Saturday, October 5, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၀၅၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၀၅၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

နိုင်ငံရေးနယ်ပယ်မှာ ကျား-မ တန်းတူရေး ဒေါ်စုဆွေးနွေး နိုင်ငံရေးနယ်ပယ်မှာ ကျား-မ တန်းတူရေး ဒေါ်စုဆွေးနွေး
“ပြောတော့သာ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျား-မ မခွဲခြားဘူးလို့ဆိုတယ်၊ .တပ်မတော် ကိုယ်စားလှယ်တွေထဲ အမျိုးသမီး ဘယ်နှစ်ယောက် ပါသလဲ။.. အဲဒီတော့ အမျိုးသားတွေက ဆုံးဖြတ်ရမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ အဲဒါ ကျား-မ ခွဲခြားခြင်း မဟုတ်ဘူးလား" (ဒေါ်အောင်ဆန်းစုကြည်) အပြည့်အစုံ
 
သံတွဲအခြေအနေ တည်ငြိမ်စပြု သံတွဲအခြေအနေ တည်ငြိမ်စပြု
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဆူပူအကြမ်းဖက်မှုတွေ သီတင်းတပတ်ကြာဖြစ်ခဲ့ရာက အခြေအနေပြန်လည်တည်ငြိမ်စပြုလာပေမဲ့ ဒေသခံတွေကြားမှာ စိုးရိမ်ပူပန်နေကြဆဲ ဖြစ်နေပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အမေရိကန်အစိုးရဘတ်ဂျက် ပြေလည်ဖို့ လက္ခဏာမတွေ့ရသေး အမေရိကန်အစိုးရဘတ်ဂျက် ပြေလည်ဖို့ လက္ခဏာမတွေ့ရသေး
အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းထားရပြီး ရုံးမတက်ရတဲ့ဝန်ထမ်းတွေကို သက်သာဈေးနဲ့ ရောင်းချပေးတဲ့ဆိုင်မှာ သမ္မတနဲ့ ဒု-သမ္မတတို့က သွားရောက်အားပေးရင်းနေ့လည်စာ ဝယ်စားခဲ့ကြပါတယ်။ အပြည့်အစုံ
 
အာဖရိကလှေစီးပြေး အလောင်းတွေ အီတလီကမ်းခြေမှာ ထပ်မံတွေ့ရှိ အာဖရိကလှေစီးပြေး အလောင်းတွေ အီတလီကမ်းခြေမှာ ထပ်မံတွေ့ရှိ
အာဖရိကတိုက်သား ရွှေ့ပြောင်းအခြေစိုက်သူတွေ သယ်ဆောင်လာတဲ့ လှေတစ်စင်း အီတလီနိုင်ငံ၊ Lampedusa ကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ မီးလောင်နစ်မြုပ်သွားခဲ့ပြီး နောက်ထပ် သေဆုံးသူတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံ
 
သမ္မတအိုဘားမား အာရှခရီးစဉ်ဖျက်သိမ်း သမ္မတအိုဘားမား အာရှခရီးစဉ်ဖျက်သိမ်း
ပိတ်ထားတာ ၄ ရက်ရှိပြီဖြစ်တဲ့ အစိုးရလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်နိုင်ဖို့ ရီပတ်ဘလီကင်တွေကို ဖိအားပေးရမှာဖြစ်လို့ သမ္မတအိုဘားမားရဲ့ အာရှခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံ
 
သိပ္ပံနဲ့နည်းပညာ

 မြန်မာကျောင်းသားတွေအတွက် ကွန်ပြူတာ Interface မြန်မာကျောင်းသားတွေအတွက် ကွန်ပြူတာ Interface
မြန်မာနိုင်ငံက စာသင်ခန်းတွေမှာ ကွန်ပြူတာ အင်တာဖေ့စ် တွေ သုံးနိုင်ဖို့ ကျိုးစားနေတာတွေကို ပြောပြထားပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

နိုင်ငံခြားအရင်းအနှီး နဲ့ နိုင်ငံခြားအကူအညီ နိုင်ငံခြားအရင်းအနှီး နဲ့ နိုင်ငံခြားအကူအညီ
အောက်တိုဘာ ၅၊ ၂၀၁၃ - နိုင်ငံခြားအရင်းအနှီး နဲ့ နိုင်ငံခြားအကူအညီ တိုးပွားလာပေမယ့် ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းနေဆဲဖြစ်ကြောင်း သုံးသပ်တင်ပြထား ... အပြည့်အစုံ
 
နေ့စဉ် တီဗွီသတင်းလွှာ

နေ့စဉ်တီဗွီသတင်းလွှာ (၁၀-၀၅-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၁၀-၀၅-၂၀၁၃)
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ငြိမ်သက်သွားပေမယ့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ရှိနေသေးတဲ့သတင်း၊ လွတ်လပ်မှုရလာတဲ့ မြန်မာ့ပန်းချီ အနုပညာဈေးကွက်အကြောင်း နဲ့ သမ္မတ Barack Obama အာရှနိုင်ငံတွေကိုသွားမယ့် ခရီးစဉ် ဖျက်သိမ်းလိုက်တဲ့အပေါ် တုန့်ပြန်မှုတွေ၊ အမေရိကန် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းပြီးတဲ့နောက် ၀ါရှင်တန်မြို့ခံ အစိုးရ၀န်ထမ်းတွေရဲ့ အခြေအနေ သတင်းဆောင်းပါးတွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

သမ္မတအိုဘားမား အာရှခရီးစဉ် ဖျက်သိမ်း သမ္မတအိုဘားမား အာရှခရီးစဉ် ဖျက်သိမ်း
အမေရိကန် အစိုးရလုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားရတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် APEC အာရှပစိတ်ဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ညီလာခံကို သမ္မတအိုဘားမား မတက်ရောက်နိုင်တော့ပဲ သူ့ကိုယ်စား နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တက်ရောက်နေပါတယ်။ သမ္မတအိုဘားမားရဲ့ အာရှ ခရီးစဉ်တွေ ဖျက်သိမ်းလိုက်တဲ့အတွက် အမေရိကန် ပြည်ထောင်စုရဲ့ အာရှဒေသ အပေါ် သြဇာသက်ရောက်ရေး ကြိုးပမ်းချက်တွေအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ အာရှနိုင်ငံတွေကတော့ အမေရိကန် ပြည်ထောင်စုရဲ့ ဘဏ္ဍာရေး ပြသနာ တခြား နေရာတွေကိုပါ ရိုက်ခတ်မှာကို စိုးရိမ်နေပါတယ်။ ကိုဥာဏ်ဝင်းအောင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
စနေနေ့ မြန်မာ တီဗွီသတင်းများ စနေနေ့ မြန်မာ တီဗွီသတင်းများ
ရခိုင်ပြည်နယ်အတွင်း သွေးထွက်သံယို ပဠိပက္ခတွေ ငြိမ်သက် သွားပေမယ့် ဒေသခံတွေ အကြား စိုးရိမ်မှုတွေရှိနေတဲ့ သတင်း၊ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတချို့မှာ ကလေး စစ်သား အသုံးပြုမှုတွေ ရှိနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက စစ်ရေးအကူအညီ ဆိုင်းငံ့မယ်ဆိုတဲ့သတင်းနဲ့ Ford ကားကုမ္မဏီအရောင်းပြခန်း မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်လိုက်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဝါရှင်တန်မြို့တော် အစိုးရ၀န်ထမ်းများ ၀ါရှင်တန်မြို့တော် အစိုးရ၀န်ထမ်းများ
အမေရိကန်ပြည်ထောင်စုမှာ ဗဟိုအစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ တစိတ်တပိုင်းအားဖြင့် ရပ်ဆိုင်းချိန်မှာ အစိုးရ ၀န်ထမ်း ရှစ်သိန်းလောက် အလုပ်ရပ်ဆိုင်းခံရတဲ့အတွက်၊ ၀ါရှင်တန်မြို့တော်နဲ့ အနီးဝန်းကျင်မှာ နေထိုင်တဲ့ ၀န်ထမ်းတွေ အလုပ်မလုပ်ရတော့ပါဘူး။ လစာအပြည့်မရရင် အိမ်လခ အပါအ၀င်၊ ပေးဆပ်ရမယ့် ငွေတွေနဲပတ်သက်လို့ ဘယ်လို ဖြေရှင်းမလဲဆိုပြီး စိုးရိမ်မှုတွေလည်း ၀န်ထမ်းတွေအကြားမှာ ရှိနေပါတယ်။ ဒီလို ၀န်ထမ်းတွေရဲ့ စိုးရိမ်မှုနဲ့ အကြပ်အတည်းကို စာနာသူတွေလည်း ရှိတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Arash Arabasadi သတင်းပေးပို့ထားပါတယ်။ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
နိုင်ငံရေးပွင့်လင်းမှုနဲ့ အနုပညာဈေးကွက် နိုင်ငံရေးပွင့်လင်းမှုနဲ့ အနုပညာဈေးကွက်
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွှတ်လပ်မှု ပိုရှိလာတာနဲ့အတူ ပန်းချီ အနုပညာဈေးကွက်ဟာလည်း လွှတ်လပ်မှုတွေ ပိုပြီး ရှိလာနေတာပါ။ လူထုကြားမှာ ရှိနေတဲ့ ပန်းချီကားတွေဟာလည်း နိုင်ငံရေးနဲ့ မဆိုင်တာတွေပဲ ဖြစ်ပါတယ်။ Abstract လို့ ခေါ်တဲ့ အတွေးစိတ်ကူးပေါ် အခြေခံတဲ့ စိတ္တဇပန်းချီအပေါ် ပိုပြီး လက်ခံလာနေကြပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment