ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၀၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ SEA games ဆု မြန်မာအများဆုံးဦးဆောင်နေ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေ မြန်မာနိုင်ငံမှာ ဆက်ပြီးတော့ ကျင်းပနေတာမှာ အခုအချိန်အထိ မြန်မာအားကစားအဖွဲ့က ဆုတံဆိပ်အများဆုံးနဲ့ ထိပ်ဆုံးကနေ ယှဉ်ပြိုင်နေပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ညီလာခံကို ဒီဇင်ဘာ တတိယပတ်မှာ ကျင်းပဖို့ ရှိနေကြောင်းနဲ့ ဒီညီလာခံမတိုင်ခင်မှာ ကရင်အမျိုးသားအစည်းအရုံး KNU က တိုင်းရင်းသားတွေဘက်က ရေးဆွဲထားတဲ့ မူကြမ်းကို ၅ ရက်ကြာ လေ့လာသုံးသပ်ခဲ့ကြကြောင်း KNU ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ အီရန်နျူကလီယားစက်ရုံ ကုလစုံစမ်းရေးမှူးများ စစ်ဆေး တဟီရန်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၅၀ အကွာမှာရှိတဲ့ Arak ရေလေး ထုတ်လုပ်မှု ဓာတ်ပေါင်းဖိုရှိရာကို အီရန်နိုင်ငံနဲ့ ကုလ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတို့ကြား ယာယီသဘောတူညီချက်အရ စစ်ဆေးရေးမှူးတွေဟာ ၂ နှစ်အတွင်း ပထမဆုံး သွားကြည့်ရှုခဲ့ကြောင်း အီရန်သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အပြည့်အစုံ ယူကရိန်းအစိုးရက EU နဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုပစ်ပယ်ပြီး ရုရှားနဲ့ ကုန်သွယ်ရေးဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဆန္ဒပြနေကြတဲ့ ပြည်သူတွေက Kyiv မြို့လယ်က ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်ခဲ့တဲ့ ဗလာဒီမီယာလီနင်ရဲ့ ရုပ်တုကို ဖြိုချခဲ့ကြပါတယ်။ အပြည့်အစုံ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မဲန်ဒဲလားအတွက် ဝတ်ပြုဆုတောင်းပွဲကို တောင်အာဖရိကသမ္မတ Jacob Zuma တက်ရောက်ခဲ့ပြီး အင်္ဂါနေ့ နိုင်ငံတော် အမှတ်တရ ဝတ်ပြုဆုတောင်းပွဲမှာ အမေရိကန်သမ္မတနဲ့ သမ္မတဟောင်းတချို့၊ နောက် ကုလအတွင်းရေးမှူးချုပ်တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံ လူထုကအလိုမရှိရင် နုတ်ထွက်ပေးမယ်လို့ ဝန်ကြီးချုပ်ယင်းလပ်က ပြောလိုက်တဲ့ တချိန်တည်းမှာပဲ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ရဲ့ အတိုက်အခံ ဒီမိုကရက်ပါတီကလည်း လူထုက အယုံအကြည်မရှိတဲ့ ပါတီနဲ့ အလုပ်အတူမလုပ်နိုင်တဲ့အတွက် လွှတ်တော်က နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။ အပြည့်အစုံ တောင်ကိုရီးယားရဲ့ လေကြောင်းပိုင်နက် ဇုန်နယ်မြေအဖြစ် ဒီဇင်ဘာ ၁၅ ရက်ကစပြီး အကျုံးဝင်မှာဖြစ်ကြောင်း ကြေညာသွားခဲ့တဲ့ တောင်ကိုရီးယား ကမ်းလွန်ပင်လယ်ပြင်က သန္တာကျောက်ကျွန်းဟာ တရုတ်တို့ကလည်း သူတို့ပိုင်ဆိုင်ကြောင်း ကြေညာသွားတဲ့ လေကြောင်းဇုန်နဲ့ ထပ်နေပါတယ်။ အပြည့်အစုံ အသက် ၉၅ နှစ်မှာ ကွယ်လွန်သွားခဲ့သူ တောင်အာဖရိက အသားအရောင်ခွဲခြားမှုကို ဦးဆောင်တိုက်ဖျက်ခဲ့တဲ့ သမ္မတဟောင်း နယ်လ်ဆင် မဲန်ဒဲလားရဲ့ ဈာပနအခမ်းအနားကို လာမယ့် တနင်္ဂနွေမှာ ကျင်းပမှာ ဖြစ်ပြီး အမေရိကန်သမ္မတအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေ လာရောက်ကြမယ်လို့ ခန့်မှန်းထားကြပါတယ်။ အပြည့်အစုံ မေးခွန်းထုတ်စရာ မြန်မာ့ပြုပြင်ပြောင်းလဲရေး ဒီဇင်ဘာ ၈၊ ၂၀၁၃ - အမေရိကန်နိုင်ငံ အာဆီယံလေ့လာရေးဌာနမှာ ပြုလုပ်တဲ့ မြန်မာပြည် အပြောင်းအလဲရေးရာ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ မဇင်မာအောင် ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment