်းတင်ပြနိုင်ရေး အတွက် ရည်ရွယ်ပြီး ရှမ်းနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေစုစည်းပြီး ရှမ်းပြည်ညီညွတ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံ အိုဘားမားကျန်းမာရေးအာမခံရောင်းတဲ့ အွန်လိုင်းစာမျက်နှာဟာ တုံ့ပြန်မှုနှေးကွေးတာ၊ အကောင့်ဖွင့်လို့မရတာစတဲ့ နည်းပညာပြဿနာတွေကြောင့် နှောင့်နှေးနေပြီး အကောင်းဆုံး ပုဂ္ဂလိက နည်းပညာကျွမ်းကျင်သူတွေနဲ့ အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သမ္မတက ပြောပါတယ်။ အပြည့်အစုံ လာမယ့်ရွေးကောက်ပွဲမှာ သမ္မတအာဆဒ်ထပ်ဝင်အုံးမယ့်အစီအစဉ်ရှိကြောင်း သတင်းတွေကြောင့် သမ္မတအာဆဒ်အာဏာရှိနေသမျှ ဆီးရီးယားပဋိပက္ခ ငြိမ်းချမ်းစွာ အဖြေရှာလို့ မရနိုင်ဘူးလို့ ဝန်ကြီးကယ်ရီက ပြောလိုက်ပါတယ်။ အပြည့်အစုံ Australia ရဲ့ လူနေအထူဆုံး New South Wales ပြည်နယ် တောမီးလောင်ကျွမ်းနေမှုကို အရေးပေါ်အခြေအနေထုတ်ပြန်ထားရပြီး အပူရှိန်မြင့်လာတာနဲ့အမျှ လေတိုက်နှုန်းတိုးလာမယ့်အနေအထားကြောင့် အန္တရာယ်ပိုကြီးလာနိုင်ပါတယ်။ အပြည့်အစုံ တရုတ်နိုင်ငံမှာ ဖွံ့ဖြိုးမှုတဟုန်တိုးမြင့်လာတာနဲ့အမျှ ကျောက်မီးသွေးသုံးစွဲမှု သိပ်များတဲ့အတွက် လေထုညစ်ညမ်းမှုတိုးလာနေတဲ့အပေါ် နိုင်ငံခေါင်းဆောင်တွေက အရေးတကြီးဖြေရှင်းပေးဖို့ ကတိတွေ ပေးနေကြတာပါ။ အပြည့်အစုံ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မဖြစ်မနေ ပြင်ဆင် ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်း ဥရောပနိုင်ငံတွေကို ရောက်နေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်၊ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ လူထု ညီလာခံတွေနဲ့ ပတ်သက်လို့ ဒေသတွင်း တက်ကြွ လှုပ်ရှားသူတွေရဲ့ သဘောထား၊ သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးနဲ့ အမေရိကန် နိုင်ငံရေးအခြေအနေ ဆောင်းပါးတွေကို တင်ပြသွားမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံရဲ့ လက်ရှိ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒကို မဖြစ်မနေ ပြောင်းလဲဖို့ လိုနေပြီဆိုတာကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဥရောပ နိုင်ငံတွေကို သွားတဲ့ ခရီးစဉ်အတွင်းမှာ အဓိကထား ပြောဆိုပါတယ်။ စနေ့နေ့က ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso နဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။မမေစန္ဒီက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ဒီသတင်းပတ် အမေရိကန်နိုင်ငံရေးမှာတော့ သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ စတင် အကောင်အထည်ဖေါ်ချိန်မှာ အွန်လိုင်းကတဆင့် ကျန်းမာရေးအာမခံ စတင် ၀ယ်ယူရေး လုပ်ငန်းတွေ၊ နည်းပညာ အခက်အခဲတွေကြောင့် မအောင်မမြင် ဖြစ်နေတဲ့ အကြောင်းတွေက အဓိက လွှမ်းမိုးနေပါတယ်။ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ လူထုညီလာခံ ကျင်းပရေးအပါအ၀င် ဆောင်ရွက်မယ့် အစီအစဉ်တွေကို အများသိအောင် ပြောဆိုဖို့ လိုအပ်တဲ့အကြောင်း ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ကြပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အာဆီယံ လူထုညီလာခံ ဦးဆောင်ကော်မီတီဝင်တွေက အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မဖြစ်မနေ ပြင်ဆင် ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်း ဥရောပနိုင်ငံတွေကို ရောက်နေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်၊ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ လူထု ညီလာခံတွေနဲ့ ပတ်သက်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေရဲ့ သဘောထား၊ တောင်ကိုရီးယားမှာ ကျင်းပနေတဲ့ အာရှဒီမိုကရေစီ ဖွံ့ဖြိုးရေးညီလာခံအကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment