ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၃၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
ဥရောပမုန်တိုင်း ၁၃ ဦးထက်မနည်း သေဆုံး "ဗြိတိန်နိုင်ငံမှာဆိုရင် ၅ နှစ်တာကာလအတွင်း အဆိုးရွားဆုံးဖြစ်တဲ့ ဒီမုန်တိုင်းကြီးကြောင့် လူ ၂ ဦး သစ်ပင်ပိ သေဆုံးသွားပြီး ကလေးငယ် ၁ ဦးလည်းပဲ သေဆုံးသွားခဲ့ပါတယ်။" အပြည့်အစုံ အမေရိကန် မြန်မာ စစ်ဘက်ဆက်ဆံရေး သတိနှင့်တိုးမြှင့်ဖို့ HRW တိုက်တွန်း "ဆက်ဆံရေး အလျှင်အမြန်လုပ်မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ မြန်မာ စစ်တပ် ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်မှာမဟုတ်သလို၊ စစ်တပ်က အရပ်သားအစိုးရအပေါ် လွှမ်းမိုးမှု ဆက်ပြီး ရှိနေဦးမှာပါ။ လူတွေကိုနှိပ်စက်တဲ့ စစ်တပ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံတယ်ဆိုတာပဲ ကျန်ပါလိမ့်မယ်" အပြည့်အစုံ စီးပွားရေးလုပ်ကိုင်ဖို့အခြေအနေ ကောင်းမွန်တဲ့နိုင်ငံတွေအနက် မြန်မာအဆင့် ၁၈၂ လိုက် "မြန်မာနိုင်ငံဟာ စီးပွားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ တိုးတက်ဖို့အတွက် လက်ခံနိုင်လောက်တဲ့ အတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ...." အပြည့်အစုံ ကချင်ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ဒေသခံတွေမျှော်လင့် "ကျမတို့ကတော့ အောင်မြင်ရင် ပိုကောင်းတယ်ပေါ့။ အခုက ဘာဖြစ်လို့လဲဆိုတော့ အခုတလော ဈေးလည်း ရောင်းမကောင်းဘူး။ ဘာအတွက်မှ မကောင်းဘူးလေနော် စစ်တိုက်လို့ရှိရင်။ ကျမတို့လည်း အခုက အဲ့လိုမျိုး ဆွေးနွေးပြီးလို့ရှိရင် မတိုက်ဖြစ်အောင်ပေါ့နော် မျှော်လင့်ပါတယ်။" အပြည့်အစုံ ဒေါ်စုကို ဂုဏ်ထူးဆောင် Turin မြို့တော်သူဆုချီးမြှင့် "ဒေါ်အောင်ဆန်းစုကြည် အခု ကျနော်တို့မြို့ဖြစ်တဲ့ အီတလီနိုင်ငံ Turin မြို့ကို ရောက်နေ ပါပြီ။ ကျနော်တို့မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် Turin မြို့တော်သူဆု ပေးအပ်ထားတာပါ။" အပြည့်အစုံ ဥရောပနိုင်ငံသားတွေအပေါ် အမေရိကန် လျှို့ဝှက်ထောက်လှမ်းခြင်းမရှိ NSA အကြီးအကဲထွက်ဆို "NSA က ရရှိတဲ့ ကမ္ဘာတဝှမ်း များပြားလှတဲ့ တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှု အချက်အလက်တွေကြောင့် လတ်တလော နှစ်တွေအတွင်း အမေရိကန် ပြည်ထောင်စုမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မယ့် အစီအစဉ် ၁၃ ခါနဲ့ ဥရောပမှာ ၂၅ ခါကို တားဆီးနိုင်ခဲ့တယ်" အပြည့်အစုံ Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ "မီးလောင်မှု ဖြစ်ပွားအပြီး နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံက ၀ီဂါလူမျိုးစုတွေ သုံးလေ့ရှိတဲ့ နာမည်နဲ့ လူ ၂ ယောက် တည်းခိုခဲ့တာ ရှိမရှိ အကြောင်းကြားဖို့ ရဲတပ်ဖွဲ့က ညွှန်ကြားထားတဲ့အကြောင်း ဘေဂျင်းမြို့က ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။" အပြည့်အစုံ FBI အကြီးအကဲသစ် Obama ခန့်အပ် သမ္မတဘုရှ်လက်ထက်က တယ်လီဖုန်းကြားဖြတ်နားထောင်ဖို့ အိမ်ဖြူတော်က တောင်းဆိုမှုကို တစိုက်မတ်မတ် ငြင်းဆန်လာခဲ့တဲ့ ဒုတိယရှေ့နေချုပ်ဟောင်း မစ္စတာ James Comey ကို FBI ညွန်ကြားရေးမှူးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အပြည့်အစုံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီနိုင်ငံ ခရီးစဉ်နဲ့ ဂုဏ်ထူးဆောင်မြို့တော်သူဆု လက်ခံပွဲတွေ၊ ၀ါရှင်တန် Heritage Foundation မှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေးဆွေးနွေးပွဲသတင်း အပါအ၀င် KIO ဌာနချုပ် လိုင်ဇာမှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံနဲ့ ကချင်ဒေသခံတွေရဲ့ မျှော်လင့်ချက်၊ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာဇော်ဦးနဲ့ VOA တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီနိုင်ငံခရီးစဉ်နဲ့ ဂုဏ်ထူးဆောင်မြို့တော်သူဆု လက်ခံပွဲတွေ အကြောင်းသတင်း၊ ၀ါရှင်တန်အခြေစိုက် Heritage Foundation သုတေသနအဖွဲ့ကြီးက ကျင်းပတဲ့ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ဆွေးနွေးပွဲအကြောင်းသတင်းနဲ့ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခြေအနေ၊ အမျိုးသမီးဖိုရမ် သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ လူဦးရေရဲ့ ၈.၁ % ခန့်ဟာ မျက်စိကွယ်တဲ့ရောဂါကို ခံစားနေကြရပြီး ကမ္ဘာပေါ်မှာ မျက်စိကွယ်နှုန်း အများဆုံးနိုင်ငံတွေထဲမှာ တနိုင်ငံအဖြစ် ပါဝင်နေပါတယ်။ အများစုကတော့ အတွင်းတိမ်ကြောင့် အမြင်အာရုံ ဆုံးရှုံးကြရတာဖြစ်ပါတယ်။ အခုအခါမှာ နီပေါနိုင်ငံက အတွင်းတိမ် ခွဲစိတ်ပညာရှင်တွေဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး လူနာ ၁,၀၀၀ ကို အခမဲ့ ခွဲစိတ် ကုသပေးနေပါတယ်။ ဒါဟာ နောင်မှာပြုလုပ်မယ့် ခွဲစိတ်ကုသမှုတွေထဲက တခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ Steve Sandford သတင်းပေးပို့ထားတာကို မမေစန္ဒီ ကပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး တွေဖြစ်ထွန်းလာဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးပါဝင်မယ့် ဆွေးနွေးပွဲကို ဒီကနေ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ်က လိုင်ဇာမြို့မှာ ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေသခံတိုင်းရင်းသားတွေ၊ KIO ရဲဘော်တွေရဲ့ မျှော်လင့်ချက်တွေအကြောင်း လိုင်ဇာကို ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အဓိကကျတဲ့ နောက်ထပ်ကိစ္စတခုဖြစ်တဲ့ ဗဟိုဦးစီးစနစ်နဲ့ ဗဟိုထိန်းချုပ်မှုတွေကို လျှော့ချပြီး ဒေသဆိုင်ရာနဲ့ အောက်ခြေအဆင့်တွေမှာ ဘယ်လို ခွဲဝေဆောင်ရွက်မှုတွေ လုပ်နေကြပြီလဲဆိုတာကို ဦးဇော်ဦးက ရှင်းပြထားပါတယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဥရောပမုန်တိုင်း ၁၃ ဦးထက်မနည်း သေဆုံး
အမေရိကန် မြန်မာ စစ်ဘက်ဆက်ဆံရေး သတိနှင့်တိုးမြှင့်ဖို့ HRW တိုက်တွန်း
စီးပွားရေးလုပ်ကိုင်ဖို့အခြေအနေ ကောင်းမွန်တဲ့နိုင်ငံတွေအနက် မြန်မာအဆင့် ၁၈၂ လိုက်
ကချင်ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ဒေသခံတွေမျှော်လင့်
ဒေါ်စုကို ဂုဏ်ထူးဆောင် Turin မြို့တော်သူဆုချီးမြှင့်
ဥရောပနိုင်ငံသားတွေအပေါ် အမေရိကန် လျှို့ဝှက်ထောက်လှမ်းခြင်းမရှိ NSA အကြီးအကဲထွက်ဆို
Tiananmen ရင်ပြင် ကားတိုက်မှု သံသယရှိသူတွေကို လိုက်လံရှာဖွေ
FBI အကြီးအကဲသစ် Obama ခန့်အပ်
VOA60 World
No comments:
Post a Comment