ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၂၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကချင်ဒုက္ခသည်တွေ အတွက် အကူညီပေးဖို့ ခက်ခဲ မြန်မာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ကြိုးပမ်းနေချိန် ကချင်ပြည်နယ်အတွင်း ကြိုကြားဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုအပ်နေပါတယ်။ အပြည့်အစုံ အီတလီခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်စုတွေ့ဆုံမည် အီတလီရောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုပ် Francis နဲ့ တနင်္လာနေ့မှာတွေ့မှာဖြစ်ပြီး အင်္ဂါနဲ့ဗုဒ္ဓဟူးနေ့ တူရင်းနဲ့ ဘိုလော့ခ်နာမြို့တွေမှာ ဂုဏ်ထူးဆောင်မြို့တော်သူဆုနဲ့ အော်လာမက်ခ်နာတက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ ဂုဏ်ထူးဆောင် ဒဿနိကဗေဒဘွဲ့ကို လက်ခံယူပါလိမ့်မယ်။ အပြည့်အစုံ ကချင်ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ် ကချင်ပြည်နယ်အတွင်း တကျော့ပြန် စစ်ရေးတင်မာမှုတွေကြောင့် ထောင်ချီတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူအညီတွေလိုအပ်နေကြောင်း ကချင်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံ ပါလက်စတိုင်းအကျဉ်းသားများ ဒုတိယသုတ်လွတ်မြောက် အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပြန်စနိုင်ခဲ့ပြီး နှစ်ဘက်သဘောတူညီချက်အရ နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ အကျဉ်းသားတွေကို ဒုတိယအသုတ်လွှတ်ပေးဖို့ အစ္စရေးဘက်က သဘောတူလိုက်ပါတယ်။ အပြည့်အစုံ အိန္ဒိယဗုံး လူ ၅ ဦးထက်မနည်း သေဆုံး အိန္ဒိယနိုင်ငံအရှေ့ပိုင်းပြည်နယ် မြို့တော်တစ်ခုမှာ ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရထားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ အပြည့်အစုံ နိုင်ငံပိုင်ကုမ္ပဏီသတင်း လုပ်ကြံရေးသားမှု တရုတ်သတင်းထောက် ၀န်ခံ ဂွမ်ဂျိုးမြို့အခြေစိုက် New Express သတင်းစာတိုက်သတင်းထောက် ချန်ယန်ဂျို့ကို အစိုးရပိုင်ကုမ္ပဏီတခုက ငွေကြေး အလွဲသုံးတယ်ဆိုတဲ့သတင်း လုပ်ကြံရေးသားမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံ ဆီးရီးယား ငြိမ်းချမ်းရေးညီလာခံ အီရန်ပါဝင်ရေး ကုလကိုယ်စားလှယ်အကြံပြု Switzerland နိုင်ငံ Geneva မြို့မှာ ရှေ့လကျင်းပမဲ့ ငြိမ်းချမ်းရေးညီလာခံကိုတက်ဖို့ အီရန်နိုင်ငံကို ဖိတ်သင့်တယ်လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ကိုယ်စားလှယ် Lakhdar Brahimi က ပြောလိုက်ပါတယ်။ အပြည့်အစုံ တည်ငြိမ်အာမခံရှိမယ့် ဘဏ်စနစ် ပေါ်ပေါက်ရေး အောက်တိုဘာလ ၂၇၊ ၂၀၁၃ - မြန်မာနိုင်ငံ ဘဏ်စနစ်လုပ်ငန်းပိုင်းဆိုင်ရာ နဲ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာတို့ကို ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကချင်ဒုက္ခသည်တွေ အတွက် အကူညီပေးဖို့ ခက်ခဲ
အီတလီခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်စုတွေ့ဆုံမည်
ကချင်ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်
ပါလက်စတိုင်းအကျဉ်းသားများ ဒုတိယသုတ်လွတ်မြောက်
အိန္ဒိယဗုံး လူ ၅ ဦးထက်မနည်း သေဆုံး
နိုင်ငံပိုင်ကုမ္ပဏီသတင်း လုပ်ကြံရေးသားမှု တရုတ်သတင်းထောက် ၀န်ခံ
ဆီးရီးယား ငြိမ်းချမ်းရေးညီလာခံ အီရန်ပါဝင်ရေး ကုလကိုယ်စားလှယ်အကြံပြု
တည်ငြိမ်အာမခံရှိမယ့် ဘဏ်စနစ် ပေါ်ပေါက်ရေး
No comments:
Post a Comment