Wednesday, October 16, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၁၆၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၁၆၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးထွက်မည် ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးထွက်မည်
"ဘယ်လ်ဂျီယံနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့ အီတလီနိုင်ငံတွေဆီ သွားရောက်မယ့် ခရီးစဉ်အတွင်း EU ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်နဲ့ ဥရောပကောင်စီတို့က တာဝန်ရှိသူတွေအပြင် EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်" အပြည့်အစုံ
 
ဗုံးပေါက်ကွဲမှုတွေကြောင့် မြန်မာနိုင်ငံ ခရီးသွားသတိပေး အမေရိကန်ထုတ်ပြန် ဗုံးပေါက်ကွဲမှုတွေကြောင့် မြန်မာနိုင်ငံ ခရီးသွားသတိပေး အမေရိကန်ထုတ်ပြန်
"အိမ်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲခဲ့မှုတွေဟာ အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ လက္ခဏာ အခုအချိန်မှာ မတွေ့ရသေးပေမဲ့ ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံတဝှမ်း ခရီးသွားနေကြတဲ့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ သတိရှိရှိနဲ့ သွားလာကြဖို့..." အပြည့်အစုံ
 
ဗုံးခွဲမှု ဆက်စပ် သံသယရှိသူ ၃ ဦးဖမ်းဆီးထား ဗုံးခွဲမှု ဆက်စပ် သံသယရှိသူ ၃ ဦးဖမ်းဆီးထား
“၁ ယောက်ကတော့ ဘီးလင်းကနေပြီးတော့ ကျနော်တို့ အဲဒီကနေ သွားပြီးတော့ စောင့်ဖမ်းလာတယ်။ အဲဒီမှာ ဆိုင်ကယ်နဲ့သွားနေတုန်း တွေ့တော့ ဒီက ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ ဖမ်းလာပါတယ်။ သံလျင်ဘက်က ၁ ယောက်၊ သာကေတဘက်က ၁ ယောက် ရပါတယ်။ ကျနော်တို့ ကွင်းဆက် ရလို့ပါ။” အပြည့်အစုံ
 
ရန်ကုန်မြို့ခံများကြား လုံခြုံရေးသတိ ပိုထားလာကြ ရန်ကုန်မြို့ခံများကြား လုံခြုံရေးသတိ ပိုထားလာကြ
“ဒီလိုမျိုးတွေ ဖြစ်တာကတော့ မကောင်းဘူးပေါ့။ အများပြည်သူလည်း ထိခိုက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည် တည်ဆောက်နေချိန်မှာ ဒါမျိုးတွေ အများကြီး ဖြစ်လာမယ်ဆိုရင် နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ်။ အများပြည်သူအတွက် အများကြီး ထိခိုက်လာနိုင်တယ်။" အပြည့်အစုံ
 
စစ်ကိုင်းမှာ ဗုံး ၂ လုံး ပေါက် စစ်ကိုင်းမှာ ဗုံး ၂ လုံး ပေါက်
“ရွှေပြည့်စုံတည်းခိုခန်းနဲ့ ဟိုဟာပေါ့ ဆွမ်းဦးပုညရှင်စေတီလေ အဲ့ဒီမှာ နှစ်လုံးပေါက်တယ် လို့တော့ ကြားတာပဲ။ ဘာမှတော့ အထိအခိုက် မရှိဘူးလေ။ စစ်ကိုင်းမှာလေ အခါတိုင်းတော့ ဒီလိုမျိုး ဗုံးတွေဘာတွေ မကြားဖူးဘူးလေ။" အပြည့်အစုံ
 
Traders ဟော်တယ်ခန်းတွင်းပေါက်ကွဲမှု အမေရိကန်အမျိုးသမီး ဒဏ်ရာရ Traders ဟော်တယ်ခန်းတွင်းပေါက်ကွဲမှု အမေရိကန်အမျိုးသမီး ဒဏ်ရာရ
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီရက်ပိုင်းတွေအတွင်း ပေါက်ကွဲမှု အသေးစားတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး ဒီကနေ့မှာတော့ နာမည်ကြီး Traders ဟိုတယ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် အမေရိကန်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အစိုးရအသုံးစရိတ် အဖြေရှာရေး အထက်နှင့်အောက်လွှတ်တော် ဆက်ကြိုးပမ်း အစိုးရအသုံးစရိတ် အဖြေရှာရေး အထက်နှင့်အောက်လွှတ်တော် ဆက်ကြိုးပမ်း
"အမေရိကန်ပြည်ထောင်စုမှာ သီတင်း ၃ ပတ်ထဲ ဝင်လာပြီဖြစ်တဲ့ အစိုးရလုပ်ငန်း လည်ပတ်မှုတချို့ ရပ်ဆိုင်းထားရတာကို အဆုံးသတ်စေဖို့နဲ့ အစိုးရ ချေးယူနိုင်တဲ့ ငွေကြေးပမာဏ တိုးမြှင့်ရေးအတွက် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဆက်ပြီး ညှိနှိုင်းနေကြပါတယ်။" အပြည့်အစုံ
 
ပြင်းအားကြီး ဖိလစ်ပိုင်မြေငလျင် လူ ၉၃ ဦးသေဆုံး ပြင်းအားကြီး ဖိလစ်ပိုင်မြေငလျင် လူ ၉၃ ဦးသေဆုံး
"ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ အင်္ဂါနေ့အစောပိုင်းက အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ ဒေသမှာ ၉၃ ယောက်ထက် မနည်းသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရသွားပါတယ်။" အပြည့်အစုံ
 
ဖိလစ်ပိုင်ငလျင် ၇၀ ထက်မနည်း သေဆုံး ဖိလစ်ပိုင်ငလျင် ၇၀ ထက်မနည်း သေဆုံး
"ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင်ဟာ ဘိုဟိုလ်ကျွန်းနားမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး သေဆုံးဒဏ်ရာရသူအများစုဟာ အဲဒီ ဒေသမှာဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ် အများအပြားကြောင့်" အပြည့်အစုံ
 
အီရန်နျူကလီးယားအရေးဆွေးနွေး အီရန်နျူကလီးယားအရေးဆွေးနွေး
"အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီနဲ့ တရုတ်နိုင်ငံတွေကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတာမျိုး မရှိဘူးဆိုတာကို သက်သေပြဖို့ လိုလားနေကြတာပါ။" အပြည့်အစုံ
 
Libya က Al Qaida အကြမ်းဖက်သမားကို နယူးရောက်မှာ ရုံးတင် Libya က Al Qaida အကြမ်းဖက်သမားကို နယူးရောက်မှာ ရုံးတင်
၁၉၉၈ ခုနှစ်အတွင်း ကင်ညာနဲ့ တန်ဇန်နီးယားက အမေရိကန်သံရုံးတွေဗုံးခွဲမှုကို စီစဉ်ရာမှာ ကူညီသူအဖြစ် စွပ်စွဲခံရသူ Abu Anas al-Libi ကို ရုံးတင်စစ်ဆေးဖို့ နယူးယောက်ကို ခေါ်လာပြီ ဖြစ်ပါတယ်။ အပြည့်အစုံ
 
အမေရိကန်အစိုးရ အသုံးစရိတ် အထက်လွှတ်တော်မှာ သဘောတူဖို့နီးစပ် အမေရိကန်အစိုးရ အသုံးစရိတ် အထက်လွှတ်တော်မှာ သဘောတူဖို့နီးစပ်
သီတင်း ၂ ပတ်ကြာ ရပ်နားထားရတဲ့ အစိုးရလုပ်ငန်းတွေအခြေအနေနဲ့ အစိုးရချေးယူနိုင်တဲ့ငွေပမာဏတိုးမြှင့်ရေး သဘောတူညီချက်ရဖို့ နီးစပ်လာပြီလို့တွက်ဆထားကြောင်း အထက်လွှတ်တော်အမတ် မစ္စတာ Reid က ပြောပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၁၆-၂၀၁၃ ) နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၁၆-၂၀၁၃ )
ကုန်သည်ကြီးများ ဟိုတယ်ဗုံးဖောက်ခွဲမှုမှာ ပါဝင်သက်တယ်လို့ သံသယရှိသူ တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးနေတဲ့ သတင်း၊ မြန်မာနိုင်ငံ နေရာတချို့မှာ ပေါက်ကွဲမှုတွေ ထပ်မံပေါ်ပေါက်ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတချို့ ထပ်မံ တွေရှိတဲ့ သတင်းတွေနဲ့အတူ၊ ဖိလစ်ပိုင် မြေငလျင်သတင်းနဲ့ အမေရိကန်နိုင်ငံရေးအခြေအနေ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်းများ ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်းများ
ကုန်သည်ကြီးများ ဟိုတယ်ဗုံးဖောက်ခွဲမှုမှာ ပါဝင်သက်တယ်လို့ သံသယရှိသူ တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးနေတဲ့ သတင်း၊ မြန်မာနိုင်ငံ နေရာတချို့မှာ ပေါက်ကွဲမှုတွေထပ်မံပေါ်ပေါက်ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတချို့ ထပ်မံ တွေရှိတဲ့အတွက် လုံခြုံရေး အခြေအနေ တိုးမြှင့်ထားတဲ့ သတင်းတွေနဲ့အတူ မြန်မာနိုင်ငံကို ခရီးသွားမယ့် အမေရိကန်နိုင်ငံသားတွေအတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတိပေးချက် ထုတ်ပြန်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗုံးခွဲမှု သံသယရှိသူတချို့ ဖမ်းဆီးထား ဗုံးခွဲမှု သံသယရှိသူတချို့ ဖမ်းဆီးထား
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှုမှာ ပါဝင်သက်တယ်လို့ သံသယရှိသူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က နေ့လည်ပိုင်းမှာလည်း ရန်ကုန်မြို့လယ် ၃၈ လမ်းဒေါင့်မှာ ဗုံးတလုံး ထပ်တွေ့တဲ့အတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး ချက်ချင်း သယ်ယူသွားခဲ့ပါတယ်။ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ ဆက်တိုက်ဆိုသလို ဗုံးတွေ တွေ့ရှိနေတဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
မက္ကာ Hajj ဘုရားဖူးများ မက္ကာ Hajj ဘုရားဖူးများ
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ နှစ်စဉ်ပြုလုပ်မြဲ Hajj လို့ ခေါ်တဲ့ ဘုရားဝတ်ပြုပွဲ အတွက် မူဆလင်ပေါင်း ၁ သန်းခွဲကနေ ၂ သန်းလောက်အထိ သွားရောက်နေကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ဘုရားဖူးဦးရေထက် စာရင် အများကြီး လျော့နည်းပါတယ်။ ဒါဟာ ဆော်ဒီ အာဏာပိုင်တွေအနေနဲ့ ဒီ ဘုရားဝတ်ပြုပွဲတော်ကို အရှေ့အလယ်ပိုင်း ကျန်နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ကင်းကင်း ရှိအောင်၊ ဒါ့အပြင် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့ ကျန်းမာရေး ခြိမ်းခြောက်မှုတွေ မပြန့်ပွားအောင် စီစဉ်လိုက်တဲ့ အတွက် ဖြစ်ပါတယ်။ VOA သတင်းထောက် Jerome Socolovsky သတင်းပေးပို့ထားတာကို ဦးကျော်ဇံသာက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု IMF သုံးသပ်ချက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု IMF သုံးသပ်ချက်
ကမ္ဘာ့စီးပွါးရေး ဖွံ့ဖြိုးမှု ဖြစ်စဉ်ဟာ ပုံစံ နောက်တမျိုးပြောင်းသွား ပြန်ပြီလို့ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့က ပြောပါတယ်။ အာရှ ပိစိဖိတ်ဒေသ တခုလုံးက စီးပွါးရေးဖွံ့ဖြိုးမှုဟာ ဒီနှစ်အစောပိုင်း ခန့်မှန်းထားတာထက် (၁%)လောက် ပိုကျဆင်းနေတယ်လို့ IMF အဖွဲ့ရဲ့ နောက်ဆုံး သုံးသပ်ချက်မှာတွေ့ရပါတယ်။ ဒီ အကျိုးဆက်ဟာ စီးပွါးရေးတိုးတက်တဲ့ နိုင်ငံအတော်များများကို တစိတ်တပိုင်း အားဖြင့် သက်ရောက်မှုရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး/ငွေကြေးပြဿနာ တွေကြောင့် ကမ္ဘာကြီးအတွက် မသေချာ မရေရာမှုတွေ ဖန်တီးနေသလိုဖြစ်နေကြောင်း VOA သတင်းထောက် Mil Arcega သတင်းပေးပို့ထားတာကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment