Saturday, October 19, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၁၉၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၁၉၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

နိုင်ငံရေးမှာ သဒ္ဒါတရားနဲ့ ဂရုဏာ ထားရေးဒေါ်စုဟောပြောမည် နိုင်ငံရေးမှာ သဒ္ဒါတရားနဲ့ ဂရုဏာ ထားရေးဒေါ်စုဟောပြောမည်
စနေနေ့ ဘယ်လ်ဂျီယံဒေသ စံတော်ချိန်မနက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သဒ္ဒါတရားနဲ့ ဂရုဏာတရားထားရှိရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောမှာပါ။ အပြည့်အစုံ
 
ဗုံးခွဲမှု စုံစမ်းရေး KNU ပူးပေါင်းဆောင်ရွက် ဗုံးခွဲမှု စုံစမ်းရေး KNU ပူးပေါင်းဆောင်ရွက်
"မြန်မာနိုင်ငံအတွင်း နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ KNU အဖွဲ့အကြား ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။" အပြည့်အစုံ
 
ခေတ်သစ်ကျေးကျွန်ပြုမှု အဆိုးဆုံးနိုင်ငံ စာရင်းထဲ မြန်မာပါဝင် ခေတ်သစ်ကျေးကျွန်ပြုမှု အဆိုးဆုံးနိုင်ငံ စာရင်းထဲ မြန်မာပါဝင်
Walk Free Foundation က ထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ ခေတ်သစ်ကျေးကျွန်ပြုမှုနဲ့ ပတ်သက်လို့ ပထမဆုံး နိုင်ငံတကာ စစ်တမ်းမှာ ကမ္ဘာ့နိုင်ငံတွေထဲ ခေတ်သစ်ကျေး ကျွန်ပြုမှု အခြေအနေအဆိုးဆုံးနိုင်ငံ ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အီရန် ပိတ်ဆို့မှုဖြေလျှော့ရေး အမေရိကန်စဉ်းစားပြီ အီရန် ပိတ်ဆို့မှုဖြေလျှော့ရေး အမေရိကန်စဉ်းစားပြီ
အမေရိကန်ရဲ့ပိတ်ဆို့မှုအရ ပြည်ပရှိ ချိတ်ပိတ်ခံထားရတဲ့ အီရန်နိုင်ငံပိုင်ရန်ပုံငွေတချို့ကို တဖြည်း ဖြည်းဖြေလျှော့ပေးဖို့ သမ္မတအိုဘားမား အစိုးရက စဉ်းစားနေပြီ အပြည့်အစုံ
 
Jeh Johnson ကို အမိမြေလုံခြုံရေး ဝန်ကြီးအဖြစ် အိုဘားမား အဆိုပြု Jeh Johnson ကို အမိမြေလုံခြုံရေး ဝန်ကြီးအဖြစ် အိုဘားမား အဆိုပြု
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှာ ထိပ်တန်းရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Jeh Johnson ကို အမိမြေလုံခြုံရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် သမ္မတ အိုဘားမားက သောကြာနေ့က အဆိုပြုလိုက်ပါတယ်။ အပြည့်အစုံ
 
လက်နက် တင်ဆောင်တဲ့ အမေရိကန်သင်္ဘော အိန္ဒိယဖမ်းဆီး လက်နက် တင်ဆောင်တဲ့ အမေရိကန်သင်္ဘော အိန္ဒိယဖမ်းဆီး
အိန္ဒိယနိုင်ငံရေပိုင်နက်အတွင်းမှာ ခွင့်ပြုချက် တစုံတရာမရရှိဘဲ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ တင်ဆောင်လာတဲ့ အမေရိကန်သင်္ဘောက ဝန်ထမ်း သုံးဆယ်ကျော်ကို အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အပြည့်အစုံ
 
လုံခြုံရေးကောင်စီဝင် ရာထူး ဆော်ဒီအာရေဗျ လက်မခံ လုံခြုံရေးကောင်စီဝင် ရာထူး ဆော်ဒီအာရေဗျ လက်မခံ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍ ဟာ အဖွဲ့ရဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှုအပေါ် ထိခိုက်စေတဲ့ မူ ၂ မျိုး ကွဲနေတဲ့အတွက် လက်မခံနိုင်ဘူးလို့ ဆော်ဒီအာရေးဘီးယားနိုင်ငံက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
ဆီးရီးယား ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ လုံခြုံရေးစိုးရိမ် ဆီးရီးယား ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ လုံခြုံရေးစိုးရိမ်
လုံခြုံရေး စိတ်မချရပေမဲ့ စစ်ဆေးရေးမှူးတွေ အလုပ်မပျက်ကြတဲ့ အကြောင်း ဆီးရီးယားရောက် OPCW အဖွဲ့ရဲ့ အကြီးတန်းတာဝန်ရှိသူကပြောပါတယ်။ အပြည့်အစုံ
 
အမေရိကန် ဘဏ္ဍာရေးပြေလည်မှု တရုတ်ကြိုဆို အမေရိကန် ဘဏ္ဍာရေးပြေလည်မှု တရုတ်ကြိုဆို
အမေရိကန်လွှတ်တော်အမတ်တွေက အသုံးစရိတ် ကန့်သတ်ချက် တိုးပေးလိုက်ပြီး ပေးရန်တာဝန် ပျက်ကွက်မယ့် အလားအလာကနေ နောက်ဆုံး အချိန်မှာ ရှောင်ရှားနိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
အမျိုးသမီးကဏ္ဍ

သတ္တိရှင်မလေး Malala အကြောင်း သိကောင်းစရာ သတ္တိရှင်မလေး Malala အကြောင်း သိကောင်းစရာ
"မိန်းကလေးတွေ ယောကျာ်းလေးတွေ ဘာကြောင့် ကျောင်းမသွားနိုင်ကြသလဲဆိုတဲ့ အခြေခံ အကြောင်းရင်းကို လေ့လာတဲ့အခါ အဓိက ဆင်းရဲမွဲတေမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဆင်းရဲမှုကြောင့် ကလေးတွေ အလုပ်ထွက်လုပ်ကြရပါတယ်။ ကလေးတွေ လူကုန်ကူး ခံကြရတယ်။ သူတို့မိသားစု ၀မ်းစာရေးအတွက်..." အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၁၉ -၂၀၁၃ ) နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၁၉ -၂၀၁၃ )
ဗုံးပေါက်ကွဲမှုတွေကို စစ်ဆေးရာမှာ မြန်မာအစိုးရနဲ့ KNU အကြား ပူးပေါင်း ဆောင်ရွက်နေတဲ့သတင်းနဲ့ အမေရိကန်ပြည်ထောင်စုရောက် အာရှနွယ်ဖွားတွေရဲ့ ရပ်တည်ရုန်းကန်မှုအကြောင်း သတင်းဆောင်းပါးနဲ့ ဥရောပ သမဂ္ဂရဲ့ လူ့အခွင့်အရေးဆုရှင် Malala Yousafzai အကြောင်း သတင်းဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

သီတင်းကျွတ်မီးပုံးလုပ်ငန်း သီတင်းကျွတ်မီးပုံးလုပ်ငန်း
မြန်မာနိုင်ငံမှာ အခုလို သီတင်းကျွတ်ကာလအတွင်း အရောင်းရဆုံးထဲမှာ ပါဝင်တဲ့ မီးပုံးလေးတွေကို အိမ်နီးချင်းနိုင်ငံတွေက ဝင်လာတဲ့ မီးပုံးတွေက စိန်ခေါ်ပါတယ်၊ အထူးသဖြင့် တရုတ်ဖြစ် မီးပုံးတွေကြောင့် မိရိုးဖလာ တပိုင်တနိုင် မီးပုံးလုပ်ရောင်းကြတဲ့ မြန်မာတွေရဲ့ ဈေးကွက် ထိခိုက်နေပါတယ်၊ ခုလိုအခြေအနေဖြစ်နေတဲ့ မီးပုံးဈေးကွက်နဲ့ သီတင်းကျွတ် မီးထွန်းပွဲအကြောင်းကို ကိုဇော်ဝင်းလှိုင်နဲ့ ဗွီအိုအေ ရန်ကုန် ၀ိုင်းတော်သားတွေ စုံစမ်း တင်ပြထားပါတယ်၊ အပြည့်အစုံ
 
စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
ပြီးခဲ့တဲ့ရက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကို စစ်ဆေးရာမှာ မြန်မာအစိုးရနဲ့ KNU အကြား ပူးပေါင်း ဆောင်ရွက်နေတဲ့ သတင်းနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပနိုင်ငံတွေကို သွားရောက်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
လူ့အခွင့်အရေးဆုရှင် Malala Yousafzai လူ့အခွင့်အရေးဆုရှင် Malala Yousafzai
အီးယူ ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဆင့်အမြင့်ဆုံးဆု ကို ပါကစ္စတန်နိုင်ငံက ကျောင်းသူလေး မလာလာယူစွတ်ဇိုင်ကို ချီးမြှင့်လိုက်ပါတယ်။ အမျိုးသမီးတွေ ပညာသင်နိုင်ရေး သူ့ရဲ့ ကြိုးပမ်းမှုကို ဟန့်တားဖို့အတွက် မနှစ်ကတာလီဗန်တွေ သေနတ် နဲ့ ပစ်ခတ် ခဲ့ရာမှာ သေလုနီးပါးဖြစ်ခဲ့ပါတယ်။ VOAသတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေး မှာပါ။ အပြည့်အစုံ
 
ပေါက်ကွဲမှု အစိုးရနဲ့ KNU ပူးပေါင်း စစ်ဆေး ပေါက်ကွဲမှု အစိုးရနဲ့ KNU ပူးပေါင်း စစ်ဆေး
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရနဲ့ KNU အဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်နေ တယ်လို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ ဗုံးခွဲမှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆထားတဲ့ စောမြင့်လွင်ကို KNU ဗဟိုအလုပ်အမှုဆောင်တဦး လာရောက်စစ်ဆေးနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ
 
Bionic Man ခေတ်မှီစက်ရုပ် Bionic Man ခေတ်မှီစက်ရုပ်
လမ်းလျှောက်နိုင်၊ စကားပြောနိုင်၊ ဆုပ်ကိုင်နိုင်၊ မြင်နိုင် ကြားနိုင်တဲ့ ခေတ်အမီဆုံး စက်ရုပ်ဟာဖြင့် Smithsonian အာကာသပြခန်းမှာ လူကြိုက်များနေပါတယ်။ ၀ါရှင်တန်ဒီစီမြို့တော်က အဲဒီစက်ရုပ်ကို ပြသထားတဲ့နေရာဆီ ဗွီအိုအေ သတင်းထောက် Julie Taboh က ကိုယ်တိုင်သွားကြည့်ပြီး ရေးသားထားတဲ့ ရုပ်သံသတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။ အပြည့်အစုံ
 
အမေရိကန်ရောက် အာရှနွယ်ဖွားများ အမေရိကန်ရောက် အာရှနွယ်ဖွားများ
အမေရိကန်တလွှား အာရှနွယ်ဖွား အမေရိကန်တွေ နေရာအနှံ့ရှိပေမဲ့ ကယ်လီဖိုးနီယားပြည်နယ် Los Angeles မြို့နယ်ကြီးမှာတော့ လူ အများဆုံးပါဘဲ။ မကြာသေးခင်ကထွက်ရှိခဲ့တဲ့ လေ့လာချက်စစ်တမ်း တခုအရ Los Angeles မြို့နယ်ကြီးမှာရှိတဲ့ ဒီအာရှနွယ်ဖွား ဦးရေဟာ သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၁၀ ကြားမှာ အလျင်မြန်ဆုံး တိုးပွါးလာခဲ့တာဖြစ်သလို အာရှနွယ်ဖွားတွေနဲ့ ပစိဖိတ် ကျွန်းသားတွေရဲ့ အလုပ်လက်မဲ့နှုန်းထားနဲ့ ဆင်းရဲ မွဲတေမှုတွေဟာလဲ ပိုများလာနေတယ်လို့ဆိုပါတယ်။ ကမ်ဘောဒီးယား ခမာလူမျိုးတွေအများဆုံးနေတဲ့ Long Beach မြို့ကနေ Elizabeth Lee သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က ဆက်ပြီးတင်ပြပါမယ်။ အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment