ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၀၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကလေးစစ်သားအသုံးပြုမှုကြောင့် မြန်မာအပေါ် အမေရိကန် စစ် အထောက်အကူပေးမှု ကန့်သတ် အမေရိကန်ပြည်ထောင်စုရဲ့ Child Soldiers Prevention Act “ကလေးစစ်သား အသုံးပြုမှုအကာအကွယ်ပေးရေး ဥပဒေ” အရ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအကူအညီတွေ ပိတ်ပင် ခံရတဲ့ နိုင်ငံစာရင်းထဲမှာ ပါရှိနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံ အစိုးရနဲ့ KIO မြစ်ကြီးနားမှာ ထပ်မံတွေ့ဆုံ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ရဲ့ဆွေးနွေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ နမ်ဘီးယား၊ တရုတ် နိုင်ငံက သံတမန်နှစ်ဦးတို့လည်း လေ့လာသူအဖြစ် တက်ရောက်ကြမှာဖြစ်ပါတယ်။ အပြည့်အစုံ ကျောင်းကုန်းဆူပူမှု အနည်းဆုံး လူ ၅ ဦးကိုဖမ်းဆီး လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားရာ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်အတွင်းမှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဆူပူစေအောင် စုဝေးမှုရှိခဲ့တဲ့အတွက် ဖမ်းဆီးမှု တချို့ရှိခဲ့ပါတယ်။ အပြည့်အစုံ အာရှနှင့်ပစိဖိတ်ဒေသအပေါ်အမေရိကန်သိန္နိဌာန်ခိုင်မာကြောင်း Kerry ပြောကြား သမ္မတကိုယ်စား APEC အစည်းအဝေးတက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry u အာရှ-ပစိဖိတ်ဒေသတွင်းကို အလေးထားဆဲဖြစ်ကြောင်း ဒေသတွင်းခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ Republican တွေ ခြိမ်းခြောက်မှုအောက် ဆွေးနွေးဖို့ အိုဘားမားငြင်းဆို အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေတဲ့အခြေအနေအဆုံးသတ်ဖို့ ရီပတ်ဘလီကင်တွေဘက်က ခြိမ်းခြောက်နေတာကို ညှိနှိုင်းသွားမှာ မဟုတ်ကြောင်း သမ္မတ ဘာရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။ အပြည့်အစုံ အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် အင်္ဂါနေ့ စထွက်မည် အမေရိကန်ငွေစက္ကူအတုလုပ်မှုတွေ ပိုပြီး ခေတ်မီတိုးတက်လာတာကို တန်ပြန်ဖို့အတွက် အသစ်ထုတ်ဝေလိုက်တဲ့ ဒေါ်လာ ၁၀၀ တန်မှာ အရင်က ဒေါ်လာတွေလိုပဲ အမေရိကန်တော်လှန်ရေးခေါင်းဆောင် ဖရင်ကလင်ရဲ့ ပုံကိုပဲ ရိုက်နှိပ်ထားပါတယ်။ အပြည့်အစုံ နိုဘဲလ်ဆေးသိပ္ပံဆု အမေရိကန်နဲ့ ဂျာမန်သုတေသီတွေရရှိ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ တနေရာကနေ တနေရာ ဘယ်လိုကူးလူးသွားလာကြသလဲဆိုတာကို သုတေသနပြုနေသူ သိပ္ပံပညာရှင် သုံးဦးကို ဒီနှစ်အတွက် ဆေးသိပ္ပံဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်လိုက်ပါတယ်။ အပြည့်အစုံ APEC ညီလာခံ စီးပွားရေးနဲ့ လုံခြုံရေး အဓိကဆွေးနွေးမည် ကမ္ဘာ့စီးပွားရေးပြန်လည်နလံထူလာဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုက အဖွဲ့ဝင် ၂၁ နိုင်ပါ APEC ကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ APEC ထိပ်သီး ညီလာခံ စတင် APEC ညီလာခံကို တက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဒေသတွင်း စီးပွားရေးပြန်ကောင်းလာတဲ့အနေအထားမှာ တနိုင်ငံနဲ့တနိုင်ငံ ဈေးကွက်ဖွင့်ထားကြဖို့ အင်ဒိုနီးရှားသမ္မတက တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး အာရပ်-အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့်အထိမ်းအမှတ်ဆင်နွှဲနေချိန် အားလပ်ရပ်ပွဲချိန်မှာ သမ္မတဟောင်းမော်စီကို ထောက်ခံသူနဲ့ရဲတွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် လူ ၅၀ ထက်မနည်း သေဆုံးပြီး ၂ ရာကျော် ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ အကြမ်းဖက်သမားတွေကို အမိဖမ်းမည်ဟု အမေရိကန်သတိပေး အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေဟာ ပြေးနိုင်ပေမဲ့ လုံခြုံအောင်တော့ ပုန်းနေလို့ မရဘူးလို့ အာရှ-ပစိဖိတ်နိုင်ငံများ စီးပွားပူးပေါင်းဆောင်ရွက်မှု ညီလာခံအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။ အပြည့်အစုံ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး လူ လေးဆယ်ကျော်ကို သက်ဆိုင်ရာက ထိန်းသိမ်းထားတဲ့ သတင်း၊ မြန်မာလူငယ်တွေအကြား အလုပ်အကိုင် ရှားပါးမှုနဲ့ အလုပ်လက်မဲ့ ဖြစ်ရတာတွေ အပေါ် သုံးသပ်ချက် ဆောင်းပါး၊ သမ္မတ အိုဘားမားရဲ့ အာရှ ခရီးစဉ်တွေ ဖျက်သိမ်းလိုက်တဲ့အပေါ် တုန့်ပြန်ချက် အမြင်တွေနဲ့ ဒီသတင်းပတ် အမေရိကန်နိုင်ငံရေးအခြေအနေ ဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး လူ လေးဆယ်ကျော်ကို သက်ဆိုင်ရာက ထိန်းသိမ်းထားတဲ့ သတင်း၊ KIO နဲ့ မြန်မာအစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် မြစ်ကြီးနားမြို့မှာ ထပ်မံ တွေ့ဆုံကြတဲ့ သတင်းတွေနဲ့၊ မယ်စကြာဝဠာ မြန်မာ မိုးစက်ဝိုင်ရဲ့ တုန့်ပြန်ဖြေရှင်းချက် သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ အမေရိကန်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ တစိတ်တပိုင်းအားဖြင့် ရပ်ဆိုင်းနေဆဲဖြစ်ပြီး အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ ဒီမိုကရက်ပါတီနဲ့ ရီပတ်ဗလစ်ကန် ပါတီအကြား အပြန်အလှန် ဝေဖန်ပြစ်တင် နေကြပါတယ်။ လက်ရှိအခြေအနေ ဒီသတင်းပတ် အမေရိကန်နိုင်ငံရေးအကြောင်း ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ APEC အစည်းအဝေး တက်ရောက်မယ့် အစီအစဉ်အပါအ၀င် အာရှ လေးနိုင်ငံခရီးစဉ်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ဖျက်သိမ်းလိုက်ပါတယ်။ ဒါကြောင့်လည်း အမေရိကန် အစိုးရရဲ့ ကတိက၀တ်တွေ အပေါ်မှာ အာရှ ဒေသတွင်း ခေါင်းဆောင်တွေအတွက် မေးခွန်းထုတ်စရာ တွေတိုးလာပါတယ်။ ဗွီအိုအေ သတင်းထောက် Jeff Custer သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်းက လူငယ်တွေအတွက် အလုပ်အကိုင် ရှားပါးတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပြီး လုပ်ငန်းရှင်တွေရဲ့ အလုပ်အကိုင် မတည်ငြိမ်သေးတာကလည်း လူငယ်တွေ အလုပ်လက်မဲ့ဖြစ်စေတဲ့ အကြောင်းရင်း တခုဆိုပြီး လေ့လာသူတွေက သုံးသပ်ပြောဆိုနေပါတယ်။ မြစ်မခ သတင်း အေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကလေးစစ်သားအသုံးပြုမှုကြောင့် မြန်မာအပေါ် အမေရိကန် စစ် အထောက်အကူပေးမှု ကန့်သတ်
အစိုးရနဲ့ KIO မြစ်ကြီးနားမှာ ထပ်မံတွေ့ဆုံ
ကျောင်းကုန်းဆူပူမှု အနည်းဆုံး လူ ၅ ဦးကိုဖမ်းဆီး
အာရှနှင့်ပစိဖိတ်ဒေသအပေါ်အမေရိကန်သိန္နိဌာန်ခိုင်မာကြောင်း Kerry ပြောကြား
Republican တွေ ခြိမ်းခြောက်မှုအောက် ဆွေးနွေးဖို့ အိုဘားမားငြင်းဆို
အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် အင်္ဂါနေ့ စထွက်မည်
နိုဘဲလ်ဆေးသိပ္ပံဆု အမေရိကန်နဲ့ ဂျာမန်သုတေသီတွေရရှိ
APEC ညီလာခံ စီးပွားရေးနဲ့ လုံခြုံရေး အဓိကဆွေးနွေးမည်
APEC ထိပ်သီး ညီလာခံ စတင်
အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး
အကြမ်းဖက်သမားတွေကို အမိဖမ်းမည်ဟု အမေရိကန်သတိပေး
No comments:
Post a Comment