Friday, October 18, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၁၈၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၁၈၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ခေတ်သစ်ကျေးကျွန်ပြုမှု အဆိုးဆုံးနိုင်ငံ စာရင်းထဲ မြန်မာပါဝင် ခေတ်သစ်ကျေးကျွန်ပြုမှု အဆိုးဆုံးနိုင်ငံ စာရင်းထဲ မြန်မာပါဝင်
Walk Free Foundation က ထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ ခေတ်သစ်ကျေးကျွန်ပြုမှုနဲ့ ပတ်သက်လို့ ပထမဆုံး နိုင်ငံတကာ စစ်တမ်းမှာ ကမ္ဘာ့နိုင်ငံတွေထဲ ခေတ်သစ်ကျေး ကျွန်ပြုမှု အခြေအနေအဆိုးဆုံးနိုင်ငံ ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားပါတယ်။ အပြည့်အစုံ
 
ဗြိတိန်က မြန်မာစစ်တပ်ကို တိုက်ခိုက်ရေး သင်တန်းပေးမည်မဟုတ် ဗြိတိန်က မြန်မာစစ်တပ်ကို တိုက်ခိုက်ရေး သင်တန်းပေးမည်မဟုတ်
ဗြိတိသျှစစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံမှုရှိတယ်ဆိုပေမယ့် ဒါဟာ စစ်သင်တန်းပေးဖို့အတွက် မဟုတ်ပဲ ဒီမိုကရေစီ စံနစ်ထဲ ဗြိတိသျှစစ်တပ် ဂုဏ်ရှိရှိ တည်ရှိနေတာကို မြန်မာစစ်ခေါင်းဆောင်တွေ စံနမူနာယူနိုင်ဖို့အတွက်ဖြစ်တယ်လို့ ဗြိတိသျှသံအမတ်ကြီးက ပြောပါတယ်။ အပြည့်အစုံ
 
ဗုံးခွဲမှုဖေါ်ထုတ်ရေး ပါဝင်ဖို့ KNU ကမ်းလှမ်း ဗုံးခွဲမှုဖေါ်ထုတ်ရေး ပါဝင်ဖို့ KNU ကမ်းလှမ်း
"အဖြစ်မှန်ဖော်ထုတ်ရေး ကျနော်တို့ KNU မှာလည်း တာဝန်ရှိတယ်လို့ KNU ဗဟိုအနေနဲ့ သဘောထားတယ်။ အစိုးရက ကမ်းလှမ်းလာလို့ ရှိရင် နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အဖြစ်မှန်ကို ဖော်ထုတ်ပြီး အပြစ်ရှိတဲ့သူကို အပြစ်ရှိတဲ့အလျောက်အရေးယူသွားမှာဖြစ်တယ်။" အပြည့်အစုံ
 
သတင်းစာဆရာကြီး ဂါဒီးယန်းဦးစိန်ဝင်း ကွယ်လွန် သတင်းစာဆရာကြီး ဂါဒီးယန်းဦးစိန်ဝင်း ကွယ်လွန်
"ဦးစိန်ဝင်းကို ကျနော်အပြောချင်ဆုံးက ဘာလဲဆိုတော့ စကားနည်းနည်းပြောပြီးတော့ အလုပ်များများလုပ်တဲ့သူဖြစ်ပါတယ်။ အဓိက အကျဆုံးက သတင်းစာလွတ်လပ်ခွင့်နဲ့ပတ်သက်လာရင်တော့ အခိုင်မာဆုံးနဲ့ အပြတ်သားဆုံးလုပ်တဲ့ပုဂ္ဂိုလ်ထဲမှာ တစ်ယောက်ပါဝင်တယ်လို့ ကျနော်ပြောချင်ပါတယ်။" အပြည့်အစုံ
 
မြန်မာခရီးသွား သတိပေးချက် အနောက်နိုင်ငံတွေ ထုတ်ပြန် မြန်မာခရီးသွား သတိပေးချက် အနောက်နိုင်ငံတွေ ထုတ်ပြန်
"မြန်မာနိုင်ငံတွင်း အသေးစားဗုံးကွဲမှုတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေ တွေ့ရှိတာကြောင့် အမေရိကန်ပြည်ထောင်စုအပြင်၊ ဗြိတိန်၊ ပြင်သစ်နဲ့ သြစတြေးလျနိုင်ငံတို့ကလည်း သူတို့ သက်ဆိုင်ရာ နိုင်ငံသားတွေ မြန်မာပြည်ထဲ သွားလာရာမှာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။" အပြည့်အစုံ
 
နိုင်ငံတကာ

ဆီးရီးယား ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ လုံခြုံရေးစိုးရိမ် ဆီးရီးယား ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ လုံခြုံရေးစိုးရိမ်
လုံခြုံရေး စိတ်မချရပေမဲ့ စစ်ဆေးရေးမှူးတွေ အလုပ်မပျက်ကြတဲ့ အကြောင်း ဆီးရီးယားရောက် OPCW အဖွဲ့ရဲ့ အကြီးတန်းတာဝန်ရှိသူကပြောပါတယ်။ အပြည့်အစုံ
 
အမေရိကန် ဘဏ္ဍာရေးပြေလည်မှု တရုတ်ကြိုဆို အမေရိကန် ဘဏ္ဍာရေးပြေလည်မှု တရုတ်ကြိုဆို
အမေရိကန်လွှတ်တော်အမတ်တွေက အသုံးစရိတ် ကန့်သတ်ချက် တိုးပေးလိုက်ပြီး ပေးရန်တာဝန် ပျက်ကွက်မယ့် အလားအလာကနေ နောက်ဆုံး အချိန်မှာ ရှောင်ရှားနိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
လာအိုလေယာဉ် မဲခေါင်မြစ်ထဲပျက်ကျ ၄၉ ဦးသေဆုံး လာအိုလေယာဉ် မဲခေါင်မြစ်ထဲပျက်ကျ ၄၉ ဦးသေဆုံး
လာအိုအစိုးရပိုင် လေယာဉ်ပျက်ကျပြီး လိုက်ပါလာသူ ၄၉ ဦးစလုံး သေဆုံးခဲ့ရတာဟာ ဆိုးဝါးတဲ့ ရာသီဥတုကြောင့်လို့ လာအို အာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံ
 
အမေရိကန် အစိုးရလုပ်ငန်းတွေ အပြည့်အဝ လည်ပတ်ပြီ အမေရိကန် အစိုးရလုပ်ငန်းတွေ အပြည့်အဝ လည်ပတ်ပြီ
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားရတာ ၁၆ ရက် ကြာလာခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့မှာ ပြန်လည်လုပ်ကိုင်ခွင့်ရပြီဖြစ်ပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

အမေရိကန် နဲ့ မြန်မာ့ပြုပြင်ရေးမန္တန် အမေရိကန် နဲ့ မြန်မာ့ပြုပြင်ရေးမန္တန်
အောက်တိုဘာ ၁၇၊ ၂၀၁၃ - မြန်မာအစိုးရခေါင်းဆောင်ပိုင်းက ပြုပြင်ရေး မန္တန်ရွတ်ဆိုနေကြပေမယ့် အမေရိကန်ကုမ္မဏီတွေဟာ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံဖို့ တုံ့ဆိုင်းနေပုံကို သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၁၈-၂၀၁၃ ) နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၁၈-၂၀၁၃ )
ဗြိတိန်နဲ့ မြန်မာနှစ်နိုင်ငံ စစ်တပ် အချင်းချင်း ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဗြိတိန်သံအမတ်ကြီးရဲ့ ပြောဆိုချက်၊ မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုပ်နိုင်ငံ ခရီးစဉ်နဲ့ သတင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ ပုံမှန် ပြန်လည်ပတ်နေပြီ ဆိုတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အမေရိကန် အစိုးရလုပ်ငန်း ပုံမှန်ပြန်လည်ပတ် အမေရိကန် အစိုးရလုပ်ငန်း ပုံမှန်ပြန်လည်ပတ်
အမေရိကန်အစိုးရ လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ရေးနဲ့ ပေးစရာရှိတဲ့ ကြွေးမြီတွေ အချိန်မှီပေးနိုင်ရေး အတွက် အစိုးရ အကြွေးယူလည်ပတ်နိုင်တဲ့ အတိုင်းအတာကို ထပ်တိုးမယ့် ဥပဒေ လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်တဲ့အတွက် လုပ်ငန်း ရပ်ဆိုင်းခံခဲ့ရတဲ့ ၀န်ထမ်းတွေ မနေ့ကစပြီး အလုပ်ပြန်လုပ်နေကြပါပြီ။ VOA သတင်းထောက် Richard Green သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ခေတ်သစ် ကျေးကျွန်ခိုင်းစေမှု အစီရင်ခံစာ ခေတ်သစ် ကျေးကျွန်ခိုင်းစေမှု အစီရင်ခံစာ
ကမ္ဘာတ၀ှမ်း နိုင်ငံတွေမှာ လူသန်းပေါင်း သုံးဆယ်လောက် ကျေးကျွန်သဖွယ် အခိုင်းခံနေရတဲ့အကြောင်း သြစတေးလျ အခြေဆိုက် Walk Free လို့ခေါ်တဲ့ သုတေသနအဖွဲ့က ထုတ်ပြန်လိုက်တဲ့ ခေတ်သစ်ကျေးကျွန်ပြုမှုဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ လူတွေကို ကျေးကျွန်သဖွယ် ခိုင်းစေမှုတွေ ရှိနေတဲ့ အဆိုးဝါးဆုံး ဆယ်နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။ ကိုသားညွန့်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အိန္ဒိယ စွန့်ပယ်ခံ အမျိုးသမီးများ အိန္ဒိယ စွန့်ပယ်ခံ အမျိုးသမီးများ
အိန္ဒိယမြောက်ပိုင်း၊ Vrindavan မြို့က အစိုးရ ဂေဟာတွေမှာ အိန္ဒိယနိုင်ငံက မိသားစုဆွေမျိုးအသိုင်းအဝိုင်းက စွန့်ပယ်ခံထားရသူ မုဆိုးမ ၂ ထောင်နီးပါးနေထိုင်နေပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ဘဝမှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်အသက်ရှင် သွားသင့်ပါတယ်လို့ တရားရုံးချုပ်က မနှစ်တုန်းကတည်းက ပြဌာန်းသတ်မှတ်လိုက်ပြီးတဲ့နောက် ဒီနှစ်မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်တိုးတက်လာသလဲဆိုတာ ဗွီအိုအေသတင်းထောက် Aru Pande ပေးပို့ထားတဲ့သတင်းကို မခွာညိုက ပြောပြပေးပါမယ်။ အပြည့်အစုံ
 
သောကြာနေ့ မြန်မာ တီဗွီသတင်းများ သောကြာနေ့ မြန်မာ တီဗွီသတင်းများ
ဗြိတိန်နဲ့ မြန်မာနှစ်နိုင်ငံ စစ်တပ်ချင်းဆက်ဆံရေးနဲ့ အပေါ် ဗြိတိန်သံအမတ်ကြီးရဲ့ ပြောကြားချက်၊ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ သတင်းနဲ့ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ကွယ်လွန်တဲ့သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment