ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၀၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာစစ်တပ်ထဲ ကလေးစစ်သားများ ကျန်ရှိဆဲ ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့အတိုင်း ကလေးစစ်သားတွေမရှိစေရေး - ဆောင်ရွက်နေပါတယ်လို့ မြန်မာအစိုးရနဲ့ စစ်တပ်တာဝန်ရှိသူတွေက ပြောကြားနေပေမဲ့ အခုထိ မြန်မာပြည်တွင်းမှာ အိမ်ပြန်မရောက်သေးတဲ့ ကလေးစစ်သားတွေ ရှိနေသေးတဲ့အကြောင်း မိသားစုဝင်တွေက ပြောနေကြဆဲဖြစ်ပါတယ်။ အပြည့်အစုံ ထိုင်းရောက်မြန်မာတွေ သတိရှိကြဖို့ မြန်မာသံအမတ် ပြောကြား ထိုင်းနိုင်ငံအတွင်း ဝန်ကြီးချုပ်ကိုနုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအတွင်း လူသေဆုံးမှုတွေ ဖြစ်ခဲ့ရတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ မြန်မာသံအမတ်ကြီးက သတိပေးလိုက်ပါတယ်။ အပြည့်အစုံ ဖွဲ့စည်းပုံပြင်ရေးဆွေးနွေးပွဲ အချိန်မဆွဲဖို့ NLD တောင်းဆို "၁၉၉၈ ခုနှစ်လောက်က ကျမတို့အနေနဲ့ နဝတနဲ့ NLD တွေ့ဆုံဖို့၊ ဆွေးနွေးဖို့ဆိုပြီးတော့ တောင်းဆိုတဲ့အခါမှာ ဒီလိုသဘောမျိုးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ပါတီပေါင်း ၂၀၀ ကျော်ရှိတာမှာ တစ်ပါတီတည်းနဲ့တွေ့လို့ မသင့်တော်လို့ စသဖြင့်ပေါ့နော်- တကယ်တော့ မတွေ့ချင်လို့ မတွေ့တာလို့ပဲ ဒီလိုပဲ ပြောရမှာပဲ။” (ဒေါ်အောင်ဆန်းစုကြည်) အပြည့်အစုံ ယူကရိန်းဆန္ဒပြသူများ အစိုးရရုံးတွေကို ပိတ်ဆို့ ဥရောသမဂ္ဂနဲ့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့ ငြင်းပယ်ခဲ့တဲ့ သမ္မတကို ဆန္ဒပြနေကြတဲ့ ယူကရိန်းပြည်သူတွေက တနင်္လာနေ့မှာ အစိုးရအဆောက်အဦးတွေနဲ့ ဗဟိုဘဏ်အဆောက်အဦးကို ပိတ်ဆို့ထားခဲ့ကြပါတယ်။ အပြည့်အစုံ HIV သုတေသန အိုဘားမားအစိုးရ ဒေါ်လာ သန်း ၁၀၀ သုံးမည် တနင်္ဂနွေနေ့က ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့မှာ သမ္မတအိုဘားမားက HIV တိုက်ဖျက်ရေးအတွက် ကုထုံးသစ်တွေရှာဖွေရေး အမေရိကန်က ရှေ့တန်းကနေ ဦးဆောင်သွားမယ့်အကြောင်း ပြောခဲ့သလို သုတေသနလုပ်ငန်းတိုးမြှင့်ဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တိုက်ရိုက်ထောက်ပံ့မှာဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။ အပြည့်အစုံ ဒု-သမ္မတ ဂျိုးဘိုင်ဒန် ဂျပန်ရောက် အမေရိကန်ဒု-သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အာရှသုံးနိုင်ငံခရီးစဉ်အတွင်း အခု ဂျပန်နိုင်ငံကို ရောက်နေပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပြင် တခြား ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ အပြည့်အစုံ အီဂျစ်ဖွဲ့စည်းပုံမူကြမ်း ခုံအဖွဲ့ အတည်ပြု လူပေါင်း ၅၀ ပါဝင်တဲ့ ခုံအဖွဲ့က မူကြမ်းရေးဆွဲထားတဲ့ အီဂျစ်ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုလိုက်ပြီး ရှေ့လာမယ့်လကျရင် မဲဆန္ဒရှင်တွေကို ချပြမှာဖြစ်ပါတယ်။ အပြည့်အစုံ အတိုက်အခံတွေ တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ်လက်မခံနိုင် အတိုက်အခံတွေဘက်က - ဝန်ကြီးချုပ် ရာထူးကနေ ဆင်းပေးဖို့၊ ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးချယ် တင်မြှောက် ခံထားရသူတွေမဟုတ်တဲ့ ပြည်သူ့ကောင်စီဖွဲ့ဖို့၊ အဲဒီအဖွဲ့လက်ထဲ အစိုးရအာဏာ လွှဲပေးဖို့ ဆိုတဲ့ တောင်းဆိုချက်တွေဟာ ဥပဒေနဲ့မကိုက်ညီဘူးလို့ ဆိုပြီး ၀န်ကြီးချုပ် ယင်းလပ်က ပယ်ချလိုက်ပါတယ်။ အပြည့်အစုံ "လ" စူးစမ်းရေးယာဉ် တရုတ်လွှတ်တင် တရုတ်နိုင်ငံရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးယာဉ် “Jade Rabbit” ဟာ Chang’e-3 Lunar စူးစမ်းရေးယာဉ်ကို စွမ်းအားမြှင့် ရော့ကက်ပေါ်တင်ပြီး အာကာသထဲကို ဝင်ရောက်နေပြီဖြစ်ပြီး သီတင်း ၂ ပတ်အကြာ လမျက်နှာပြင်ပေါ်ကို ရောက်တဲ့အခါ သဘာဝအရင်းအမြစ်တွေကို စူးစမ်းလေ့လာမှာ ဖြစ်ပါတယ်။ အပြည့်အစုံ အိန္ဒိယက အမျိုးသမီးတွေအတွက် ဘဏ် အမျိုးသမီးတွေရဲ့ စီးပွားရေးစွမ်းဆောင်ရည် တိုးတက်လာစေဖို့ မျှော်လင့်ချက်နဲ့ အထူးသဖြင့် အမျိုးသမီးတွေကို ၀န်ဆောင်မှုပေးမယ့် ဘဏ်တစ်ခုကို အိန္ဒိယနိုင်ငံမှာ ဖွင့်လှစ်လိုက်ပါပြီ။ အပြည့်အစုံ AIDS ဝေဒနာရှင်တွေအပေါ် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်၊ မြန်စာစစ်တပ်အတွင်းက ကလေးစစ်သားတွေ အကြောင်း သတင်းဆောင်းပါးနဲ့ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေရဲ့ အခြေအနေ၊ အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေကျ မကြေးမုံရဲ့ အင်္ဂလိပ်စာအစီအစဉ် စသည် ... အပြည့်အစုံ AIDS ဝေဒနာရှင်တွေအပေါ် ခွဲခြားဆက်ဆံမှုအဆုံးသတ်ရေး သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ AIDS ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်၊ မိကျောင်းကန်ဒေသခံတွေရဲ့ ဆန္ဒပြပွဲနဲ့ ထိုင်းမြန်မာ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်မယ့် အစီအစဉ်အကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဒီသီတင်းပတ်အတွင်း အမေရိကန် နိုင်ငံရေးအခြေအနေကို ဦးသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ ထပ်မံစုဆောင်းတာ မရှိတော့ဘူးဆိုပြီး မြန်မာအရာရှိတွေက အာမခံ ပြောကြားထားပေမယ့် တပ်ထဲမှာ အသက်မပြည့်သေးဘဲ စစ်မှုထမ်းနေသူတွေ ရှိနေဆဲဖြစ်တဲ့အကြောင်း မိဘတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားတဲ့ AP သတင်းတပုဒ်ကို ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။ အပြည့်အစုံ အဂါင်္နေ့တိုင်း ထုတ်လွှင့်နေကြ မကြေးမှုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်ကို တင်ပြပါ့မယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာစစ်တပ်ထဲ ကလေးစစ်သားများ ကျန်ရှိဆဲ
ထိုင်းရောက်မြန်မာတွေ သတိရှိကြဖို့ မြန်မာသံအမတ် ပြောကြား
ဖွဲ့စည်းပုံပြင်ရေးဆွေးနွေးပွဲ အချိန်မဆွဲဖို့ NLD တောင်းဆို
ယူကရိန်းဆန္ဒပြသူများ အစိုးရရုံးတွေကို ပိတ်ဆို့
HIV သုတေသန အိုဘားမားအစိုးရ ဒေါ်လာ သန်း ၁၀၀ သုံးမည်
ဒု-သမ္မတ ဂျိုးဘိုင်ဒန် ဂျပန်ရောက်
အီဂျစ်ဖွဲ့စည်းပုံမူကြမ်း ခုံအဖွဲ့ အတည်ပြု
အတိုက်အခံတွေ တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ်လက်မခံနိုင်
"လ" စူးစမ်းရေးယာဉ် တရုတ်လွှတ်တင်
အိန္ဒိယက အမျိုးသမီးတွေအတွက် ဘဏ်
VOA60 World
No comments:
Post a Comment