Friday, October 25, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၂၅၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၂၅၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မူဆလင် ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု - ကင်တာနား မူဆလင် ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု - ကင်တာနား
“ ရခိုင်ပြည်နယ်က အခြေအနေဟာ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး အယူအဆတွေကိုကျယ်ကျယ်ပြန့်ပြန်ဖြစ်စေခဲ့ပြီး၊ ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ ကြီးမားတဲ့ စိုးရိမ်စရာခြိမ်းခြောက်မှုဖြစ်နေပါတယ်။” (ကင်တာနား) အပြည့်အစုံ
 
သမ္မတဖြစ်ဖို့ ကန့်သတ်ချက် ပြင်ဆင်ရေး ဦးရွှေမန်းလက်ခံ သမ္မတဖြစ်ဖို့ ကန့်သတ်ချက် ပြင်ဆင်ရေး ဦးရွှေမန်းလက်ခံ
" ရွေးကောက်ပွဲမှာ တရားမျတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင်...Free and Fair ဖြစ်ဖို့အတွက်တော့ ပြင်ဆင်ဖို့လိုတယ်လို့တော့ ဒီလိုပဲပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ဦးတည်း ဆန္ဒတင်မကပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒကလည်း ဒီအတိုင်းပါပဲ။" အပြည့်အစုံ
 
ဒေါ်အောင်ဆန်း စုကြည်   မြောက်အိုင်ယာလန် သွားရောက် ဒေါ်အောင်ဆန်း စုကြည် မြောက်အိုင်ယာလန် သွားရောက်
မြောက်ပိုင်း အိုင်ယာလန်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မြောက်ပိုင်း အိုင်ယာလန်ဆိုင်ရာ အစိုးရရုံးစိုက်ရာ Stormont ရဲတိုက်မှာ ဒေသခံအစိုးရ တာဝန်ရှိသူတွေ၊ တခြားလူမှုအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ
 
အာရှတန်ဖိုး ပြန်သုံးသပ်ဖို့ မင်းကိုနိုင် အကြံပေး အာရှတန်ဖိုး ပြန်သုံးသပ်ဖို့ မင်းကိုနိုင် အကြံပေး
"ကျနော်တို့ လိုချင်တဲ့ မျိုးဆက်သစ်ဟာ သတ္တိလည်းရှိပြီးတော့ ဥာဏ်ရည်လည်း ပိုမြင့်တဲ့ မျိုးဆက်တွေဖြစ်အောင် လေ့ကျင့်ပျိုးထောင်ကြဖို့၊ သတ္တိဆိုတဲ့နေရာမှာ အကြီးအကဲလုပ်သူတွေရဲ့ မှားယွင်းမှုတွေကို ထောက်ပြပြီး ပိုကောင်းတာတွေကို ပြီးတော့ ပိုဆန်းသစ်တဲ့ အတွေးအခေါ်.." အပြည့်အစုံ
 
မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်စုတောင်းဆိုချက် ဗြိတိန်ထောက်ခံ မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်စုတောင်းဆိုချက် ဗြိတိန်ထောက်ခံ
"၀န်ကြီးချုပ်နဲ့ တွေ့ပြီးတဲ့အခါမှာ ကျနော်တို့ ဒုဝန်ကြီးချုပ် Nick Clegg နဲ့လည်း တွေ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကို အကူအညီပေးဖို့နဲ့ ရှေ့နိုင်ငံရေး ပိုပြီးတော့ ကောင်းမွန်လာအောင် အပြောင်းအလဲတွေ ပိုပြီး ကောင်းမွန်လာအောင် အကူအညီ ပေးဖို့ ပြောတာပါ" အပြည့်အစုံ
 
နိုင်ငံတကာ

ဆီးရီးယား အကျဉ်းသားဖလှယ်ရေး အမျိုးသမီး ၆၁ဦး လွတ်မြောက် ဆီးရီးယား အကျဉ်းသားဖလှယ်ရေး အမျိုးသမီး ၆၁ဦး လွတ်မြောက်
သူပုန်တွေ၊ ကာတာနိုင်ငံ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့တို့ ပါဝင် ပတ်သက်နေတဲ့ ရှုပ်ထွေးလှတဲ့ သုံးပွင့်ဆိုင် အကျဉ်းသား လဲလှယ်ရေး အစီအစဉ် ဖြစ်ပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ
အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆိုမှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံ
 
ဂျာမန်ဝန်ကြီးချုပ်ဖုန်း အမေရိကန် ထောက်လှမ်းရေး ခိုးနားထောင်ခဲ့သလား ဂျာမန်ဝန်ကြီးချုပ်ဖုန်း အမေရိကန် ထောက်လှမ်းရေး ခိုးနားထောင်ခဲ့သလား
NSA လို့အတိုခေါက်ခေါ်တဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီအနေနဲ့ ဂျာမဏီ ဝန်ကြီးချုပ် Angela Merkel ရဲ့လက်ကိုင်ဖုန်းကိုခိုးနားထောင်တယ်ဆိုတဲ့ စွတ်စွဲချက်သတင်းတွေက EUထိပ်သီးဆွေးနွေးပွဲကို လွှမ်းမိုးနေပါတယ်။ အပြည့်အစုံ
 
နျူကလီးယား ထပ်စမ်းဖို့ မြောက်ကိုရီးယားပြင်ဆင် နျူကလီးယား ထပ်စမ်းဖို့ မြောက်ကိုရီးယားပြင်ဆင်
မြောက်ကိုရီးယားနိုင်ငံမှာရှိတဲ့ နျူကလီယားစက်ရုံနေရာမှာ လတ်တလော ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ရပ်တွေကိုကြည့်ရင် စတုတ္ထအကြိမ်မြောက် နျူကလီယားစမ်းသပ်မှုတွေလုပ်ဖို့ မြောက်ကိုရီးယားအစိုးရက ပြင်ဆင်တာဖြစ်နိုင်တယ်လို့ စောင့်ကြည့်အကဲခတ်သူတွေက ပြောပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

အစိုးရကို အယုံအကြည်နည်းစေတဲ့ အကြောင်းများ အစိုးရကို အယုံအကြည်နည်းစေတဲ့ အကြောင်းများ
အောက်တိုဘာ ၂၃၊ ၂၀၁၃ - ကောင်းမွန်သန့်ရှင်းအောင် ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို အယုံအကြည်ကင်းမဲ့စေတဲ့ အကြောင်းရင်းတွေကို ဦးအောင်ခင် နဲ့ မမေစန္ဒီ တို့က သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၂၅-၂၀၁၃ ) နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၂၅-၂၀၁၃ )
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအပေါ် ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်ပြင်ဆင်ရေး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့သဘောထားနဲ့ ဂျာမဏီဝန်ကြီးချုပ်ရဲ့ ဖုံးကို အမေရိကန် ပြည်ထောင်စုဘက်က ခိုးနားထောင်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဝေဖန်ပြောဆိုချက်တွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အိန္ဒိယခလေးတွေ အစား ဘေးကင်းရေး အိန္ဒိယခလေးတွေ အစား ဘေးကင်းရေး
ပြီးခဲ့တဲ့ ဇူလိုင်လ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ စာသင်ကျောင်းတခုမှာ ကလေးငယ် ၂၃ ဦး အစာအဆိပ်သင့် သေဆုံးမှုနဲ့ပတ်သတ်ပြီး ကျောင်းအုပ်ကြီးကို ဒီအပတ်ထဲမှာပဲ အိန္ဒိယ အာဏာပိုင်တွေက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကြီးကြောင့် အိန္ဒိယနိုင်ငံမှာ နေ့လည်စာ ကျွေးမွေးတဲ့အစီအစဉ်ကို အစိုးရအနေနဲ့ ပြန်ပြီး စစ်ဆေးဖို့ နှိုးဆော်တာတွေ ပိုများလာခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် Aru Pande နယူးဒေလီမြို့တော်ကနေ သတင်းပေးပို့ ထားတာကို မမေစန္ဒီက ပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ
 
သောကြာနေ့ မြန်မာတီဗွီသတင်းများ သောကြာနေ့ မြန်မာတီဗွီသတင်းများ
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအချက် ပြင်ဆင်ရေး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြောက်ပိုင်း အိုင်ယာလန်ခရီးစဉ်အကြောင်းနဲ့ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး အခြေအနေ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
တရုတ် ခရီးသွားလုပ်ငန်း တရုတ် ခရီးသွားလုပ်ငန်း
တရုတ်နိုင်ငံမှာ အေးမြတဲ့ ဆောင်းတွင်းကာလ ရောက်လာတာနဲ့အမျှ လေထုညစ်ညမ်းမှုတွေလည်း ကြီးထွားလာနေရာက ခရီးသွား လုပ်ငန်းမှာ ထိခိုက်လာတဲ့အထိ ဖြစ်နေပါတယ်။ ရာသီဥတုကြောင့် သာမက အများပြည်သူအတွက် အပူဓာတ်ပေးတဲ့ စနစ်နဲ့ အိမ်တွေမှာ မီးသွေးနဲ့ မီးမွှေးကြတွေကနေ လေထုညစ်ညမ်းလာနေတဲ့ ပြဿနာကို ရှောင်ရှားကြမယ့် ခရီးသွားတွေကို တရုတ်နိုင်ငံက ဆွဲဆောင်ဖို့လည်း ကြိုးပမ်းနေရတာပါ။ နှစ်စဉ် ဒီလိုရာသီရောက်တိုင်း ကြုံနေရတဲ့ လေထုညစ်ညမ်းမှု ပြဿနာကြောင့် စီးပွားရေးကိုပါ ရိုက်ခတ်လာမယ့် အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 
ရန်ကုန် ငါးဈေးနဲ့ ခလေးများ ရန်ကုန် ငါးဈေးနဲ့ ခလေးများ
ရန်ကုန်မြို့က လူစည်ကားရာ ငါးဈေးတန်းဟာ အခုအခါ မိသားစုအတွက် ၀င်ငွေရဖို့ ရှာနေရတဲ့ ကလေးတွေကို ဆွဲဆောင်ရာ နေရာတခု ဖြစ်လာနေပါတယ်။ မြောင်းကြိုမြောင်းကြားတွေမှာ ပြန်ရောင်းလို့ရမယ့် ငါးအကြွင်းအကျန်တွေကို လိုက်လံရှာဖွေကြတဲ့ ကလေးတွေနဲ့ ဈေးထဲမှာ စည်ကားနေတာပါ။ ရန်ကုန်မြို့ ငါးဈေးတန်းက ကလေးငယ်တွေ ဘ၀ရပ်တည်ရေးအတွက် ရုန်းကန် နေကြရတဲ့ အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment