Tuesday, October 29, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၂၉၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၂၉၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ဒေါ်စု ဒီမိုကရေစီရေးကြိုးပမ်းမှု ပုပ်ရဟန်းမင်းကြီးထောက်ခံ ဒေါ်စု ဒီမိုကရေစီရေးကြိုးပမ်းမှု ပုပ်ရဟန်းမင်းကြီးထောက်ခံ
"မုန်းတီးမှု အားလုံးကို ကျမ ရှုတ်ချပါတယ်။ ကျမတို့နိုင်ငံအတွင်း နေထိုင်လျက် ရှိကြတဲ့ လူတွေ၊ လူမျိုးတွေကြား စိတ်ဝမ်းကွဲစေတဲ့ လုပ်ရပ်အားလုံးကိုလည်း ကျမ ပြစ်တင်ရှုတ်ချပါတယ်။” (ဒေါ်အောင်ဆန်းစုကြည်-အီတလီခရီးစဉ် သတင်းစာရှင်းလင်းပွဲ~မှ) အပြည့်အစုံ
 
အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း
ကုလအတွင်းရေးမှူးချုပ်က မြန်မာအစိုးရအနေနဲ့ ဘာသာရေးနဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်အောင်၊ အမုန်းတရားဖြန့်ချိသူတွေ၊ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ
 
အီတလီအစိုးရနဲ့ ဒေါ်စု မြန်မာ့အရေးဆွေးနွေး အီတလီအစိုးရနဲ့ ဒေါ်စု မြန်မာ့အရေးဆွေးနွေး
အီတလီအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံကြောင်းနဲ့ နှစ်နိုင်ငံစီးပွားရေးအတွက်လည်း အကျိုးတူပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ
 
ဂုဏ်ထူးဆောင်ရောမမြို့သူဆု ဒေါ်စု လက်ခံယူ ဂုဏ်ထူးဆောင်ရောမမြို့သူဆု ဒေါ်စု လက်ခံယူ
အီတလီနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ရောမ ဂုဏ်ထူးဆောင် မြို့သူဆုကို လက်ခံရယူခဲ့ပြီး တနင်္လာနေ့မှာ အီတလီနိုင်ငံခြားရေးဝန်ကြီး၊ ပုပ်ရဟန်းမင်းကြီးတို့နဲ့ သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

FBI အကြီးအကဲသစ် Obama ခန့်အပ် FBI အကြီးအကဲသစ် Obama ခန့်အပ်
သမ္မတဘုရှ်လက်ထက်က တယ်လီဖုန်းကြားဖြတ်နားထောင်ဖို့ အိမ်ဖြူတော်က တောင်းဆိုမှုကို တစိုက်မတ်မတ် ငြင်းဆန်လာခဲ့တဲ့ ဒုတိယရှေ့နေချုပ်ဟောင်း မစ္စတာ James Comey ကို FBI ညွန်ကြားရေးမှူးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အပြည့်အစုံ
 
မဟာမိတ်တွေအပေါ် အမေရိကန် လျှို့ဝှက် ထောက်လှမ်းမှု EU ရှုတ်ချ မဟာမိတ်တွေအပေါ် အမေရိကန် လျှို့ဝှက် ထောက်လှမ်းမှု EU ရှုတ်ချ
အမေရိကန်ပြည်ထောင်စုက မဟာမိတ်နိုင်ငံတွေအပေါ် သူလျှိုလုပ်ထောက်လှမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဆွေးနွေးဖို့ ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေ ဝါရှင်တန်ဒီစီကို ရောက်နေကြပါတယ်။ အပြည့်အစုံ
 
ကန်ထောက်လှမ်းရေး အစီအစဉ် စပိန်အစိုးရမေးခွန်းထုတ် ကန်ထောက်လှမ်းရေး အစီအစဉ် စပိန်အစိုးရမေးခွန်းထုတ်
အမေရိကန်လုံခြုံရေးဌာန ကံထရိုက်ဝန်ထမ်းဟောင်း Snowden ဖွင့်ချချက်တွေပေါ် အခြေခံပြီး အမေရိကန်ထောက်လှမ်းရေးက စပိန်နိုင်ငံက ဖုန်းခေါ်တဲ့ အကြိမ်ပေါင်း သန်း ၆၀ ကို ကြားဖြတ်နားထောင်တယ်ဆိုတဲ့ သတင်းတွေကြောင့် စပိန်နိုင်ငံက သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ
 
တရုတ်နိုင်ငံ Tiananmen ရင်ပြင် မတော်တဆမှု ၅ ဦးသေ တရုတ်နိုင်ငံ Tiananmen ရင်ပြင် မတော်တဆမှု ၅ ဦးသေ
တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ Tiananmen ရင်ပြင်ဂိတ်ဝမှာ ကားတစ်စီး ဝင်တိုက်မိပြီး မီးလောင်ကျွမ်းခဲ့ရာမှာ လူ (၅) ဦးသေဆုံးပြီး ၄၀ နီးပါး ဒဏ်ရာရခဲ့ကြပါတယ်။ အပြည့်အစုံ
 
ဂျာမဏီထောက်လှမ်းရေး တာဝန်ရှိသူများ အမေရိကန်လာရောက် ဂျာမဏီထောက်လှမ်းရေး တာဝန်ရှိသူများ အမေရိကန်လာရောက်
ဂျာမန်ဝန်ကြီးချုပ် Angela Merkel ရဲ့ လက်ကိုင်ဖုန်းအပါအ၀င် ဂျာမဏီနိုင်ငံက Mobile လက်ကိုင်ဖုန်းဆက်သွယ်ရေးတွေကို အမေရိကန်က ကြားဖြတ်နားထောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဆွေးနွေးဖို့ ဂျာမန်ထောက်လှမ်းရေး တာဝန်ရှိသူတွေ ၀ါရှင်တန်ကို စေလွှတ်လိုက်ပါတယ်။ အပြည့်အစုံ
 
ပါလက်စတိုင်း အကျဉ်းသားများ ဒုတိယသုတ်လွတ်မြောက် ပါလက်စတိုင်း အကျဉ်းသားများ ဒုတိယသုတ်လွတ်မြောက်
အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပြန်စနိုင်ခဲ့ပြီး နှစ်ဘက်သဘောတူညီချက်အရ နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ အကျဉ်းသားတွေကို ဒုတိယအသုတ်လွှတ်ပေးဖို့ အစ္စရေးဘက်က သဘောတူလိုက်ပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၀-၂၉ -၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၁၀-၂၉ -၂၀၁၃)
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံတဲ့သတင်း၊ KIO ဦးဆောင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပထမဆုံးကြိမ် ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အခြေအနေ၊ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဇော်ဦးနဲ့ VOA တွေ့ဆုံမေးမြန်းခန်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဒီသီတင်းပတ် အမေရိကန်နိုင်ငံရေး ဒီသီတင်းပတ် အမေရိကန်နိုင်ငံရေး
ဒီသတင်းပတ် အမေရိကန်နိုင်ငံရေးမှာ အစိုးရရဲ့ ဘဏ္ဍာရေး အသုံးစရိတ်နဲ့ပတ်သက်လို့ ဆွေးနွေးညှိ့နိုင်းမှုတွေက အဓိက လွှမ်းမိုးနေပါတယ်။ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အင်္ဂါနေ့ မြန်မာသတင်းများ အင်္ဂါနေ့ မြန်မာသတင်းများ
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံပြီး သြ၀ါဒခံယူတဲ့သတင်း၊ KIO ဦးဆောင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပထမဆုံးကြိမ် ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ
 
သမ္မတ အကြံပေး ဒေါက်တာဇော်ဦးနဲ့ VOA သမ္မတ အကြံပေး ဒေါက်တာဇော်ဦးနဲ့ VOA
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေဟာ အဓိက ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုပိုင်း အားနည်းချက်တွေ ရှိနေသေးတယ်လို့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ပညာရှင် ဒေါက်တာ ဦးဇော်ဦးက ပြောပါတယ်။ မကြာသေးခင်ကမှ သမ္မတအကြံပေးတဦးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဒေါက်တာ ဇော်ဦးကို ၀ါရှင်တန် ဒီစီ VOA ရုံးချုပ်မှာ မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ တွေ့ဆုံမေးမြန်းခန်းကို နှစ်ပိုင်းခွဲပြီး တင်ပြထားပါတယ်။ အပိုင်းတစ်ကို တင်ပြလိုက်ပါတယ်။ အပြည့်အစုံ
 
WHO တီဘီရောဂါတိုက်ဖျက်ရေး အစီရင်ခံစာ WHO တီဘီရောဂါတိုက်ဖျက်ရေး အစီရင်ခံစာ
တီဘီရောဂါ ကုသမှုတွေကြောင့် သန်း ၂၀ ကျော်သော လူတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၃ အစီရင်ခံစာက ဆိုပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာတလွှားက ဆေးမတိုးတော့တဲ့ တီဘီရောဂါတွေကို ရှာဖွေတာ ကုသမှု ပေးတာတွေမှာတော့ လိုအပ်ချက် ရှိနေဆဲပါလို့လည်း ဆိုထားပါတယ်။ ကုလသမဂ္ဂရဲ့ သတင်းဆောင်းပါး တပုဒ်ကို မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment