ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၂၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ "ကျမတို့ နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းကလည်း အင်မတန် ကြီးပါတယ်။ အထူးသဖြင့် တော့ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတဲ့ကိစ္စပါ။ အခုလို လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတာဟာ ပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံး တလုံးလိုပါပဲ။ အလုပ်မရှိတဲ့ လူငယ်တွေအဖို့ အနာဂတ်အတွက်....." အပြည့်အစုံ "လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်စေမဲ့ ပြဿနာတွေကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုတယ်လို့ Mr. Quintana က အစီရင်ခံစာမှာ မီးမောင်းထိုးပြထား ပါတယ်။ ဒီအားနည်းချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့အညီ အခုအချိန်မှာ...." အပြည့်အစုံ "၂၀၀၉ ခုနှစ်တုန်းက လူ့အခွင့်အရေး ကောင်စီကို ကတိပြုခဲ့တဲ့အတိုင်း တရုတ်နိုင်ငံဟာ ကျင့်ကြံဆောင်ရွက်နေတယ်လို့ တရုတ်အစိုးရ ကိုယ်စားလှယ်က ပြောပါတယ်။ တရား စီရင်ရေးပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်၊ ဆင်းရဲမွဲတေမှု ကျဆင်းအောင် ဆောင်ရွက်နေတယ်။" အပြည့်အစုံ "အမေရိကန် ပါကစ္စတန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့ သူ့အနေနဲ့ မြင်တွေ့လို တယ်။ ဒါပေမဲ့လည်း အဝေးထိန်း ဒုံးလက်နက်နဲ့ တိုက်ခိုက်နေတဲ့ ကိစ္စရပ်တွေဟာ နှစ်ဘက်ဆက်ဆံရေးကို အဓိက အနှောင့်အယှက် ဖြစ်လာစေတယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် Nawaz Sharif က ပြောသွားပါတယ်" အပြည့်အစုံ ဒေါ်အောင်ဆန်းစုကြည် မနေ့က ပြင်သစ်နိုင်ငံမှာ Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူတဲ့သတင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD နဲ့ လူထုစစ်တမ်းအကြောင်း သတင်း ပေးပို့ချက်နဲ့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ashok Nigam နဲ့ VOA တွေ့ဆုံ မေးမြန်းခန်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဥရောပနိုင်ငံတွေကို ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် မနေ့က ပြင်သစ်နိုင်ငံမှာ Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူတဲ့သတင်းနဲ့ ထိုင်းနိုင်ငံကို လေကြောင်းက သွားမယ့် မြန်မာနိုင်ငံသားတွေ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ သွားနိုင်မယ့် အခြေအနေအကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း လူမှုအသိုင်းအ၀ိုင်းတွေအကြား အတူယှဉ်တွဲနေနိုင်ရေးနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ ဖန်တီးပေးရေးဟာ အခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ashok Nigam က ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့်လည်း ပဋိပက္ခတွေဖြေရှင်းရေးနဲ့ ရေရှည်မှာ လူ့အဖွဲ့အစည်းတွေအကြား အတူယှဉ်တွဲနေထိုင်ရေးဟာ အောင်မြင်မှု ရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ မစ္စတာ Ashok Nigam ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားတာပါ။ အပြည့်အစုံ အမေရိကန် သမ္မတ အိုဘားမားက သူ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်စတင် အကောင် အထည်ဖေါ်နေပြီ ဖြစ်တဲ့အတွက် အမေရိကန် ပြည်သူတချို့အတွက် ကျန်းမာရေး အာမခံ အကျိုးခံစားခွင့်တွေ ရနေပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း အွန်လိုင်းကတဆင့် ကျန်းမာရေး အာမခံဝယ်ယူသူတွေ အတွက် အခက်အခဲတွေ ရှိနေဆဲဖြစ်ပြီး၊ ဆန့်ကျင်သူတွေကလည်း ဒီ ဥပဒေကို ဆက်ပြီး ဝေဖန်နေကြပါတယ်။ VOA သတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မီတီဖွဲ့ပြီး လူထုအသံ နားထောင်တဲ့အစီအစဉ်က လောလောဆယ် ရရှိထားတဲ့ အချက်အလက်တွေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲရေးထက် ပြင်ဆင်ရေးကို အများစုက လိုလာတာကို တွေ့ရတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေနဲ့သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောပါတယ်။ NLD ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ သဘောဆန္ဒ ကောက်ယူမှုတွေ လုပ်ဆောင်နေတာမှာ ပြည်နယ်တိုင်းဒေသကြီး ၃ ခုမှာ ပြီးစီးသွားပြီဖြစ်ပြီး ကျန်ပြည်နယ်တိုင်းဒေသတွေမှာလည်း ထက်ဝက်လောက် ပြီးစီးနေပြီလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဦးဉာဏ်ဝင်းကို သွားရောက်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment