Thursday, October 17, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၁၇၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၁၇၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မြန်မာခရီးသွားသတိပေးချက် အနောက်နိုင်ငံတွေထုတ်ပြန် မြန်မာခရီးသွားသတိပေးချက် အနောက်နိုင်ငံတွေထုတ်ပြန်
"မြန်မာနိုင်ငံတွင်း အသေးစားဗုံးကွဲမှုတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေ တွေ့ရှိတာကြောင့် အမေရိကန်ပြည်ထောင်စုအပြင်၊ ဗြိတိန်၊ ပြင်သစ်နဲ့ သြစတြေးလျနိုင်ငံတို့ကလည်း သူတို့ သက်ဆိုင်ရာ နိုင်ငံသားတွေ မြန်မာပြည်ထဲ သွားလာရာမှာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။" အပြည့်အစုံ
 
မြန်မာကာကွယ်ရေးဦးစီးချုပ် တရုတ်သမ္မတနဲ့တွေ့ဆုံ မြန်မာကာကွယ်ရေးဦးစီးချုပ် တရုတ်သမ္မတနဲ့တွေ့ဆုံ
"တရုတ်-မြန်မာ ဆက်ဆံရေးဟာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း အဖြစ် ရှိခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်တဲ့ သမ္မတ ရှီကျင့်ဖျင် က ပြောဆို မှတ်ချက်ပြုခဲ့တယ်လို့..." အပြည့်အစုံ
 
နယ်စပ်ဖြတ် လုပ်သားတွေအတွက် ပုံမှန် Passport ထုတ်ပေးမည် နယ်စပ်ဖြတ် လုပ်သားတွေအတွက် ပုံမှန် Passport ထုတ်ပေးမည်
“ချက်ချင်းကြီးကတော့ မလဲခိုင်းသေးပါဘူး။ ကာလသတ်မှတ်ရက်တခုကတော့ ရှိဦးမှာပေါ့။ နောက်ပိုင်းထုတ်မယ့်ဟာသာ အနီရောင် ထုတ်ပေးမယ်လို့ ပြောတာပါ။” အပြည့်အစုံ
 
ဗုံးကွဲမှုပြဿနာ သမ္မတကိုယ်တိုင် ကိုင်တွယ် ဗုံးကွဲမှုပြဿနာ သမ္မတကိုယ်တိုင် ကိုင်တွယ်
"စပြီး ဖြစ်တဲ့အချိန်ကစလို့ တောက်လျှောက် သမ္မတကြီးဆီကို သတင်းပို့ပြီးတော့ သမ္မတကြီးကိုယ်တိုင် ပြည်ထဲရေးဝန်ကြီးနဲ့ နေ့စဉ် တွေ့ဆုံပြီးတော့မှ အဲ့ဒီကိစ္စတွေ ကိုင်တွယ်နေပါတယ်။ လုပ်ဆောင်မှုတွေကတော့ သမ္မတကြီးတို့အနေနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနရော၊ တိုင်းဒေသကြီး..." အပြည့်အစုံ
 
ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးထွက်မည် ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးထွက်မည်
"ဘယ်လ်ဂျီယံနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့ အီတလီနိုင်ငံတွေဆီ သွားရောက်မယ့် ခရီးစဉ်အတွင်း EU ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်နဲ့ ဥရောပကောင်စီတို့က တာဝန်ရှိသူတွေအပြင် EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်" အပြည့်အစုံ
 
နိုင်ငံတကာ

အီရန် နျူကလီးယားဆွေးနွေးမှု မကြုံစဖူး အခြေအနေရောက် အီရန် နျူကလီးယားဆွေးနွေးမှု မကြုံစဖူး အခြေအနေရောက်
"အီရန်နျူကလီးယား အစီအစဉ်အပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့ ညှိနှိုင်းဆွေးနွေးမှုဟာ အတော်လေးကို အလေးအနက်အဆင့်ကို ရောက်နေပြီး၊ တခါမှ မကြုံဖူးတဲ့ ဆွေးနွေးမှု အတိုင်းအတာအထိ ရောက်လာတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောပါတယ်။" အပြည့်အစုံ
 
အမေရိကန်အစိုးရ ပုံမှန်ပြန်လည်ပတ်နိုင်ရေး အထက်လွှတ်တော် အနီးကပ်အတည်ပြု အမေရိကန်အစိုးရ ပုံမှန်ပြန်လည်ပတ်နိုင်ရေး အထက်လွှတ်တော် အနီးကပ်အတည်ပြု
"အမေရိကန် ဗဟိုအစိုးရအလုပ်တွေ ပြန်လည်ပတ်နိုင်ဖို့နဲ့ အမေရိကန်အစိုးရအနေ နဲ့ ချေးယူနိုင်တဲ့ ငွေပမာဏ တိုးမြှင့်သတ်မှတ်ရေး ကိစ္စတွေအတွက် ညှိနှိုင်းထားတဲ့ ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်ကနေ ၈၁ မဲ ၁၈ မဲနဲ့ အတည်ပြုလိုက် ပြီ ဖြစ်ပါတယ်။" အပြည့်အစုံ
 
၁၈ ပေရှည် ရှားပါးငါးကြီးတွေ့ရှိ ၁၈ ပေရှည် ရှားပါးငါးကြီးတွေ့ရှိ
"Catalina ကျွန်း အဏ္ဏ၀ါသိပ္ပံက ဆရာမ Jasmine Santana ဟာ ရေအနက် ပေ ၃၀ လောက်မှာ အလျား ၁၈ ပေရှည်တဲ့ Oarfish ရဲ့ သေဆုံးနေတဲ့ ငွေရောင်ခန္ဓာကိုယ် ကို တွေ့ရှိခဲ့တာပါ။အဲ့ဒီငါးကြီးကို ကမ်းခြေရောက်ဖို့ လူပေါင်း ၁၅ ယောက်ကျော်နဲ့ ဆွဲယူခဲ့ရပါတယ်။" အပြည့်အစုံ
 
အီရန်နျူကလီးယား ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခွင့်ပြုဖွယ်ရှိ အီရန်နျူကလီးယား ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခွင့်ပြုဖွယ်ရှိ
"အနောက်နိုင်ငံတွေနဲ့ အီရန်ရဲ့ နျူကလီးယားပြဿနာ ကာလကြာရှည်စွာ အငြင်းပွားနေတာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ကုလသမဂ္ဂ အနုမြူစွမ်းအင်အဖွဲ့ကြီးရဲ့ စစ်ဆေးမှု လုပ်ပိုင်ခွင့်တွေကို ပိုပေးဖို့ ရှိတယ်လို့..." အပြည့်အစုံ
 
ဖိလစ်ပိုင်ငလျင် သေဆုံးသူ ၁၅၀ ခန့် ဖိလစ်ပိုင်ငလျင် သေဆုံးသူ ၁၅၀ ခန့်
"ငလျင်ဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့နေရာက ဒေသခံတွေဆီ ကယ်ဆယ်ရေးတွေ ရောက်နိုင်ဖို့ ခက်ခဲတာမို့ သေသေချာချာ မသိနိုင်သေးတဲ့အတွက် သေဆုံးသူအရေအတွက် အခုထက်ပိုပြီး များလာဖို့ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။" အပြည့်အစုံ
 
အစိုးရအသုံးစရိတ် အဖြေရှာရေး အထက်နှင့်အောက်လွှတ်တော် ဆက်ကြိုးပမ်း အစိုးရအသုံးစရိတ် အဖြေရှာရေး အထက်နှင့်အောက်လွှတ်တော် ဆက်ကြိုးပမ်း
"အမေရိကန်ပြည်ထောင်စုမှာ သီတင်း ၃ ပတ်ထဲ ဝင်လာပြီဖြစ်တဲ့ အစိုးရလုပ်ငန်း လည်ပတ်မှုတချို့ ရပ်ဆိုင်းထားရတာကို အဆုံးသတ်စေဖို့နဲ့ အစိုးရ ချေးယူနိုင်တဲ့ ငွေကြေးပမာဏ တိုးမြှင့်ရေးအတွက် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဆက်ပြီး ညှိနှိုင်းနေကြပါတယ်။" အပြည့်အစုံ
 
ပြင်းအားကြီး ဖိလစ်ပိုင်မြေငလျင် လူ ၉၃ ဦးသေဆုံး ပြင်းအားကြီး ဖိလစ်ပိုင်မြေငလျင် လူ ၉၃ ဦးသေဆုံး
"ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ အင်္ဂါနေ့အစောပိုင်းက အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ ဒေသမှာ ၉၃ ယောက်ထက် မနည်းသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရသွားပါတယ်။" အပြည့်အစုံ
 
ကျန်းမာရေး

အသည်းအဆီဖုံးရောဂါ အသည်းအဆီဖုံးရောဂါ
အောက်တိုဘာ ၁၇၊ ၂၀၁၃ - မြန်မာနိုင်ငံမှာ အဖြစ်များပြီး၊ ပြင်းထန်တဲ့ နောက်ဆက်တွဲတွေ ဖြစ်စေတဲ့ အသည်းအဆီဖုံးရောဂါကို ဘယ်လို ကာကွယ်ကုသသင့်ပါသလဲ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

မုန်တိုင်းမီးလျှံနဲ့ ပွင့်သစ်ရမယ့် မြန်မာ့ဒီမိုကရေစီ မုန်တိုင်းမီးလျှံနဲ့ ဖူးပွင့်ရမယ့် မြန်မာ့ဒီမိုကရေစီ
အောက်တိုဘာ ၁၆၊ ၂၀၁၃ - အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တ္တလေးနဲ့ နေရာအတော်တော်များမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသုံးသပ် တင်ပြထား ... အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၀ -၁၆-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၁၀ -၁၆-၂၀၁၃)
အမေရိကန် ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံတချို့က မြန်မာနိုင်ငံတွင်း ခရီးသွားမယ့် သူ့နိုင်ငံသားတွေကို သတိပေးချက်ထုတ်ပြန်ထားတဲ့သတင်း၊ ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWOT) ရဲ့ အတွင်းရေးမှုးချုပ် Seng Shadan နဲ့ VOA တွေ့ဆုံမေးမြန်းခန်း ဖိလစ်ပိုင်နိုင်ငံ မြေငလျင်နဲ့ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်း သတင်းတွေ ရှု့စားကြရမှာပါ။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ရုရှား မူဆလင်များ ရုရှား မူဆလင်များ
လွန်ခဲ့တဲ့မျိုးဆက် တခုကျော်ကစပြီး Paris, London, Berlin စတဲ့ ဥရောပ မြို့ကြီးတွေမှာ မူဆလင်ဦးရေ ထူပြောမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အခုတော့ ရုရုရှားနိုင်ငံ မော်စကိုမြို့တော်ရဲ့ အလှည့်ဖြစ်လာပါပြီ၊ ဘာသာရေးနဲ့ လူဦးရေဆိုင်ရာ စိန်ခေါ်မှုတွေကို ရုရှားမြို့တော်က ဘယ်လို ကိုင်တွယ်နေသလဲ ဆိုတာနဲ့ ပတ်သက်လို့ VOA သတင်းထောက် James Brook သတင်းပေးပို့ထားတာကို ဦးကျော်ဇံသာ တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကချင်အမျိုးသမီးအဖွဲ့က Seng Shadan နဲ့ VOA ကချင်အမျိုးသမီးအဖွဲ့က Seng Shadan နဲ့ VOA
ကချင်ပြည်မှာ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး ဒုက္ခသည်စခန်းတွေမှာ အခုချိန်ထိ ခိုလှုံနေရဆဲပဲဖြစ်တယ်လို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWOT) ရဲ့ အတွင်းရေးမှူးချုပ် Seng Shadan ကပြောပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရးနဲ့ပတ်သက်လို့ KIO ကချင်လွတ်မြောက်ရေးအဖွဲရဲ့ သဘောထားဟာ ကချင်ပြည်သူတွေကို ကိုယ်စားပြုတယ်လို့ Seng Shadan က ဆိုပါတယ်။ နယူးရောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ သံတမန်အရာရှိတွေနဲ့ တွေ့ဆုံတင်ပြခဲ့တဲ့ Seng Shadan ကို ဗွီအိုအေ စတူဒီယိုမှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
ကြာသာပတေးနေ့ မြန်မာ တီဗွီသတင်းများ ကြာသာပတေးနေ့ မြန်မာ တီဗွီသတင်းများ
အမေရိကန် ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံတချို့က မြန်မာနိုင်ငံတွင်း ခရီးသွားမယ့် သူ့နိုင်ငံသားတွေကို သတိပေးချက်ထုတ်ပြန်ထားတဲ့သတင်း မြန်မာနိုင်ငံရဲ့ မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ အကူအညီပေးဖို့ ကမ္ဘာ့ကုလသမဂ္ဂ Habitat for Humanity လူသားများ အခြေချနေထိုင်မှုအစီအစဉ် အရာရှိတွေက ပြောဆိုလိုက်တဲ့သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
အမျိုးသမီးများနဲ့ ဦးဆောင်မှု အမျိုးသမီးများနဲ့ ဦးဆောင်မှု
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်စုံမှာ အမျိုးသမီးတွေရဲ့ ဦီးဆောင်ပါဝင်မှု နည်းပါးနေပြီး အမျိုးသမီးတွေကိုယ်တိုင်ကလည်း စွမ်းဆောင်ရည် ရှိတဲ့အမျိုးသမီးတွေဖြစ်လာဖို့ လိုအပ်တဲ့အကြောင်း သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment