Thursday, October 24, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - အောက်တိုဘာလ ၂၄၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
အောက်တိုဘာလ ၂၄၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ပေါက်ကွဲမှု ဂယက်နဲ့ ခရီးသွားလုပ်ငန်း ပေါက်ကွဲမှု ဂယက်နဲ့ ခရီးသွားလုပ်ငန်း
မကြာသေးခင်က မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုနဲ့ ဖေါက်ခွဲရေးပစ္စည်းတွေ ရှာဖွေတွေ့ရှိမှုတွေကြောင့် ပြည်ပက လာရောက်လည်ပတ်မယ့် ခရီးသည်တွေအကြား စိုးရိမ်မှုတွေ ရှိနေပြီး ခရီးသွား လုပ်ငန်းအပေါ် ထိခိုက်နစ်နာမှုတွေ ရှိလာနေပါတယ်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ခရီးသည်တွေ နည်းသွားမှာကို ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ စိုးရိမ်နေကြပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ်နဲ့ တွေ့မည် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ်နဲ့ တွေ့မည်
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ရောက်ရှိနေပြီး ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား Charles၊ ကြင်ယာတော် Camilla တို့နဲ့ လန်ဒန်မြို့တော်က ချားလ်စ်မင်းသားရဲ့စံအိမ် Clarence House မှာ တွေ့ဆုံခဲ့ပါတယ်။" အပြည့်အစုံ
 
စစ်တပ်ရဲ့သံသယ KIA ထောက်ပြ စစ်တပ်ရဲ့သံသယ KIA ထောက်ပြ
"သမ္မတက ဒီလို လမ်းညွှန်ချက် ချပြီး လုပ်မယ်။ စစ်တပ်ရဲ့ Military Attitude က တမျိုးဖြစ်နေတယ်။ ဆိုတော့ ဒီကွာဟမှုတွေက သံသယကို အမြဲတမ်းဖြစ်စေ တယ်။ ဖြစ်သင့်တာက သမ္မတ ညွှန်ကြားမှုအောက်မှာ အားလုံးက တပေါင်းတည်းဖြစ်ဖို့ အရေးကြီးပါတယ်။" အပြည့်အစုံ
 
နိုင်ငံတကာ

အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး တိုးတက်ဖို့ဆွေးနွေး အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး တိုးတက်ဖို့ဆွေးနွေး
"ပါကစ္စတန်နိုင်ငံထဲမှာ အမေရိကန် မောင်းသူမဲ့ Drone ယာဉ်တွေသုံးပြီး တိုက်ခိုက်နေတာကို ရပ်ဖို့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif က အမေရိကန် သမ္မတ Barack Obama ကို တောင်းဆိုလိုက်ပါတယ်။ ပါကစ္စတန် ပြည်သူတွေကြား မကျေမနပ် ဖြစ်နေကြတဲ့ ဒီလိုတိုက်ခိုက်မှုတွေ...." အပြည့်အစုံ
 
ကမ္ဘောဒီးယားအတိုက်အခံ ၃ ရက်ကြာ ဆန္ဒပြပွဲစတင် ကမ္ဘောဒီးယားအတိုက်အခံ ၃ ရက်ကြာ ဆန္ဒပြပွဲစတင်
"ဖနွမ်းပင်မြို့တော်က လွတ်မြောက်ရေးပန်းခြံမှာ ဒီကနေ့ လူပေါင်း ထောင်သောင်းချီ စုဝေးကြရာမှာတော့ လုံထိန်းရဲတပ်ဖွဲ့ဝင်ပေါင်း ထောင်ဂဏန်းချီ ရောက်ရှိလာကြတာပါ။" အပြည့်အစုံ
 
တရုတ်-အိန္ဒိယ နယ်စပ် သဘောတူညီမှုရရှိ တရုတ်-အိန္ဒိယ နယ်စပ် သဘောတူညီမှုရရှိ
"နှစ်ပေါင်းများစွာ အပြိုင်အဆိုင် ဖြစ်နေကြတဲ့ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံကြား အချေအတင် ဖြစ်စရာတွေနဲ့ မကြာခဏ တင်းမာမှုတွေ ပေါ်ပေါက်နေရတဲ့ ဟိမ၀န္တာနယ်ခြားဒေသမှာ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။" အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ရှမ်းတိုင်းရင်းသားများရဲ့  ရပ်တည်မျှော်လင့်ချက် ရှမ်းတိုင်းရင်းသားများရဲ့  ရပ်တည်မျှော်လင့်ချက်
အောက်တိုဘာလ ၂၃၊ ၂၀၁၃ - စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နဲ့ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများရဲ့  သဘောထား၊ ရပ်တည်ချက်၊ မျှော်လင့်ချက် ... အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၂၄-၂၀၁၃ ) နေ့စဉ်တီဗွီသတင်းလွှာ ( ၁၀-၂၄-၂၀၁၃ )
ဗြိတိန်နိုင်ငံကိုရောက်နေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ တွေ့ဆုံတဲ့သတင်း မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေရဲ့ ဂယက် ကမ္ဘာ့လှည့်ခရီးသည်လုပ်ငန်းအပေါ် ရိုက်ခတ်မှုအကြောင်းတွေနဲ့ ကမ္ဘာ့ဘဏ်နဲ့ IMF နိုင်ငံတကာညီလာခံကို တက်ရောက်တဲ့ ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က နဲ့ VOA တွေ့ဆုံမေးမြန်းခန်းတွေ ပါဝင်မှာဖြစ်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဂျပန်လုံခြုံရေးနဲ့ ကာကွယ်ရေးတပ် ဂျပန်လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်
ဂျပန်အစိုးရအနေနဲ့ ကမ္ဘာ့လုံခြုံရေးအခန်းကဏ္ဍမှာ ပိုပြီး ကောင်းမွန်တဲ့ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ခွင့်ရရေး စီစဉ်နေကြောင်း ဂျပန်အရာရှိတွေက ပြောလိုက်ပါတယ်။ လောလောဆယ်မှာတော့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အမေရိကန်ရဲ့ ကြီးကြပ်စောင့်ကြည့်မှုနဲ့ ရေးဆွဲထားတဲ့ ပစိဖိတ်ဒေသ အခြေခံဥပဒေအတိုင်း ဖွဲ့စည်းထားတဲ့ တပ်မတော်သာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့လုံခြုံရေးကို ကာကွယ်ဖို့ လုံလောက်မှု မရှိဘူးလို့ ပြောဆိုနေပါတယ်။ ဂျပန်အစိုးရရဲ့ လတ်တလောအစီအစဉ်ဟာ တရုတ်နိုင်ငံနဲ့ ရေပိုင်နက်ကိစ္စ အငြင်းပွားမှုဖြစ်ခဲ့ပြီးတဲ့နောက် ပေါ်ထွက်လာခဲ့တာ ဖြစ်တဲ့အကြောင်း သတင်းထောက် Henry Ridgwell တိုကျိုကနေ သတင်းပေးပို့ထားတာကို မခွာညိုက ဆက်ပြောပြပါမယ်။ အပြည့်အစုံ
 
ကြယ်စုံညနဲ့ သဘာဝအလှ ကြယ်စုံညနဲ့ သဘာဝအလှ
ကြယ်တွေစုံတဲ့ညဟာ လောကရဲ့ အလှတပါး ဖြစ်တယ်ဆိုပေမယ့် မြို့ပြလမ်းတွေနဲ့ ကိုယ်နေထိုင်ရာဝန်းကျင်မှာ နေ့နဲ့ည ခွဲမရလောက်အောင် ထွန်းထားကြတဲ့ မီးရောင်တွေကြောင့် ဒီကြယ်တွေရဲ့ အလှကို မြင်နိုင်ဖို့ရာ ခက်ခဲလှပါတယ်။ ဒါ့ကြောင့် ဒီလို မီးတွေ ထွန်းတာကို လျှော့ချနိုင်ဖို့ နက္ခတ္တဗေဒပညာရှင်တွေ၊ ကြယ်တာရာ စောင့်ကြည့်သူတွေသာမက နိုင်ငံရေးသမားတွေ ကပါ ကြိုးစားနေတဲ့အကြောင်း ကော်လိုရာဒိုပြည်နယ် Boulder မြို့ကနေ VOA သတင်ထောက် Shelley Schlender သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။ အပြည့်အစုံ
 
ကြာသပတေးနေ့ မြန်မာတီဗွီသတင်းများ ကြာသပတေးနေ့ မြန်မာတီဗွီသတင်းများ
ဗြိတိန်နိုင်ငံကိုရောက်နေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ တွေ့ဆုံတဲ့သတင်း၊ ရန်ကုန်ဆေးရုံကြီး မွန်းမံပြင်ဆင်ရေး ဗြိတိန်နိုင်ငံက ကူညီပေးမယ့် သတင်းနဲ့၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ဦးဆောင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့ ပထမဆုံးကြိမ် ညီလာခံအကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်နဲ့ VOA ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်နဲ့ VOA
မကြာသေးခင်က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ နှစ်ပတ်လည် ညီလာခံမှာ နိုင်ငံတကာ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းစဉ်အဖြစ် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံမျိုးတွေမှာ အသေးစား ချေးငွေလုပ်ငန်းလေးတွေ မတည်ပြီးဆောင်ရွက်သွားရေးကို နည်းလမ်းတရပ်အနေနဲ့ တိုးချဲ့လုပ်ဆောင်ဖို့ နှီးနှောဆွးနွေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပုဂ္ဂလိက ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့တဲ့ ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားပါတယ်။ VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment