ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဇွန်လ ၃၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာ့ပညာရေး လူတိုင်းအတွက်ဖြစ်စေဖို့ ဒေါ်စုပြောကြား ပညာရေးဟာ လူတိုင်းအတွက်ဖြစ်စေရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆင့်မြင့်ပညာရေးဆိုင်ရာ ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ မိတ္ထီလာပဋိပက္ခ ထိန်းသိမ်းခံ ၁၂၀ ကို တရားစွဲဆိုပြီ “လူသတ်မှုနဲ့ပတ်သက်ပြီးတော့ တရားစွဲခံရတဲ့သူတွေ အားလုံးပေါင်း ၄၉ ဦးရှိတယ်။ ၄၉ ဦးထဲကနေ တခါ ဘုန်းကြီးသတ်မှုနဲ့ တရားခံ ၇ ဦးကို ထောင်ဒဏ်ချလိုက်တယ်။" အပြည့်အစုံ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒအဖြစ် မြန်မာမူဆလင်ခေါင်းဆောင်လက်မခံ "ဗုဒ္ဓဘာသာကို အကြမ်းဖက်ခြင်းနဲ့နှိုင်းယှဉ်ပြီး လုံးဝ လက်မခံနိုင်ပါဘူးဆိုတာ ကျနော်ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားတော်ရဲ့အဆီအနစ်ဟာ လုံးဝ အကြမ်းဖက်မှုနဲ့ကို မအပ်စပ် မဆီလျော်တဲ့ဟာပေါ့။" အပြည့်အစုံ လယ်သမားအခွင့်အရေး ပညာပေးဖို့စီစဉ် “အခု လွှတ်တော်မှာတော့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဆိုပြီးတော့ ဥပဒေကြမ်းတခုလုပ်နေတယ်။ ဖျာပုံမဲဆန္ဒနယ်က တင်ထားတဲ့ ဥပဒေကြမ်းတခုပေါ့။" အပြည့်အစုံ Mandela မိသားစုကို သမ္မတအိုဘားမား တွေ့ဆုံအားပေး အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကျန်းမာရေးမကောင်းဖြစ်နေ တဲ့ တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားရဲ့ မိသားစုဝင်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ Snowden ကိုခိုလှုံခွင့်မပေးဖို့ အီကွေဒေါကို အမေရိကန်တိုက်တွန်း အီကွေဒေါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့တောင်းခံနေတဲ့ အမေရိကန်ထောက်လှမ်းရေး အဖွဲ့ရဲ့ ၀န်ထမ်းဟောင်း Edward Snowden နဲ့ ပတ်သက်လို့ အမေရိကန်ဒုသမ္မတနဲ့ အီကွေဒေါသမ္မတတို့ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံ အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttarakhand ပြည်နယ်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေလျှံတာတွေ၊ မြေပြိုတာတွေကြောင့် လူ ၉၀၀ မက သေဆုံးခဲ့ရပြီးဖြစ်ပါတယ် အပြည့်အစုံ သမ္မတအိုဘားမား သမ္မတဇူးမားနဲ့ တွေ့ဆုံ အမေရိကန်သမ္မတ အိုဘားမားဟာ တောင်အာဖရိကအစိုးရ ရုံးစိုက်ရာ ပရီတိုးရီးယား မြို့မှာ တောင်အာဖရိကသမ္မတ ဂျေကော့ဇူးမားနဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ နိုင်ငံတကာထပ်ဆင့် အသံလွှင့်မှု ကမ္ဘောဒီးယားပိတ်ပင် ကမ္ဘောဒီးယားနိုင်ငံမှာ ဇူလိုင်လ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံခြားမီဒီယာတွေရဲ့ အသံလွှင့်ချက်တွေကို တဆင့်ပြန်လွှင့်ပေးမှုကို အစိုးရက တားမြစ်လိုက်ပါတယ်။ အပြည့်အစုံ အီဂျစ်ပဋိပက္ခထဲ အမေရိကန်တဦးသေဆုံး အီဂျစ်မှာ အစိုးရကို ဆန့်ကျင်သူနဲ့ ထောက်ခံသူတို့ကြားက လမ်းပေါ်တိုက်ခိုက်မှုတွေအတွင်း အမေရိကန်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။ အပြည့်အစုံ ကန်အထူးကုန်သွယ်ခွင့် ဆိုင်းငံ့မှု ဘင်္ဂလာအံ့အားသင့် ကုန်သွယ်ရေး ဆိုင်ရာအကျိုးခံစားခွင့်တွေကို အမေရိကန်က ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ အံ့သြရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောလိုက်ပါတယ်။ အပြည့်အစုံ တပတ်အတွင်း မြန်မာ နဲ့ နိုင်ငံတကာသတင်းများ၊ ကဗျာဆရာ နဲ့ သဘင်အနုပညာရှင် မန္တလေး သိန်းဇော် နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်း ခန်း၊ နိုင်ငံတကာက ထင်ပေါ်ကျော်ကြားသူတွေ နဲ့ အနုပညာရှင်တွေ အကြောင်း စီစဉ်တင်ဆက်ပေးနေတဲ့ သက်တန့်ရောင် သတင်းလွှာ .... အပြည့်အစုံ ၁၉၈၀ ပြည့်နှစ်တွေအတွင်း ဇာတ်မင်းသားလေး သိန်းဇော်ရယ်လို့ ဇာတ်သဘင်လောကမှာ ရေပန်းစားခဲ့တဲ့ မန္တလေးသိန်းဇော်က ပြဇာတ်နဲ့ သရုပ်ဖော်လို့မရတဲ့ ရသခံစားချက်တွေ ကို စကားလုံး နဲ့ ကဗျာအဖြစ် ဖွဲ့နွဲ့ပြီးတော့ တင်ဆက်ပေးနေပါတယ်တဲ့။ ရေမြေ၊ တောတောင်သဘာဝ နဲ့ လူနေမှုဘ၀တွေကို ထင်ဟပ်စေတဲ့ ကဗျာ တွေကိုရေးဖွဲ့ရင်း နဲ့ သူမြတ်နိုးတဲ့ အနုပညာကို လွတ်လွတ်လပ်လပ် ပုံဖော်တာဖြစ်တယ်လို့ ဆိုပါတယ်။ ခေတ်ဟောင်းက သဘင်ပညာ နဲ့ ခေတ်သစ်ကဗျာအကြား ကျယ်ပြောလှတဲ့ ကွာဟချက်ကို သူ့ရဲ့ပရိ သတ်တွေ မျှဝေခံစားနိုင်ဖို့ အချိန်အတိုင်းအတာတခုအထိတော့ စောင့်ရမှာဖြစ်တယ်လို့ မန္တလေးသိန်းဇော်က ပြောပါတယ်။ သူ့ရဲ့ ကဗျာတွေကို ဆရာတင်မိုးလို တခြားကဗျာဆရာကြီးတွေရဲ့ ထင်ရှား တဲ့ ကဗျာတွေ နဲ့အတူ အင်္ဂလိပ်လို ဘာသာပြန်ပြီး နိုင်ငံတကာမှာ ဖြန့်ချိဖို့လည်းရှိပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း အမေရိကန်ပြည် ထောင်စုကို ဖျော်ဖြေရေးခရီးရောက်ရှိခဲ့တဲ့ မန္တလေးသိန်းဇော်ကို ကိုအောင်လွင်ဦးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာ့ပညာရေး လူတိုင်းအတွက်ဖြစ်စေဖို့ ဒေါ်စုပြောကြား
မိတ္ထီလာပဋိပက္ခ ထိန်းသိမ်းခံ ၁၂၀ ကို တရားစွဲဆိုပြီ
ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒအဖြစ် မြန်မာမူဆလင်ခေါင်းဆောင်လက်မခံ
လယ်သမားအခွင့်အရေး ပညာပေးဖို့စီစဉ်
Mandela မိသားစုကို သမ္မတအိုဘားမား တွေ့ဆုံအားပေး
Snowden ကိုခိုလှုံခွင့်မပေးဖို့ အီကွေဒေါကို အမေရိကန်တိုက်တွန်း
အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး
သမ္မတအိုဘားမား သမ္မတဇူးမားနဲ့ တွေ့ဆုံ
နိုင်ငံတကာထပ်ဆင့် အသံလွှင့်မှု ကမ္ဘောဒီးယားပိတ်ပင်
အီဂျစ်ပဋိပက္ခထဲ အမေရိကန်တဦးသေဆုံး
ကန်အထူးကုန်သွယ်ခွင့် ဆိုင်းငံ့မှု ဘင်္ဂလာအံ့အားသင့်
VOA60 World
VOA60 World
No comments:
Post a Comment