ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၀၅၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို သွားတဲ့ ရိုဟင်ဂျာတွေရဲ့ လှေတစ်စီး နစ်မြုပ်ခဲ့တဲ့အပေါ် နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အပြည့်အစုံ ဆော်ဒီအာရေဗျနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆော်ဒီ-အမေရိကန်ဆက်ဆံရေးခိုင်မာကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောခဲ့ပါတယ်။ အပြည့်အစုံ မြစ်ကြီးနားမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ အခြေအနေ၊ ရုရှားနိုင်ငံမှာ မယ်စကြ၀ဠာပြိုင်ပွဲဝင်ဖို့ ရောက်နေတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု မြန်မာ အလှမယ် မိုးစက်ဝိုင်ကို ဆက်သွယ်မေးမြန်းချက်နဲ့ VOA မြန်မာပိုင်း အစီအစဉ်က အဂါင်္နေ့တိုင်း ထုတ်လွှင့်မယ့် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေ ပါဝင်ပါတယ်။ အပြည့်အစုံ မြစ်ကြီးနားမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ အခြေအနေ၊ ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစင်း မြန်မာနိုင်ငံအနောက်ဖက် ကမ်းရိုးတန်းမှာ နစ်မြုတ်ခဲ့တဲ့ သတင်းနဲ့၊ Google ကုမ္မဏီ အလုပ်အမှုဆောင် အကြီးအကဲရဲ့ ဟောင်ကောင်ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံ ဆိုင်ရာ ပြောကြားချက်တွေ ပါဝင်ပါတယ်။ အပြည့်အစုံ ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ မယ်စကြ၀ဠာပြိုင်ပွဲဝင်ဖို့ မြန်မာနိုင်ငံကို ကိုယ်စားပြု ရောက်ရှိနေတဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်ကို ဗွီအိုအေ သတင်းထောက်တွေက တနလာင်္နေ့က Crown Plaza ဟော်တယ်ကြီးမှာ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ ဒီတပတ်အတွင်း အမေရိကန်နိုင်ငံရေးမှာ အဓိကလွှမ်းမိုးနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။ အပြည့်အစုံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီတို့ရဲ့ မြစ်ကြီးနားမြို့က တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဖက်က တင်ပြလာတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဘုံသဘောတူညီချက်တွေအပေါ် အစိုးရဖက်က မူအရ ကန့်ကွက်စရာ မရှိဘူးလို့ ပြောဆိုနေပေမယ့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်လို့ သဘောတူညီမရပဲ ပထမနေ့ ပြီးဆုံးသွားခဲ့ပါတယ်။ အပြည့်အစုံကို မြစ်ကြီးနားမြို့ကနေ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးတယ်ဆိုတာ နောက်တကြိမ် တိုက်ပွဲတွေ ပြန်စဖို့အတွက် လက်နက် အသင့်ပြင်ဆင်ချိန်ကာလ သတ်မှတ်တာမျိုး မဖြစ်သင့်တဲ့အကြောင်း ပြီးခဲ့တဲ့ သတင်းပတ် ကချင် လက်နက်ကိုင်အဖွဲ့ ထိမ်းချုပ်တဲ့ ဒေသမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီလာခံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။ ကိုဇော်ဝင်းလှိုင် လိုင်ဇာကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ အဂါင်္နေ့တိုင်း ဗွီအိုအေ တီဗွီသတင်းလွှာအစီအစဉ်က ထုတ်လွှင့်မယ့် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်ပါ။ အပြည့်အစုံ VOA60 World အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment