Thursday, October 31, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၃၁၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၃၁၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
ကျန်းမာရေးအာမခံ Website ပီပြင်ရေး အိုဘားမား တာဝန်ယူ ကျန်းမာရေးအာမခံ Website ပီပြင်ရေး အိုဘားမား တာဝန်ယူ
"ကျန်းမာရေးအာမခံကို ၀ယ်ယူဖို့ လူအများက အဲဒီဝဘ်ဆိုက်ကို သွားရောက် ကြည့်ရှုတဲ့အတွက် ၀ဘ်ဆိုက်ဟာ အရမ်းနှေးသွားခဲ့တဲ့အကြောင်း သမ္မတက မနေ့က ဘော်စတွန်မြို့မှာ ပြောသွားခဲ့တာပါ။ သူ့အနေနဲ့ အခုလို ဖြစ်ရတဲ့အတွက် စိတ်မကောင်းကြောင်းနဲ့ ဒီအတွက်" အပြည့်အစုံ
 
မြန်မာ

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အလှမ်းဝေးဆဲ ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အလှမ်းဝေးဆဲ
"ကျနော်တို့ ဒီ IDP တွေရဲ့ စိတ်နေသဘောထားကို အသေးစိတ် နားလည်တယ်။ စစ်တပ်တွေက ကျေးရွာတွေမှာ တနေ့ထက်တနေ့ များလာတော့ IDP တွေက ဘယ်လိုမှ ပြန်ဖို့ စိတ်ထဲမှာ ဆုံးဖြတ်ချက် မချနိုင်ဘူး။ ကျနော်တို့က အဲ့ဒါကို စိုးရိမ်ပြီးမှ...." အပြည့်အစုံ
 
မြန်မာ့ရဲတပ်ဖွဲ့ ခေတ်မီရေး EU ကူမည် မြန်မာ့ရဲတပ်ဖွဲ့ ခေတ်မီရေး EU ကူမည်
"ဒီစီမံကိန်းအတွက် အရင်ဦးဆုံးတော့ ရဲအရာရှိ ၃၀ နဲ့ ၄၀ ကြားကို ရွေးချယ်မှာပါ။ အဲဒီကနေ သူတို့ကို သင်တန်းတွေပေးမှာပါ။ ဒေါသထွက်နေတဲ့ ဆန္ဒပြနေသူတွေအကြား ရဲတွေအနေနဲ့ ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာမျိုးပါ။ ဒါ့အပြင် ရဲတွေရဲ့ အ၀တ်အစား၊ အသုံးပြုတဲ့ ပစ္စည်းတွေက အစ" အပြည့်အစုံ
 
ကာတွန်းဦးအောင်ရှိန်ကွယ်လွန် ကာတွန်းဦးအောင်ရှိန်ကွယ်လွန်
"ကျနော်တို့က ဒီ ဗမာပြည်မှာဆိုရင် ဆရာကြီး ဦးအောင်ရှိန်ကို ဗမာပြည်က World Disney လို့တောင် ပြောကြတာကိုး။ ဆရာ့ရဲ့ အဆိုအမိန့်လေး ဒီစာအုပ်ထဲမှာ တွေ့တာကတော့ ကာတွန်းဆွဲတဲ့အခါမှာ အကျိုးမပြုနိုင်ရင်တောင် အကျိုးမယုတ်စေဖို့ပါပဲတဲ့။" အပြည့်အစုံ
 
လိုင်ဇာတိုင်းရင်းသားဆွေးနွေးပွဲ သမ္မတဦးသိန်းစိန်သ၀ဏ်လွှာပို့ လိုင်ဇာတိုင်းရင်းသားဆွေးနွေးပွဲ သမ္မတဦးသိန်းစိန်သ၀ဏ်လွှာပို့
"ဒီသ၀ဏ်လွှာအရဆိုရင် သမ္မတကြီးကလည်း ဒီဆွေးနွေးပွဲရလဒ်ဟာ ပထမဆုံးကတော့ အပစ်အခတ်ရပ်စဲရေးဖြစ်လာမယ်။ အပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ် လာမယ်။ နိုင်ငံရေး ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးရလာလိမ့်မယ်လို့ သူ မျှော်လင့်တယ်။" အပြည့်အစုံ
 
အမေရိကန် မြန်မာ စစ်ဘက်ဆက်ဆံရေး သတိနှင့်တိုးမြှင့်ဖို့ HRW တိုက်တွန်း အမေရိကန် မြန်မာ စစ်ဘက်ဆက်ဆံရေး သတိနှင့်တိုးမြှင့်ဖို့ HRW တိုက်တွန်း
"ဆက်ဆံရေး အလျှင်အမြန်လုပ်မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ မြန်မာ စစ်တပ် ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်မှာမဟုတ်သလို၊ စစ်တပ်က အရပ်သားအစိုးရအပေါ် လွှမ်းမိုးမှု ဆက်ပြီး ရှိနေဦးမှာပါ။ လူတွေကိုနှိပ်စက်တဲ့ စစ်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံတယ်ဆိုတာပဲ ကျန်ပါလိမ့်မယ်" အပြည့်အစုံ
 
နိုင်ငံတကာ

အမေရိကန်ထောက်လှမ်းရေးဌာန Google နဲ့ Yahoo လျှို့ဝှက်အသုံးချ အမေရိကန်ထောက်လှမ်းရေးဌာန Google နဲ့ Yahoo လျှို့ဝှက်အသုံးချ
"ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။" အပြည့်အစုံ
 
အိန္ဒိယယာဉ်တိုက်မှု လူ ၄၀ မက သေဆုံး အိန္ဒိယယာဉ်တိုက်မှု လူ ၄၀ မက သေဆုံး
"ယာဉ်မောင်းသူနဲ့ နောက်ထပ် တခြား ၅ ယောက်ကတော့ ပြတင်းပေါက်တွေကနေ ထွက်ပြေး လွတ်မြောက်ခဲ့ကြတာပါ။ အချိန်မီ ထွက်မပြေးနိုင်ဘဲ သေဆုံးခဲ့ကြတဲ့ တခြားခရီးသည်တွေကတော့ မတော်တဆမှု ဖြစ်ပွားချိန်မှာ အိပ်ပျော်နေပုံရတယ်လို့ လည်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။" အပြည့်အစုံ
 
တီယန်နန်မင် အကြမ်းဖက်တိုက်ခိုက်မှု ၅ ယောက်ဖမ်း တီယန်နန်မင် အကြမ်းဖက်တိုက်ခိုက်မှု ၅ ယောက်ဖမ်း
"တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က နာမည်ကျော် Tiananmen ရင်ပြင်မှာ အင်္ဂါနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ရည်ညွှန်းပြီး၊ ဆက်နွယ်သူတွေအဖြစ် သံသယရှိသူ လူ ၅ ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။" အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ပြင်ဆင်ရေးဆွဲဖို့ ခက်ခဲနေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲဖို့ ခက်ခဲနေတဲ့ အခြေခံဥပဒေ
အောက်တိုဘာ ၃၀၊ ၂၀၁၃ - မြန်မာနိုင်ငံရဲ့လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ့် ဒီမိုကရေစီနှင့် ကိုက်ညီအောင် ပြုပြင်မယ့်အရေးကို စစ်တပ်က လက်ခံမလား။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၀.၃၁.၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၁၀.၃၁.၂၀၁၃)
KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံ ညီလာခံနဲ့ သမ္မတဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာ၊ Tiananmen ရင်ပြင်မှာ တနင်္လာနေ့က လူငါးဦးသေဆုံးခဲ့ရတဲ့ ကားတိုက်မှုနဲ့ ပတ်သက်ပြီး တရုပ်အာဏာပိုင်တွေရဲ့ ကြေညချက်နဲ့ တုန့်ပြန်ချက်တွေ၊ မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေကို စုံစမ်းထောက်လှမ်းနေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ မမှန်တဲ့အကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး NSA ငြင်းဆိုလိုက်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

Tiananmen ရင်ပြင် ယာဉ်တိုက်မှု Tiananmen ရင်ပြင် ယာဉ်တိုက်မှု
ဘေဂျင်းမြို့တော်က တီရန်နန်ရင်ပြင်မှာ တနင်္လာနေ့က လူငါးဦးသေဆုံးခဲ့ရတဲ့ ကားတိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် တရုတ်အာဏာပိုင်တွေက ယုံကြည်နေပါတယ်။ ဒီတိုက်ခိုက်မှုဟာ တရုတ်ပြည် အနောက်ပိုင်း Xinjiang ဒေသမှာ မတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့ ၀ီဂါလူနည်းစုတိုင်းရင်းသားအုပ်စုရဲ့ အဖွဲ့ဝင်တွေမှာ တာဝန်ရှိတယ်လို့ တရုတ်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ ပြည်ပအခြေစိုက် ၀ီဂါ အတိုက်အခံအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီစွတ်စွဲချက်ဟာ အချိန်မတန်သေးတဲ့ စွတ်စွဲချက်ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဗီအိုအေသတင်းထောက် Michael Lipin ရဲ့ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်ကပြောပြပေးပါမှာ။ အပြည့်အစုံ
 
ှSAE GAME နဲ့ မြန်မာ့ မျှော်မှန်းချက် SAE GAME နဲ့ မြန်မာ့ မျှော်မှန်းချက်
မြန်မာနိုင်ငံ နေပြည်တော်မှာ ၂၇ ကြိမ်မြောက် ပထမဆုံး အိမ်ရှင်အဖြစ် ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Game ကျင်းပဖို့ ပြင်ဆင်နေပါပြီ၊ မြန်မာ အားကစားသမားတွေက အရင်ကပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာထက် ဆုတံဆိပ်တွေ ပိုရပြီး အောင်မြင်မှုရမယ်လို့ မျှော်လင့်ပြီး အားတက်နေကြပါတယ်။ မမေစန္ဒီက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
တိုင်းရင်းသားညီလာခံ သမ္မတ သ၀ဏ်လွှာ တိုင်းရင်းသားညီလာခံ သမ္မတ သ၀ဏ်လွှာ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံရဲ့ သုံးရက်ကြာ ညီလာခံကို KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမှာ မနေ့က စတင်ကျင်းပပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောတူညီချက်တွေဟာ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်အောင် အထောက်အကူ ပြုမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ လိုင်ဇာမှာရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က အခုလို သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
အမျိုးသမီးနဲ့  နိုင်ငံရေး ဦးဆောင်မှု အမျိုးသမီးနဲ့ နိုင်ငံရေး ဦးဆောင်မှု
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အောင်မြင်ဖို့ဆိုရင် အုပ်ချုပ်ရေး နဲ့ ဥပဒေ ပြုရေးပိုင်း ကဏ္ဍတွေမှာ ကျား-မ တန်းတူ ညီမျှမှု အခွင့်အရေး ရှိဖို့ အရေးကြီးတဲ့ အကြောင်း ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ ဒုတိယအကြိမ် ကျင်းပနေတဲ့ အမျိုးသမီး ဖိုရမ် အတွင်းမှာ ဥပဒေ ပြုရေး ပိုင်းက အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ကပြောပါတယ်။ မနေ့က ပြီးဆုံးသွားတဲ့ အမျိုးသမီး ဖိုရမ်မှာ တက်ရောက်ခဲ့သူတချို့က ညီလခံအတွင်း ဆွေးနွေးချက်တချို့အကြောင်း VOA ကို အခုလို ပြောပါတယ်။ အပြည့်အစုံ
 
လိုင်ဇာညီလာခံ ပထမနေ့ လိုင်ဇာညီလာခံ ပထမနေ့
KIO ဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံရဲ့ ညီလာခံကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် မူဘောင်တွေ ချမှတ်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာအစိုးရ သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့ပါတယ်။ ဆွေးနွေးပွဲမှာ တက်ရောက်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးမှာ သဘောကွဲလွဲချက်တွေ သိပ်မရှိဘူးလို့ ဆိုပါတယ်။ မနေ့က ဆွေးနွေးပွဲ ပထမနေ့အပြီး ညီလာခံခန်းမက ထွက်လာတဲ့ ခေါင်းဆောင်တချို့ကို VOA အပါအ၀င် သတင်းဌာနတွေက ဆွေးနွေးပွဲ အခြေအနေ မေးမြန်းခဲ့ပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

Wednesday, October 30, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၃၀၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၃၀၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
ဥရောပမုန်တိုင်း ၁၃ ဦးထက်မနည်း သေဆုံး ဥရောပမုန်တိုင်း ၁၃ ဦးထက်မနည်း သေဆုံး
"ဗြိတိန်နိုင်ငံမှာဆိုရင် ၅ နှစ်တာကာလအတွင်း အဆိုးရွားဆုံးဖြစ်တဲ့ ဒီမုန်တိုင်းကြီးကြောင့် လူ ၂ ဦး သစ်ပင်ပိ သေဆုံးသွားပြီး ကလေးငယ် ၁ ဦးလည်းပဲ သေဆုံးသွားခဲ့ပါတယ်။" အပြည့်အစုံ
 
မြန်မာ

အမေရိကန် မြန်မာ စစ်ဘက်ဆက်ဆံရေး သတိနှင့်တိုးမြှင့်ဖို့ HRW တိုက်တွန်း အမေရိကန် မြန်မာ စစ်ဘက်ဆက်ဆံရေး သတိနှင့်တိုးမြှင့်ဖို့ HRW တိုက်တွန်း
"ဆက်ဆံရေး အလျှင်အမြန်လုပ်မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ မြန်မာ စစ်တပ် ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်မှာမဟုတ်သလို၊ စစ်တပ်က အရပ်သားအစိုးရအပေါ် လွှမ်းမိုးမှု ဆက်ပြီး ရှိနေဦးမှာပါ။ လူတွေကိုနှိပ်စက်တဲ့ စစ်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံတယ်ဆိုတာပဲ ကျန်ပါလိမ့်မယ်" အပြည့်အစုံ
 
စီးပွားရေးလုပ်ကိုင်ဖို့အခြေအနေ ကောင်းမွန်တဲ့နိုင်ငံတွေအနက် မြန်မာအဆင့် ၁၈၂ လိုက် စီးပွားရေးလုပ်ကိုင်ဖို့အခြေအနေ ကောင်းမွန်တဲ့နိုင်ငံတွေအနက် မြန်မာအဆင့် ၁၈၂ လိုက်
"မြန်မာနိုင်ငံဟာ စီးပွားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ တိုးတက်ဖို့အတွက် လက်ခံနိုင်လောက်တဲ့ အတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ...." အပြည့်အစုံ
 
ကချင်ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ဒေသခံတွေမျှော်လင့် ကချင်ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ဒေသခံတွေမျှော်လင့်
"ကျမတို့ကတော့ အောင်မြင်ရင် ပိုကောင်းတယ်ပေါ့။ အခုက ဘာဖြစ်လို့လဲဆိုတော့ အခုတလော ဈေးလည်း ရောင်းမကောင်းဘူး။ ဘာအတွက်မှ မကောင်းဘူးလေနော် စစ်တိုက်လို့ရှိရင်။ ကျမတို့လည်း အခုက အဲ့လိုမျိုး ဆွေးနွေးပြီးလို့ရှိရင် မတိုက်ဖြစ်အောင်ပေါ့နော် မျှော်လင့်ပါတယ်။" အပြည့်အစုံ
 
ဒေါ်စုကို ဂုဏ်ထူးဆောင် Turin မြို့တော်သူဆုချီးမြှင့် ဒေါ်စုကို ဂုဏ်ထူးဆောင် Turin မြို့တော်သူဆုချီးမြှင့်
"ဒေါ်အောင်ဆန်းစုကြည် အခု ကျနော်တို့မြို့ဖြစ်တဲ့ အီတလီနိုင်ငံ Turin မြို့ကို ရောက်နေ ပါပြီ။ ကျနော်တို့မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် Turin မြို့တော်သူဆု ပေးအပ်ထားတာပါ။" အပြည့်အစုံ
 
နိုင်ငံတကာ

ဥရောပနိုင်ငံသားတွေအပေါ် အမေရိကန် လျှို့ဝှက်ထောက်လှမ်းခြင်းမရှိ NSA အကြီးအကဲထွက်ဆို ဥရောပနိုင်ငံသားတွေအပေါ် အမေရိကန် လျှို့ဝှက်ထောက်လှမ်းခြင်းမရှိ NSA အကြီးအကဲထွက်ဆို
"NSA က ရရှိတဲ့ ကမ္ဘာတဝှမ်း များပြားလှတဲ့ တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှု အချက်အလက်တွေကြောင့် လတ်တလော နှစ်တွေအတွင်း အမေရိကန် ပြည်ထောင်စုမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မယ့် အစီအစဉ် ၁၃ ခါနဲ့ ဥရောပမှာ ၂၅ ခါကို တားဆီးနိုင်ခဲ့တယ်" အပြည့်အစုံ
 
Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ
"မီးလောင်မှု ဖြစ်ပွားအပြီး နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံက ၀ီဂါလူမျိုးစုတွေ သုံးလေ့ရှိတဲ့ နာမည်နဲ့ လူ ၂ ယောက် တည်းခိုခဲ့တာ ရှိမရှိ အကြောင်းကြားဖို့ ရဲတပ်ဖွဲ့က ညွှန်ကြားထားတဲ့အကြောင်း ဘေဂျင်းမြို့က ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။" အပြည့်အစုံ
 
FBI အကြီးအကဲသစ် Obama ခန့်အပ် FBI အကြီးအကဲသစ် Obama ခန့်အပ်
သမ္မတဘုရှ်လက်ထက်က တယ်လီဖုန်းကြားဖြတ်နားထောင်ဖို့ အိမ်ဖြူတော်က တောင်းဆိုမှုကို တစိုက်မတ်မတ် ငြင်းဆန်လာခဲ့တဲ့ ဒုတိယရှေ့နေချုပ်ဟောင်း မစ္စတာ James Comey ကို FBI ညွန်ကြားရေးမှူးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၀-၃၀-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၁၀-၃၀-၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီနိုင်ငံ ခရီးစဉ်နဲ့ ဂုဏ်ထူးဆောင်မြို့တော်သူဆု လက်ခံပွဲတွေ၊ ၀ါရှင်တန် Heritage Foundation မှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေးဆွေးနွေးပွဲသတင်း အပါအ၀င် KIO ဌာနချုပ် လိုင်ဇာမှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံနဲ့ ကချင်ဒေသခံတွေရဲ့ မျှော်လင့်ချက်၊ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာဇော်ဦးနဲ့ VOA တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဗုဒ္ဓဟူးနေ့ မြန်မာသတင်းများ ဗုဒ္ဓဟူးနေ့ မြန်မာသတင်းများ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီနိုင်ငံခရီးစဉ်နဲ့ ဂုဏ်ထူးဆောင်မြို့တော်သူဆု လက်ခံပွဲတွေ အကြောင်းသတင်း၊ ၀ါရှင်တန်အခြေစိုက် Heritage Foundation သုတေသနအဖွဲ့ကြီးက ကျင်းပတဲ့ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ဆွေးနွေးပွဲအကြောင်းသတင်းနဲ့ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခြေအနေ၊ အမျိုးသမီးဖိုရမ် သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
နီပေါ မြန်မာ အခမဲ့မျက်စိကုသမှု နီပေါ မြန်မာ အခမဲ့မျက်စိကုသမှု
မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ လူဦးရေရဲ့ ၈.၁ % ခန့်ဟာ မျက်စိကွယ်တဲ့ရောဂါကို ခံစားနေကြရပြီး ကမ္ဘာပေါ်မှာ မျက်စိကွယ်နှုန်း အများဆုံးနိုင်ငံတွေထဲမှာ တနိုင်ငံအဖြစ် ပါဝင်နေပါတယ်။ အများစုကတော့ အတွင်းတိမ်ကြောင့် အမြင်အာရုံ ဆုံးရှုံးကြရတာဖြစ်ပါတယ်။ အခုအခါမှာ နီပေါနိုင်ငံက အတွင်းတိမ် ခွဲစိတ်ပညာရှင်တွေဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး လူနာ ၁,၀၀၀ ကို အခမဲ့ ခွဲစိတ် ကုသပေးနေပါတယ်။ ဒါဟာ နောင်မှာပြုလုပ်မယ့် ခွဲစိတ်ကုသမှုတွေထဲက တခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ Steve Sandford သတင်းပေးပို့ထားတာကို မမေစန္ဒီ ကပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 
ကချင်ဒေသခံတွေရဲ့ မျှော်လင့်ချက် ကချင်ဒေသခံတွေရဲ့ မျှော်လင့်ချက်
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး တွေဖြစ်ထွန်းလာဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးပါဝင်မယ့် ဆွေးနွေးပွဲကို ဒီကနေ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ်က လိုင်ဇာမြို့မှာ ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေသခံတိုင်းရင်းသားတွေ၊ KIO ရဲဘော်တွေရဲ့ မျှော်လင့်ချက်တွေအကြောင်း လိုင်ဇာကို ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
သမ္မတ အကြံပေး ဒေါက်တာဇော်ဦးနဲ့ VOA (ဒုတိယပိုင်း) သမ္မတ အကြံပေး ဒေါက်တာဇော်ဦးနဲ့ VOA (ဒုတိယပိုင်း)
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အဓိကကျတဲ့ နောက်ထပ်ကိစ္စတခုဖြစ်တဲ့ ဗဟိုဦးစီးစနစ်နဲ့ ဗဟိုထိန်းချုပ်မှုတွေကို လျှော့ချပြီး ဒေသဆိုင်ရာနဲ့ အောက်ခြေအဆင့်တွေမှာ ဘယ်လို ခွဲဝေဆောင်ရွက်မှုတွေ လုပ်နေကြပြီလဲဆိုတာကို ဦးဇော်ဦးက ရှင်းပြထားပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

Tuesday, October 29, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၂၉၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၂၉၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ဒေါ်စု ဒီမိုကရေစီရေးကြိုးပမ်းမှု ပုပ်ရဟန်းမင်းကြီးထောက်ခံ ဒေါ်စု ဒီမိုကရေစီရေးကြိုးပမ်းမှု ပုပ်ရဟန်းမင်းကြီးထောက်ခံ
"မုန်းတီးမှု အားလုံးကို ကျမ ရှုတ်ချပါတယ်။ ကျမတို့နိုင်ငံအတွင်း နေထိုင်လျက် ရှိကြတဲ့ လူတွေ၊ လူမျိုးတွေကြား စိတ်ဝမ်းကွဲစေတဲ့ လုပ်ရပ်အားလုံးကိုလည်း ကျမ ပြစ်တင်ရှုတ်ချပါတယ်။” (ဒေါ်အောင်ဆန်းစုကြည်-အီတလီခရီးစဉ် သတင်းစာရှင်းလင်းပွဲ~မှ) အပြည့်အစုံ
 
အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း
ကုလအတွင်းရေးမှူးချုပ်က မြန်မာအစိုးရအနေနဲ့ ဘာသာရေးနဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်အောင်၊ အမုန်းတရားဖြန့်ချိသူတွေ၊ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ
 
အီတလီအစိုးရနဲ့ ဒေါ်စု မြန်မာ့အရေးဆွေးနွေး အီတလီအစိုးရနဲ့ ဒေါ်စု မြန်မာ့အရေးဆွေးနွေး
အီတလီအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံကြောင်းနဲ့ နှစ်နိုင်ငံစီးပွားရေးအတွက်လည်း အကျိုးတူပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ
 
ဂုဏ်ထူးဆောင်ရောမမြို့သူဆု ဒေါ်စု လက်ခံယူ ဂုဏ်ထူးဆောင်ရောမမြို့သူဆု ဒေါ်စု လက်ခံယူ
အီတလီနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ရောမ ဂုဏ်ထူးဆောင် မြို့သူဆုကို လက်ခံရယူခဲ့ပြီး တနင်္လာနေ့မှာ အီတလီနိုင်ငံခြားရေးဝန်ကြီး၊ ပုပ်ရဟန်းမင်းကြီးတို့နဲ့ သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

FBI အကြီးအကဲသစ် Obama ခန့်အပ် FBI အကြီးအကဲသစ် Obama ခန့်အပ်
သမ္မတဘုရှ်လက်ထက်က တယ်လီဖုန်းကြားဖြတ်နားထောင်ဖို့ အိမ်ဖြူတော်က တောင်းဆိုမှုကို တစိုက်မတ်မတ် ငြင်းဆန်လာခဲ့တဲ့ ဒုတိယရှေ့နေချုပ်ဟောင်း မစ္စတာ James Comey ကို FBI ညွန်ကြားရေးမှူးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အပြည့်အစုံ
 
မဟာမိတ်တွေအပေါ် အမေရိကန် လျှို့ဝှက် ထောက်လှမ်းမှု EU ရှုတ်ချ မဟာမိတ်တွေအပေါ် အမေရိကန် လျှို့ဝှက် ထောက်လှမ်းမှု EU ရှုတ်ချ
အမေရိကန်ပြည်ထောင်စုက မဟာမိတ်နိုင်ငံတွေအပေါ် သူလျှိုလုပ်ထောက်လှမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဆွေးနွေးဖို့ ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေ ဝါရှင်တန်ဒီစီကို ရောက်နေကြပါတယ်။ အပြည့်အစုံ
 
ကန်ထောက်လှမ်းရေး အစီအစဉ် စပိန်အစိုးရမေးခွန်းထုတ် ကန်ထောက်လှမ်းရေး အစီအစဉ် စပိန်အစိုးရမေးခွန်းထုတ်
အမေရိကန်လုံခြုံရေးဌာန ကံထရိုက်ဝန်ထမ်းဟောင်း Snowden ဖွင့်ချချက်တွေပေါ် အခြေခံပြီး အမေရိကန်ထောက်လှမ်းရေးက စပိန်နိုင်ငံက ဖုန်းခေါ်တဲ့ အကြိမ်ပေါင်း သန်း ၆၀ ကို ကြားဖြတ်နားထောင်တယ်ဆိုတဲ့ သတင်းတွေကြောင့် စပိန်နိုင်ငံက သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ
 
တရုတ်နိုင်ငံ Tiananmen ရင်ပြင် မတော်တဆမှု ၅ ဦးသေ တရုတ်နိုင်ငံ Tiananmen ရင်ပြင် မတော်တဆမှု ၅ ဦးသေ
တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ Tiananmen ရင်ပြင်ဂိတ်ဝမှာ ကားတစ်စီး ဝင်တိုက်မိပြီး မီးလောင်ကျွမ်းခဲ့ရာမှာ လူ (၅) ဦးသေဆုံးပြီး ၄၀ နီးပါး ဒဏ်ရာရခဲ့ကြပါတယ်။ အပြည့်အစုံ
 
ဂျာမဏီထောက်လှမ်းရေး တာဝန်ရှိသူများ အမေရိကန်လာရောက် ဂျာမဏီထောက်လှမ်းရေး တာဝန်ရှိသူများ အမေရိကန်လာရောက်
ဂျာမန်ဝန်ကြီးချုပ် Angela Merkel ရဲ့ လက်ကိုင်ဖုန်းအပါအ၀င် ဂျာမဏီနိုင်ငံက Mobile လက်ကိုင်ဖုန်းဆက်သွယ်ရေးတွေကို အမေရိကန်က ကြားဖြတ်နားထောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဆွေးနွေးဖို့ ဂျာမန်ထောက်လှမ်းရေး တာဝန်ရှိသူတွေ ၀ါရှင်တန်ကို စေလွှတ်လိုက်ပါတယ်။ အပြည့်အစုံ
 
ပါလက်စတိုင်း အကျဉ်းသားများ ဒုတိယသုတ်လွတ်မြောက် ပါလက်စတိုင်း အကျဉ်းသားများ ဒုတိယသုတ်လွတ်မြောက်
အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပြန်စနိုင်ခဲ့ပြီး နှစ်ဘက်သဘောတူညီချက်အရ နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ အကျဉ်းသားတွေကို ဒုတိယအသုတ်လွှတ်ပေးဖို့ အစ္စရေးဘက်က သဘောတူလိုက်ပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၀-၂၉ -၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၁၀-၂၉ -၂၀၁၃)
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံတဲ့သတင်း၊ KIO ဦးဆောင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပထမဆုံးကြိမ် ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အခြေအနေ၊ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဇော်ဦးနဲ့ VOA တွေ့ဆုံမေးမြန်းခန်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဒီသီတင်းပတ် အမေရိကန်နိုင်ငံရေး ဒီသီတင်းပတ် အမေရိကန်နိုင်ငံရေး
ဒီသတင်းပတ် အမေရိကန်နိုင်ငံရေးမှာ အစိုးရရဲ့ ဘဏ္ဍာရေး အသုံးစရိတ်နဲ့ပတ်သက်လို့ ဆွေးနွေးညှိ့နိုင်းမှုတွေက အဓိက လွှမ်းမိုးနေပါတယ်။ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အင်္ဂါနေ့ မြန်မာသတင်းများ အင်္ဂါနေ့ မြန်မာသတင်းများ
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံပြီး သြ၀ါဒခံယူတဲ့သတင်း၊ KIO ဦးဆောင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပထမဆုံးကြိမ် ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ
 
သမ္မတ အကြံပေး ဒေါက်တာဇော်ဦးနဲ့ VOA သမ္မတ အကြံပေး ဒေါက်တာဇော်ဦးနဲ့ VOA
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေဟာ အဓိက ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုပိုင်း အားနည်းချက်တွေ ရှိနေသေးတယ်လို့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ပညာရှင် ဒေါက်တာ ဦးဇော်ဦးက ပြောပါတယ်။ မကြာသေးခင်ကမှ သမ္မတအကြံပေးတဦးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဒေါက်တာ ဇော်ဦးကို ၀ါရှင်တန် ဒီစီ VOA ရုံးချုပ်မှာ မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ တွေ့ဆုံမေးမြန်းခန်းကို နှစ်ပိုင်းခွဲပြီး တင်ပြထားပါတယ်။ အပိုင်းတစ်ကို တင်ပြလိုက်ပါတယ်။ အပြည့်အစုံ
 
WHO တီဘီရောဂါတိုက်ဖျက်ရေး အစီရင်ခံစာ WHO တီဘီရောဂါတိုက်ဖျက်ရေး အစီရင်ခံစာ
တီဘီရောဂါ ကုသမှုတွေကြောင့် သန်း ၂၀ ကျော်သော လူတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၃ အစီရင်ခံစာက ဆိုပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာတလွှားက ဆေးမတိုးတော့တဲ့ တီဘီရောဂါတွေကို ရှာဖွေတာ ကုသမှု ပေးတာတွေမှာတော့ လိုအပ်ချက် ရှိနေဆဲပါလို့လည်း ဆိုထားပါတယ်။ ကုလသမဂ္ဂရဲ့ သတင်းဆောင်းပါး တပုဒ်ကို မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA