ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၂၁၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ "တိုးတက်မှုတွေ ဆက်ရှိသွားရင်တော့ သမ္မတ အိုဘားမားရဲ့ ဒုတိယသမ္မတသက်တမ်း အကုန်ပိုင်းမှာ မြန်မာအနေနဲ့ အလားအလာကောင်းတဲ့ ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံအနေနဲ့ ဒေသတွင်း ခေါင်းဆောင်မှုတရပ်အဖြစ် ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ ကျမတို့ အကူအညီတွေ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။" အပြည့်အစုံ "အမေရိကန်နာမည်ကြီး ဘောလုံးကစားသမားကြီးတွေဖြစ်ကြတဲ့ Lorrie Fair၊ Cobi Jones နဲ့ အမေရိကန် ဘောလုံးအဖွဲ့ချုပ်က နည်းပြ Jay Hoffman တို့ဟာ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံကို အားကစားသံတမန်တွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုဗျူရိုရဲ့ အစီအစဉ်နဲ့ သွားရောက်နေတယ်လို့....." အပြည့်အစုံ “အမေရိကန်နိုင်ငံသားတွေကို ကျနော် ပြောချင်တာက ကိုယ့်နိုင်ငံက ကိုယ့်အတွက် ဘာလုပ်ပေးနိုင်မလဲလို့ မေးမယ့်အစား ကိုယ်က ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးရမလဲ ဆိုတာကို မေးဖို့ ဖြစ်ပါတယ်။” အပြည့်အစုံ "အမေရိကန်-တရုတ် ဆက်ဆံရေးနဲ့ အမေရိကန်ပြည်သူတွေကို ကိုယ်စားပြုပြီး စွမ်းဆောင်ခဲ့တာတွေအပေါ် သူ့အနေနဲ့ ကျေနပ်ဂုဏ်ယူမိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ သူ တာဝန်ယူစဉ် သက်တမ်းအတွင်းမှာ တရုတ်နိုင်ငံကို တင်သွင်းတဲ့ အမေရိကန် ပြည်ပပို့ကုန်တွေ တိုးလာခဲ့တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။" အပြည့်အစုံ "ဒီနှစ်သမ္မတကပေးအပ်တဲ့ ဆုတံဆိပ်ရရှိသူတွေထဲမှာ သမ္မတဟောင်း Bill Clinton၊ ကျေးလက်ဂီတအကျော်အမော် Loretta Lynn၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Gloria Steinem နဲ့ ရုပ်သံလုပ်ငန်းနဲ့ ကျော်ကြားခဲ့သူ Oprah Winfrey တို့ ပါဝင်ပါတယ်။" အပြည့်အစုံ "ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမနီနိုင်ငံတွေက ကြားဖြတ် သဘောတူညီချက်တခု ချမှတ်နိုင်ဖို့အတွက် လိုလားနေပါတယ်။ အဲဒီကြားဖြတ် သဘောတူညီချက်အရ အီရန်နိုင်ငံက သူတို့ရဲ့ ယူရေနီယံ သန့်စင်တဲ့လုပ်ငန်းတချို့ကို ရပ်ဆိုင်ပြီး၊ နောက်ထပ် စစ်ဆေးမှုတွေကို လက်ခံဖို့၊ အပြန်အလှန်အားဖြင့်...." အပြည့်အစုံ "ဆွီဒင်နဲ့ ပေါ်တူဂီပွဲမှာ ပေါ်တူဂီက ၃ ဂိုး ၂ ဂိုးနဲ့ နိုင်သွားတာကြောင့် ပေါ်တူဂီဟာ ၂ ပွဲပေါင်း ၄ ဂိုး ၂ ဂိုးနဲ့ ခြေစစ်ပွဲအောင်သွားပါတယ်။ ပေါ်တူဂီအတွက် ဂိုးတွေကို ရိုနာလ်ဒိုကပဲ သွင်းသွားတာပါ။" အပြည့်အစုံ "တိဘက်ဒေသက လူမျိုးတုန်း သတ်ဖြတ်မှုတွေလို့ ဆိုတဲ့ ဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိမှုနဲ့ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းနဲ့ တခြားတာဝန်ရှိသူ ၄ ဦးကို စပိန်နိုင်ငံတော်တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။" အပြည့်အစုံ နိုဝင်ဘာ ၂၀၊ ၂၀၁၃ -သတင်းလွတ်လပ်ခွင့် ရှိလာပြီဆိုတဲ့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေ သတင်းရယူတဲ့အခါ ဟန့်တားပိတ်ပင်ခံရတာတွေ ရှိနေသေးတယ်ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။ အပြည့်အစုံ ရိုဟင်ဂျာတွေအတွက် နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ အခွင့်အရေးပေးရေး ကုလသမဂ္ဂက တောင်းဆိုချက်အပေါ် မြန်မာအစိုးရ တာဝန်ရှိသူတွေရဲ့ တုန့်ပြန်ချက်၊ မြန်မာအမျိုးသမီး ဘော်လီဘောအသင်း အုပ်ချုပ်သူဟောင်း ဒေါ်သူဇာတင်နဲ့ တွေ့ဆုံမေးမြန်းခန်း၊သမ္မတဟောင်း John F. Kennedy လုပ်ကြံခံခဲ့ရတဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်၊စသည်...... အပြည့်အစုံ ရိုဟင်ဂျာတွေအတွက် နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ အခွင့်အရေးပေးရေး ကုလသမဂ္ဂက တောင်းဆိုချက်အပေါ် မြန်မာအစိုးရ တာဝန်ရှိသူတွေရဲ့ တုန့်ပြန်ချက်နဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအမြင့်ဆုံး အဖြစ် သတ်မှတ်ထားတဲ့ Gamlang Razi တောင်ဟာ အရှေ့တောင် အာရှရဲ့ အမြင်ဆုံးတောင် ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ အင်္ဂါနေ့က အာလင်တန် စစ်င်္သဂြိုင်းမှာရှိတဲ့ သမ္မတဟောင်း John F. Kennedy ရဲ့ အုတ်ဂူမှာ သမ္မတ အိုဘားမားနဲ့ သမ္မတဟောင်း ကလင်တန်တို့ အမှတ်ရ ပန်းခွေချပြီး အောင်းမေ့ဘွယ် အခမ်းအနားကျင်းပခဲ့တဲ့အပြင် သမ္မတရဲ့ လွတ်မြောက်ရေးဆုပေးပွဲပါ ပြုလုပ်ခဲ့တဲ့အကြောင်း ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ စစ်အေးခေတ်ကာလ ကွန်မြူနစ်ဝါဒကို ထိမ်းချုပ်နိုင်ဖို့ ရည်မှန်းချက်တွေ ထားခဲ့တဲ့ John F. Kennedy လက်ထက်မှာ ကျုးဘား ဒုံးပျံ အရေးအခင်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်ခဲ့ တာတွေဟာ သူ့လက်ထက်မှာ အောင်မြင်မှု တခု ဖြစ်တဲ့အကြောင်း VOA သတင်းထောက် Jim Malone က သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။ အပြည့်အစုံ . အပြည့်အစုံ ဗာဂျီးနီးယားပြည်နယ် Navy မူလတန်းကျောင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ဆီမီးတထောင်ပူဇော်ပွဲနဲ့ နိဗ္ဗာန်ဈေးပွဲတော်ကို သွားရောက်ရိုက်ကူးခဲ့တဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။ အပြည့်အစုံ အစဉ်အလာကောင်းခဲ့တဲ့ မြန်မာအမျိုးသမီးဘော်လီဘောအသင်း ဘယ်လိုကြောင့် အောင်မြင်မှုတွေနဲ့ ဝေးကွာလာခဲ့သလဲ၊ တခါ ဆီးဂိမ်းအတွေ့အကြုံတွေဘယ်လိုရှိသလဲဆိုတာတွေကို မြန်မာ့ လက်ရွေးစင် ဘော်လီဘော ကစားသမားဟောင်းလည်းဖြစ်၊ အသင်းအုပ်ချုပ်သူဟောင်းလည်းဖြစ်တဲ့ ဒေါ်သူဇာတင်ကို ကိုရန်နိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment