ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၁၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ မြန်မာ့နိုင်ငံရေးဆွေးနွေးကြဖို့ ပြည်တွင်းပြည်ပ မီမိုကရေစီအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတရပ်ကို မကြာခင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပဖိှို့ပါတယ်။ အပြည့်အစုံ ဒီကနေ့ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာသွားတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မြန်မာနိုင်ငံမှာ အခြေခံလွတ်လပ်ခွင့်ကို ကန့်သတ်ရာရောက်တဲ့ဥပဒေတွေ ပြန်ပြင်ဖို့အပါအဝင် ဥပဒေရေးရအပြောင်းအလဲတွေ ဆက်ပြီးဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ အပြည့်အစုံ အစ္စရေးခေါင်းဆောင်တွေရဲ့ ပြင်သစ်နိုင်ငံ ၃ ရက်ကြာ ခရီးစဉ်ပထမနေ့မှာ ပြင်သစ်သမ္မတ Francois Hollande က အီရန်အနေနဲ့ နျူကလီယားအစီအစဉ်တွေကို စွန့်လွှတ်တာသေချာသည်အထိ ပိတ်ဆို့မှုတွေ ဆက်ထိန်းထားမယ့်အကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။ အပြည့်အစုံ ရုရှား ခရီးသည်တင်လေယာဉ်တစ်စင်း Kazan မြို့လေဆိပ်မှာ ဆင်းသက်ဖို့ ကြိုးစားချိန် ပြေးလမ်းနဲ့တိုက်မိပြီး ပျက်ကျခဲ့တဲ့အတွက် ခရီးသည်နဲ့ လေယာဉ်အမှုထမ်းအားလုံး စုစုပေါင်း ၅၀ သေဆုံးသွားခဲ့ပါတယ်။ အပြည့်အစုံ ဗီယက်နမ်အလယ်ပိုင်းမှာ မိုးကြီး၊ ရေတက်လာတဲ့အတွက် မြေပြိုမှုတွေပါ ဖြစ်ခဲ့ပြီး လူပေါင်း ၂၆ ယောက် သေဆုံး၊ ၇,၀၀၀ ကျော်ကို နေအိမ်တွေကနေ ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရပါတယ်။ အပြည့်အစုံ ထရီပိုလီမြို့တော်က ပြည်သူ့စစ်တွေ ထွက်သွားဖို့ ဆန္ဒပြသူတွေပစ်ခတ်ခံရပြီးတဲ့နောက် စစ်သားတွေနဲ့ ပြည်သူ့စစ်တွေကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး တယောက်ထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ ကနေဒါနိုင်ငံရဲ့ ရာဇဝတ်မှုကျူးလွန်တာမဟုတ်ရင် ရာထူးက ဖယ်ရှားနိုင်လောက်အောင် လုပ်ပိုင်ခွင့်မရှိတဲ့ ဥပဒေကြောင့် မူးယစ်ဆေးသုံးစွဲကြောင်းဝန်ခံထားတဲ့ မြို့တော်ဝန်ထံက လုပ်ပိုင်ခွင့်အာဏာတချို့ကို မြို့ကောင်စီက ဖယ်ရှားလိုက်ပါတယ်။ အပြည့်အစုံ နိုဝင်ဘာ ၁၇၊ ၂၀၁၃ - မြန်မာနိုင်ငံရဲ့  စီးပွားရေးနဲ့ ဘဏ်စနစ် ပတ်သက်တဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်ရဲ့  စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦးနဲ့ ဆွေးနွေးသုံးသပ်... အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment