ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၁၅၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ Traders ဟော်တယ်ခန်းတွင်းပေါက်ကွဲမှု အမေရိကန်အမျိုးသမီး ဒဏ်ရာရ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီရက်ပိုင်းတွေအတွင်း ပေါက်ကွဲမှု အသေးစားတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး ဒီကနေ့မှာတော့ နာမည်ကြီး Traders ဟိုတယ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် အမေရိကန်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ ရနောင်းမြို့အနီး ပင်လယ်တွင်း မြန်မာနိုင်ငံသားအလောင်းတွေတွေ့ရှိ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင်လှေနဲ့ခိုးကူးလာကြတဲ့ မြန်မာနိုင်ငံသား ၃၀ လိုက်ပါလာတဲ့လှေတစ်စီး တိမ်းမှောက်ပြီး ဒါဇင်နဲ့ချီသေဆုံးပြီး အများအပြားပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အပြည့်အစုံ ရန်ကုန်နဲ့မန္တလေးမှာ ဗုံးတချို့ထပ်မံတွေ့ရှိ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဒီရက်ပိုင်းတွေအတွင်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး မပေါက်ကွဲရသေးတဲ့ဗုံးတွေကိုလည်း စားသောက်ဆိုင်တွေမှာ တွေ့နေရတဲ့အတွက် ပြည်သူလူထုကို သတိနဲ့နေကြဖို့ ရဲတပ်ဖွဲ့ နှိုးဆော်ထားပါတယ်။ အပြည့်အစုံ ရန်ကုန်၊ သာကေတ ဗုံးကွဲမှု ကလေးနှစ်ဦး ဒဏ်ရာရ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အခွန်လွတ်ဈေးရှေ့မှာ ကလေး ၂ ဦး ထိခိုက်ဒဏ်ရာစေခဲ့တဲ့ဗုံးပေါက်ကွဲမှုမှာ လက်သည်တရားခံဘယ်သူဆိုတာ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံ Libya က Al Qaida အကြမ်းဖက်သမားကို နယူးရောက်မှာ ရုံးတင် ၁၉၉၈ ခုနှစ်အတွင်း ကင်ညာနဲ့ တန်ဇန်နီးယားက အမေရိကန်သံရုံးတွေဗုံးခွဲမှုကို စီစဉ်ရာမှာ ကူညီသူအဖြစ် စွပ်စွဲခံရသူ Abu Anas al-Libi ကို ရုံးတင်စစ်ဆေးဖို့ နယူးယောက်ကို ခေါ်လာပြီ ဖြစ်ပါတယ်။ အပြည့်အစုံ အမေရိကန်အစိုးရ အသုံးစရိတ် အထက်လွှတ်တော်မှာ သဘောတူဖို့နီးစပ် သီတင်း ၂ ပတ်ကြာ ရပ်နားထားရတဲ့ အစိုးရလုပ်ငန်းတွေအခြေအနေနဲ့ အစိုးရချေးယူနိုင်တဲ့ငွေပမာဏတိုးမြှင့်ရေး သဘောတူညီချက်ရဖို့ နီးစပ်လာပြီလို့တွက်ဆထားကြောင်း အထက်လွှတ်တော်အမတ် မစ္စတာ Reid က ပြောပါတယ်။ အပြည့်အစုံ အစိုးရလုပ်ငန်းတချို့ ရပ်ထားရတဲ့အတွက် အမေရိကန်လွှတ်တော်ကို ဆန္ဒပြ အောက်တိုဘာ ၁ ရက်နေ့ကတည်းစကပြီး သီတင်း ၂ ပတ်ကြာ ပိတ်ထားရတဲ့ အစိုးရလုပ်ငန်းတွေကြောင့် အမေရိကန်ရဲ့မြို့ကြီးမြို့ငယ်တွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနေပါတယ်။ အပြည့်အစုံ စီးပွားရေးနိုဘယ်လ်ဆု အမေရိကန်ပညာရှင် ၃ ယောက် ပူးတွဲရရှိ စီးပွားရေးပညာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ စီးပွားရေးဈေးကွက်ကို စောင့်ကြည့်ရာမှာ အသုံးဝင်တဲ့ ဈေးနှုန်းဆိုင်ရာသုံးသပ်မှုတွေ ထူးထူးခြားခြားဆောင်ရွက်ခဲ့ကြသူ အမေရိကန်နိုင်ငံသား စီးပွားရေးပညာရှင်သုံးဦးကို ၂၀၁၃ စီးပွားရေးနိုဘယ်ဆု ချီးမြှင့်လိုက်ပါတယ်။ အပြည့်အစုံ ICRC ၀န်ထမ်း ၆ ဦး ဆီးရီးယားမှာ ပြန်ပေးဆွဲခံရ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ သေနတ်သမားတွေက ကြက်ခြေနီဝန်ထမ်း ၆ ဦးနဲ့ ဆီးရီးယား-အာရတ်လခြမ်းနီ အဖွဲ့ဝင်တစ်ယေက်ကို ပြန်ပေးဆွဲသွားကြောင်း ICRC နိုင်ငံတကာ ကြက်ခြေနီကော်မတီက အတည်ပြု ပြောကြားလိုက်ပါတယ်။ အပြည့်အစုံ အီဂျစ်ထောင်တွင်း အမေရိကန်နိုင်ငံသားတဦး ကိုယ့်ကိုကိုယ်အဆုံးစီရင် အီဂျစ်နိုင်ငံမှာ အတိုက်အခံတွေရဲ့လှုပ်ရှားမှုကို နှိပ်ကွပ်တဲ့အနေနဲ့ ထုတ်ထားတဲ့ ကာဖျူးအမိန့်ကို ချိုးဖောက်မှုနဲ့ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား James Lunn ဟာ Islamailia အကျဉ်းထောင်မှာ ဆွဲကြိုးချ အဆုံးစီရင်သွားပါတယ်။ အပြည့်အစုံ ရန်ကုန်မြို့နဲ့ နေရာတချို့မှာ ဒီရက်ပိုင်း ပေါက်ကွဲမှု တချို့ဖြစ်ပွားတဲ့သတင်း၊ ရန်ကုန် မင်္ဂလာဒုံမြို့နယ်က ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြကြတဲ့သတင်းနဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ၂၅ နှစ်ပြည့် အခမ်းအနား၊ အမေရိကန် နိုင်ငံရေး အခြေအနေ သတင်းဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ Black & White စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ အောက်တိုဘာ ၁၄၊ ၂၀၁၃ - ဒီတပတ် အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Black sheep, Black eye, White lie နဲ့ White wash တို့ကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ ဒီသတင်းပတ် အမေရိကန် နိုင်ငံရေးအခြေအနေ၊ အစိုးရလုပ်ငန်း တွေ ပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းမှုတွေအကြောင်းနဲ့၊ အစိုးရ ဘဏ္ဍာရေး အသုံးစရိတ်နဲ့ ပတ်သက်ပြီး သဘောတူညီမှုရအောင် ကြိုးစားနေတဲ့ အခြေအနေတွေကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ရန်ကုန်မြို့နဲ့ နေရာတချို့မှာ ဒီရက်ပိုင်း ပေါက်ကွဲမှု တချို့ဖြစ်ပွားတဲ့သတင်း၊ ရန်ကုန် မင်္ဂလာဒုံမြို့နယ်က ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြကြတဲ့သတင်းနဲ့ လက်ပန်းတောင်းတောင် ဒေသခံတွေရဲ့ ဆန္ဒပြပွဲသတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ အီရန်ရဲ့ နျူကလီယား လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အသစ်တက်လာတဲ့ အီရန်အစိုးရက အပြောင်းအလဲတွေ လုပ်နိုင်မလားဆိုတာကို သိရဖို့ အီရန်ညှိနှိုင်းရေးမှုးတွေနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ ဂျနီဗာမှာ စတင် ဆွေးနွေးနေကြပါတယ်။ အပြည့်အစုံ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံက အလုပ်သမား သမဂ္ဂ ခေါင်းဆောင် ၃ ယောက်ကို အလုပ်ရှင်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပဲ ရုတ်တရက် အလုပ်ဖြုတ်လိုက်တဲ့အတွက် အလုပ်သမား ၇၀၀ လောက် မနေ့က အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် မြန်မာနိုင်ငံအတွင်း ဆက်လက် ရပ်တည်သွားရေးအတွက် အခက်အခဲ အမျိုးမျိုးကြားက တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ မနေ့က ကျင်းပတဲ့ ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားအတွင်းမှာ လူ့ဘောင်သစ် ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ နိုင်ငံရေးပါတီတခုဖြစ်တာနဲ့အညီ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်သွားမယ်လို့လည်း ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့နေ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
Traders ဟော်တယ်ခန်းတွင်းပေါက်ကွဲမှု အမေရိကန်အမျိုးသမီး ဒဏ်ရာရ
ရနောင်းမြို့အနီး ပင်လယ်တွင်း မြန်မာနိုင်ငံသားအလောင်းတွေတွေ့ရှိ
ရန်ကုန်နဲ့မန္တလေးမှာ ဗုံးတချို့ထပ်မံတွေ့ရှိ
ရန်ကုန်၊ သာကေတ ဗုံးကွဲမှု ကလေးနှစ်ဦး ဒဏ်ရာရ
Libya က Al Qaida အကြမ်းဖက်သမားကို နယူးရောက်မှာ ရုံးတင်
အမေရိကန်အစိုးရ အသုံးစရိတ် အထက်လွှတ်တော်မှာ သဘောတူဖို့နီးစပ်
အစိုးရလုပ်ငန်းတချို့ ရပ်ထားရတဲ့အတွက် အမေရိကန်လွှတ်တော်ကို ဆန္ဒပြ
စီးပွားရေးနိုဘယ်လ်ဆု အမေရိကန်ပညာရှင် ၃ ယောက် ပူးတွဲရရှိ
ICRC ၀န်ထမ်း ၆ ဦး ဆီးရီးယားမှာ ပြန်ပေးဆွဲခံရ
အီဂျစ်ထောင်တွင်း အမေရိကန်နိုင်ငံသားတဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်
Black & White စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
VOA60 World
VOA60 USA
No comments:
Post a Comment