ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၀၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကျောင်းကုန်းမှာ လုံခြုံရေးတိုးမြှင့် ကျောင်းကုန်းမြို့နယ်မှာ ဖြစ်တဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဖြစ်ခဲ့ပေမဲ့ အခြေအနေကို ထိန်းသိမ်းတဲ့အနေနဲ့ လုံခြုံရေးတိုးမြှင့်ချထားဆဲဖြစ်ပါတယ်။ အပြည့်အစုံ လက်ပန်းတောင်းမြေသိမ်းမှု မကျေနပ်သူတွေ ထပ်မံဆန္ဒပြ ကြေးနီစီမံကိန်းမြေသိမ်းခံ ၁၄ ရွာက ဒေသခံတွေက ဆက်ဆံရေးရုံးကို ညှိနှိုင်းဖို့ သွားပေမဲ့ ပြေလည်မှု မရခဲ့သလို မြန်မာ-ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ ဆန္ဒပြဖို့ ကြိုးစားရာမှာလည်း ရဲအင်အား အလုံးအရင်းနဲ့ ပိတ်ဆို့တားဆီးခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံ ဖိနှိပ်သူတွေကို အာဃာတ မထားပေမဲ့ သမိုင်းမမေ့ဖို့လိုဟု မင်းကိုနိုင်ဆို “ကျနော်တို့ဆီမှာ Revenge လုပ်လိုတဲ့စိတ် မရှိပါဘူး။ တခုပဲရှိတာပေါ့ အဖြစ်မှန်တွေကို မမေ့အောင်တော့ ထိန်းသိမ်းရမယ်။ နောက်မဖြစ်အောင်လို့ သင်ခန်းစာယူရမယ်။” အပြည့်အစုံ အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး အာရပ်-အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့်အထိမ်းအမှတ်ဆင်နွှဲနေချိန် အားလပ်ရပ်ပွဲချိန်မှာ သမ္မတဟောင်းမော်စီကို ထောက်ခံသူနဲ့ရဲတွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် လူ ၅၀ ထက်မနည်း သေဆုံးပြီး ၂ ရာကျော် ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ အကြမ်းဖက်သမားတွေကို အမိဖမ်းမည်ဟု အမေရိကန်သတိပေး အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေဟာ ပြေးနိုင်ပေမဲ့ လုံခြုံအောင်တော့ ပုန်းနေလို့ မရဘူးလို့ အာရှ-ပစိဖိတ်နိုင်ငံများ စီးပွားပူးပေါင်းဆောင်ရွက်မှု ညီလာခံအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။ အပြည့်အစုံ ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် မကျေနပ်သူ သောင်းချီဆန္ဒပြ Cambodia ရဲ့ ဇူလိုင်လကရွေးကောက်ပွဲကို ဆန့်ကျင်ပြီး အတိုက်အခံပါတီကို ထောက်ခံသူတွေ Phnom Pen မြို့တော်မှာ တနင်္ဂနွေနေ့က အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ ဆီးရီးယား ဓာတု လက်နက်တွေ စတင်ဖျက်ဆီး ဆီးရီးယားနိုင်ငံအတွင်းက တောင်လိုပုံနေတဲ့ ဓာတုလက်နက်တွေနဲ့ ဓာတုလက်နက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို နိုင်ငံတကာ စစ်ဆေးရေးအဖွဲ့တွေက အခု တနင်္ဂနွေကစပြီး ဖျက်ဆီးနေပါပြီ။ အပြည့်အစုံ APEC ခေါင်းဆောင်တွေ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆော်သြ "အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေကြား တသားတည်းဖြစ်အောင် တိုးမြှင့်ဆောင်ရွက်သွားဖို့နဲ့ အာလုံးပါဝင်လာပြီး ပိုမို မျှတတဲ့ စီးပွားရေး ဖြစ်လာအောင် ဆက်ပြီး ဆောင်ရွက်သွားကြဖို့" အပြည့်အစုံ အစိုးရအသုံးစရိတ် ပြဿနာ ပြေလည်နိုင်ဟု အိုဘားမားမျှော်လင့် "အမေရိကန်အစိုးရ ပြန်ဆပ်စရာရှိတဲ့ အကြွေးတွေ အတိုးတွေကို ပေးနိုင်ဖို့ အောက်တိုဘာ ၁၇ ရက်မတိုင်ခင် အစိုးရချေးယူနိုင်တဲ့ ငွေပမာဏကို လွှတ်တော်က တိုးမြှင့်ပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။" အပြည့်အစုံ Facebook ပေါ်မှာ စီးပွားရှာ “သူတို့တလကို သိန်းကျော်ရတဲ့ အနေအထားမှာ ရှိနေတယ်” (ကိုအောင်ခမ်းကျော် Social Media Manager) အပြည့်အစုံ အရပ်ဖက် လူ့အဖွဲ့အစည်းများ အားကောင်းလာဖို့ အောက်တိုဘာ ၆၊ ၂၀၁၃ - မြန်မာနိုင်ငံက အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ရာမှာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်မှုအကြောင်း ဆွေးနွေးထား ... အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကျောင်းကုန်းမှာ လုံခြုံရေးတိုးမြှင့်
လက်ပန်းတောင်းမြေသိမ်းမှု မကျေနပ်သူတွေ ထပ်မံဆန္ဒပြ
ဖိနှိပ်သူတွေကို အာဃာတ မထားပေမဲ့ သမိုင်းမမေ့ဖို့လိုဟု မင်းကိုနိုင်ဆို
အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး
အကြမ်းဖက်သမားတွေကို အမိဖမ်းမည်ဟု အမေရိကန်သတိပေး
ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် မကျေနပ်သူ သောင်းချီဆန္ဒပြ
ဆီးရီးယား ဓာတု လက်နက်တွေ စတင်ဖျက်ဆီး
APEC ခေါင်းဆောင်တွေ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆော်သြ
အစိုးရအသုံးစရိတ် ပြဿနာ ပြေလည်နိုင်ဟု အိုဘားမားမျှော်လင့်
Facebook ပေါ်မှာ စီးပွားရှာ
အရပ်ဖက် လူ့အဖွဲ့အစည်းများ အားကောင်းလာဖို့
No comments:
Post a Comment