ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၁၁၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာ ရတဲ့အပေါ် တုန့်ပြန်ယူဆမှုများ မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့အချိန်မှာ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေး တိုးတက်မှုတွေပိုရလာဖို့ မျှော်လင့်တဲ့ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆိုပါတယ်။ အပြည့်အစုံ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုးတက်မှုရှိဟု ကုလ ကိုယ်စားလှယ်ယူဆ "နောက်ဆုံးဆွေးနွေးပွဲကနေ တိမ်းရှောင်နေရတဲ့ ပြည်တွင်းဒုက္ခသည်တွေကို အကူအညီပေးရေးနဲ့ နေရာပြန်လည်ချထားရေး စတဲ့ ကိစ္စရပ်တွေအပါအ၀င် သိသာထင်ရှားတဲ့ တိုးတက်မှုရလာဒ် ရခဲ့တယ်။ အကြမ်းဖက်မှုတွေ လျော့ကျ လာရေးအတွက် နှစ်ဖက်စလုံးက ဆောင်ရွက်သွားဖို့ ကတိက၀တ်ပြုခဲ့ကြတယ်။" အပြည့်အစုံ ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ လာမယ့် အောက်တိုဘာလ ၁၁ ရက် သောကြာနေ့ မနက်ပိုင်းမှာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လူအုပ်စုချင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ ပြေလည်ရေးအတွက် ဆွေးနွေးဖို့ရှိပါတယ်။ အပြည့်အစုံ အာဆီယံ ဥက္ကဋ္ဌ ရာထူး မြန်မာလက်ခံရယူပြီ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်ဖို့ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘဂါဝန်မြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးရဲ့ နောက်ဆုံးနေ့မှာ မြန်မာနိုင်ငံက တရားဝင်လွှဲပြောင်း ရယူလိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာ့ခရီးသွား တိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း "ကျနော်တို့ အခု ဒီ Private Public Partnership က အရေးကြီးတယ်။ အဲဒီတော့ ကျနော်တို့ လာတဲ့အခါမှာကို ကျနော်တို့ရဲ့ ဌာနဆိုင်ရာကြီးပဲ မဟုတ်ဘူး။ Private Sector လည်း ပါတယ်။ Private Sector နဲ့ ပတ်သက်ရင်လည်း သူတို့ အကုန် ဆွေးနွေးနိုင်တယ်။" အပြည့်အစုံ အမေရိကန် ဘဏ္ဍာရေး အကြပ်အတည်း ညှိုနှိုင်းမှု အလားအလာကောင်း အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးတွေမပျက်မကွက် ပေးဆပ်နိုင်ရေးအတွက် ရန်ပုံငွေ ကန့်သတ် ထားတာထက် တိုးပြီးသတ်မှတ်ရေး အလားအလာရှိတဲ့ လှုပ်ရှားမှုတွေ ကြာသပတေးနေ့က တွေ့ခဲ့ရပါ တယ်။ အပြည့်အစုံ ပြန်ပေးဆွဲ ခံရသူ လစ်ဗျား ဝန်ကြီးချုပ် ပြန်လွတ် လစ်ဗျား ၀န်ကြီးချုပ် Ali Zeidan ဟာ ထရီပိုလီမြို့တော်မှာရှိတဲ့ အစိုးရဌာနရချုပ်ရှိရာကို ဘေးကင်းစွာနဲ့ပြန်ရောက်လာပါပြီ။ အပြည့်အစုံ ကနေဒါ စာရေးဆရာမ Alice Munro စာပေနိုဘယ်ဆုရရှိ မွန်ရိုဟာ စာပေဆိုင်ရာနိုဘဲလ်ဆု ချီးမြှင့်ခံရတဲ့ ၁၃ ဦးမြောက် အမျိုးသမီးဖြစ်ပါတယ်။ အပြည့်အစုံ ပါကစ္စတန်သူလေး Malala Yousafzai ဥရောပသမဂ္ဂရဲ့ Sakharov ဆုချီးမြှင့်ခံရ အီးယူ ဥရောပသမဂ္ဂရဲ့ လူ့အခွင့်ရေးဆိုင်ရာ အမြင့်ဆုံးဆုဖြစ်တဲ့ Sakharov ဆုကို ပါကစ္စတန်ကျောင်းသူလေး Malala Yousafzai ကိုချီးမြှင့်လိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံ Republicanအမတ်တွေနဲ့ အိမ်ဖြူတော်မှာဆွေးနွေးပေမဲ့ ပြေလည်မှု မရ "ရီပတ်ပလစ်ကန် အမတ်တွေအနေနဲ့ အစိုးရလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့နဲ့ အစိုးရချေးငွေပမာဏ သတ်မှတ်ဖို့ တိုးမြှင့်ပေးဖို့ ဥပဒေကြမ်းတွေကို အတည်ပြုပေးတာ လုပ်သင့်တဲ့ကိစ္စတွေကို လုပ်ဆောင်မယ်လို့ သမ္မတအနေနဲ့ ယုံကြည်မျှော်လင့်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ" အပြည့်အစုံ Janet Yellen အား အမေရိကန်ဗဟိုဘဏ် ဥက္ကဌသစ်အဖြစ် သမ္မတ အမည်တင်သွင်း "တကယ်လို့သာ Yellen ကို ဗဟိုဘဏ်ဥက္ကဌအဖြစ် ခန့်အပ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ နှစ်ပေါင်း ၁၀၀ အတွင်း ဗဟိုဘဏ်ရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဌ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။" အပြည့်အစုံ UNHCR အမြင့်ဆုံးဆုဖြစ်တဲ့ Nansen ဆုကို Angelique Namaika ရရှိ "Sister Angelique Namaika ကို ကွန်ဂိုနိုင်ငံမှာ စစ်ဘေးဒဏ်သင့်ခဲ့တဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ဘ၀ ပြန်လည် ထူထောင်ရေးအတွက် စွမ်းဆောင်ပေးခဲ့သူတယောက်အနေနဲ့ ချီးမြှင့်ခဲ့တာပါ။" အပြည့်အစုံ ASEAN ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်ဖို့ မြန်မာ နိုင်ငံက တရားဝင်လွှဲပြောင်း ရယူလိုက်တဲ့သတင်းနဲ့ သုံးသပ်ချက်တွ၊ KIO နဲ့ မြန်မာ အစိုးရ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ အခြေအနေနဲ့ အီဂျစ်နိုင်ငံကိုပေးနေတဲ့ စစ်ရေးဆိုင်ရာ အထောက်အပံ့နဲ့ ငွေကြေးအကူအညီ တချို့ကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းလိုက်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုက အီဂျစ်နိုင်ငံကို ပေးနေတဲ့ စစ်ရေးဆိုင်ရာ အထောက်အပံ့နဲ့ ငွေကြေးအကူအညီတချို့ကို ရပ်ဆိုင်း ထားလိုက်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံသူတွေအပေါ် စစ်တပ်က အကြမ်းဖက် အင်အားသုံး နှိမ်နှင်းနေတာတွေနဲ့ ထိရောက်တဲ့ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုတွေ မတွေ့တာကြောင့်ဆိုပြီး အမေရိကန် အစိုးရက တာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။ အပြည့်အစုံ အာဆီယံ အဖွဲ့အတွင်း ၂၀၁၅ မှာ ချမှတ်ထားတဲ့ ဘုံရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာရေးဟာ မြန်မာနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှု ဘယ်အတိုင်းအတာအထိ ထိရောက်မလဲ ဆိုတာအပေါ် မူတည်မယ့် အကြောင်း အာဆီယံဒေသ ပြည်သူတွေရဲ့ အခန်းကဏ္ဍ တိုးမြင့်ရေးဆောင်ရွက်နေတဲ့ Myanmar People Forum Working Group မြန်မာ့လူမှုအသိုင်းအ၀ိုင်း လုပ်ငန်းအဖွဲ့ က ကိုကျော်လင်းဦး က ပြောဆိုပါတယ်။ ကိုကျော်လင်းဦးကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ကိုဇော်ဝင်းလှိုင် ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေဆဲဖြစ်ပြီး လူမျိုးရေးအသွင်ဆောင်တဲ့ ပဠိပက္ခတွေ ရှိနေတာကြောင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူတာဟာ စောနေသေးတယ်ဆိုပြီး ဖေ၀န်သူတချို့ ရှိနေပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံအနေနဲ့ ဒီတာဝန်ကို ယူသင့်တဲ့ အချိန်ရောက်ပါပြီဆိုပြီး ကြိုဆိုသူတွေလည်း ရှိနေပါတယ်။ မအေးသန္တာကျော်က ဆက်ပြီး တင်ပြပါလိမ့်မယ်။ASEAN myanmar အပြည့်အစုံ ASEAN ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်ဖို့ မြန်မာ နိုင်ငံက တရားဝင်လွှဲပြောင်း ရယူလိုက်တဲ့သတင်းနဲ့ ဒီသတင်းနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွ၊ KIO နဲ့ မြန်မာ အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ အခြေအနေ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံက တရားဝင်လွှဲပြောင်း ရယူလိုက်ပြီဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘဂါဝန်မြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူလိုက်တာပါ။ ကိုအောင်လွင်ဦးက ဆက်ပြီးတင်ပြပါလိမ့်မယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာ ရတဲ့အပေါ် တုန့်ပြန်ယူဆမှုများ
ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုးတက်မှုရှိဟု ကုလ ကိုယ်စားလှယ်ယူဆ
ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်
မြန်မာ့ခရီးသွား တိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
အမေရိကန် ဘဏ္ဍာရေး အကြပ်အတည်း ညှိုနှိုင်းမှု အလားအလာကောင်း
ပြန်ပေးဆွဲ ခံရသူ လစ်ဗျား ဝန်ကြီးချုပ် ပြန်လွတ်
ကနေဒါ စာရေးဆရာမ Alice Munro စာပေနိုဘယ်ဆုရရှိ
ပါကစ္စတန်သူလေး Malala Yousafzai ဥရောပသမဂ္ဂရဲ့ Sakharov ဆုချီးမြှင့်ခံရ
Republicanအမတ်တွေနဲ့ အိမ်ဖြူတော်မှာဆွေးနွေးပေမဲ့ ပြေလည်မှု မရ
Janet Yellen အား အမေရိကန်ဗဟိုဘဏ် ဥက္ကဌသစ်အဖြစ် သမ္မတ အမည်တင်သွင်း
UNHCR အမြင့်ဆုံးဆုဖြစ်တဲ့ Nansen ဆုကို Angelique Namaika ရရှိ
VOA60 USA
No comments:
Post a Comment