ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာ လ ၁၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ အစ္စလာမ်မ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ မြန်မာပြည်ခရီးစဉ် အဆုံးမသတ်ခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပြီး - ဘာတွေဆွေးနွေးခဲ့ရတယ်ဆိုတာ မသိရသေးပေမယ့် တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန်မယ့်အကြောင်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ ထရီပိုလီမြို့တော်က ပြည်သူ့စစ်တွေ ထွက်သွားဖို့ ဆန္ဒပြသူတွေပစ်ခတ်ခံရပြီးတဲ့နောက် စစ်သားတွေနဲ့ ပြည်သူ့စစ်တွေကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး တယောက်ထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ ကနေဒါနိုင်ငံရဲ့ ရာဇဝတ်မှုကျူးလွန်တာမဟုတ်ရင် ရာထူးက ဖယ်ရှားနိုင်လောက်အောင် လုပ်ပိုင်ခွင့်မရှိတဲ့ ဥပဒေကြောင့် မူးယစ်ဆေးသုံးစွဲကြောင်းဝန်ခံထားတဲ့ မြို့တော်ဝန်ထံက လုပ်ပိုင်ခွင့်အာဏာတချို့ကို မြို့ကောင်စီက ဖယ်ရှားလိုက်ပါတယ်။ အပြည့်အစုံ အာဏာရှင်ဟောင်း ဂဒါဖီကို ဖြုတ်ချရာမှာအင်အားတရပ်ဖြစ်ခဲ့တဲ့ ပြည်သူ့စစ်တွေဟာ အာဏာကြီးမားတဲ့အဖွဲ့ဖြစ်ပြီး ဥပဒေစိုးမိုးမှု အားနည်းလာတာကြောင့် ပြည်သူ့စစ်အစား စစ်တပ်နဲ့ရဲကိုပဲ တောင်းဆိုဆန္ဒပြသူတွေကို ပြည်သူ့စစ်တွေက ပစ်ခတ်ခဲ့လို့ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ တရုတ်နိုင်ငံမှာ အစိုးရချုပ်ကိုင်ထားတဲ့ စီမံကိန်းတွေအနက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုဖို့ ဒီသီတင်းပတ်အတွင်း ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်အရ အသေးစားနဲ့အလတ်စား ပုဂ္ဂလိကဘဏ်တွေ ဖွင့်ခွင့်ရမှာဖြစ်သလို နိုင်ငံပိုင်ကုမ္ပဏီကြီးတွေက အစိုးရကို အမြတ်ငွေ များများ ခွဲပေးရမှာ ဖြစ်ပါတယ်။ အပြည့်အစုံ မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်ပြည်သူတွေအတွက် ချက်ချင်းဆောင်ရွက်ပေးရမယ့် လိုအပ်ချက်တွေ ကြီးမားလွန်းကြောင်းနဲ့ အလျှင်အမြန်ဆောင်ရွက်ပေးနိုင်ဖို့ အရေးအကြီးဆုံး ကိစ္စဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Mar Roxas က ပြောပါတယ်။ အပြည့်အစုံ တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ၀င်တိုက်မိလို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။ အပြည့်အစုံ ဖိလစ်ပိုင်မှာ လူထောင်ချီသေကြေခဲ့ရတဲ့ ဟိုက်ရန်မုန်တိုင်း တိုက်ခတ်ခဲ့တာ တပတ်ကျော်လာခဲ့ပြီဖြစ်ပေမဲ့ လူ အတော်များများဟာ အကူအညီ အနည်းငယ်ပဲ ရတာ၊ ဒါမှမဟုတ် လုံးဝ မရတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။ အပြည့်အစုံ တပတ်အတွင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ။ ကချင် နိုင်ငံရေးခေါင်းဆောင် ဒေါက်တာတူးဂျာနဲ့ တွေ့ဆုံမေးမြန်းခန်း။ အမေရိကန်သုံး အင်္ဂလိပ်စာ သင်ခန်းစာ။ နိုင်ငံတကာက ထင်ပေါ်ကျော်ကြားသူတွေ နဲ့ အနုပညာရှင်တွေအကြောင်း သက်တန့်ရောင် သတင်းလွှာစတဲ့ ... အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment