ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၀၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာ့စီးပွား အများပြည်သူခံစားနိုင်ရေး IMF အကြံပေး မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အမျိုးသမီး ဖိုရမ်ကို တက်ရောက်လာတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး မစ္စ် Christine Lagarde က မြန်မာ့စီးပွားရေးကို ရေရှည်ခံ ခိုင်မာပြီး အားလုံးခံစားနိုင်တဲ့၊ တိုးတက်တဲ့ စီးပွားရေးဖြစ်အောင် လုပ်ရမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ မိကျောင်းကန် ဆန္ဒပြသူတချို့ ဒဏ်ရာရ မိကျောင်းကန်ရပ်ကွက်အတွင်း နှစ်ပေါင်း ၂၀ ကျော် တပ်မြေအဖြစ် သိမ်းထားတဲ့ ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး ၁၀ ရက်ကျော်ကြာ ဆန္ဒပြနေကြတဲ့ ဒေသခံပြည်သူတွေကို အင်အားသုံးဖယ်ရှားခဲ့ရာမှာ အမျိုးသမီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တချို့ကို ဆေးရုံတင်ထားရပါတယ်။ အပြည့်အစုံ မြန်မာဘောလုံးအသင်း Sea games ပွဲဦးထွက် အနိုင်ရ မြန်မာအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသားဘောလုံးပွဲစဉ်မှာ အိမ်ရှင်မြန်မာအသင်းက ကမ္ဘောဒီးယားကို ပွဲဦးထွက် ၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အပြည့်အစုံ မန်ဒဲလားအတွက် တနိုင်ငံလုံးဆုတောင်းပွဲ အသက် ၉၅ နှစ်မှာ ကွယ်လွန်သွားခဲ့သူ တောင်အာဖရိက အသားအရောင်ခွဲခြားမှုကို ဦးဆောင်တိုက်ဖျက်ခဲ့တဲ့ သမ္မတဟောင်း နယ်လ်ဆင် မဲန်ဒဲလားရဲ့ ဈာပနအခမ်းအနားကို လာမယ့် တနင်္ဂနွေမှာ ကျင်းပမှာ ဖြစ်ပြီး အမေရိကန်သမ္မတအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေ လာရောက်ကြမယ်လို့ ခန့်မှန်းထားကြပါတယ်။ အပြည့်အစုံ အီဂျစ်ဆန္ဒပြဇာတ်ကား မှတ်တမ်းရုပ်ရှင်ဆုရ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်းတင်ဇာတ်လမ်းဆုကို အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ Thairi ရင်ပြင် ဆန္ဒပြပွဲအကြောင်း ဆန္ဒပြသူတွေနဲ့အတူ လိုက်ပါ ရိုက်ကူးခဲ့တဲ့ The Square ဇာတ်လမ်းကို ချီးမြှင့်လိုက်ပါတယ်။ အပြည့်အစုံ ကမ္ဘာ့ကုန်သွယ်ရေး ပထမဆုံးသဘောတူညီမှုရ WTO စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ကုန်သွယ်မှု သဘောတူညီချက်တရပ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညီလာခံကနေ ချမှတ်နိုင်လိုက်ပါပြီ။ အပြည့်အစုံ ဗဟိုအာဖရိက နိုင်ငံ အကြမ်းဖက်မှု လူ ၃၀၀ နီးပါးသေဆုံး နှစ်ရက်တာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အတွင်း အလောင်း ၂၈၁ လောင်း ကောက်ခဲ့ရတယ်လို့ ကြက်ခြေနီအဖွဲ့ က ပြောပါတယ် အပြည့်အစုံ တရုတ်လေကြောင်းရန် ကာကွယ်ရေး ဇုံသစ် အမေရိကန် လက်မခံ တာင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်က တက္ကသိုလ်တခုမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း မစ္စတာ ဘိုင်ဒန်က တရုတ်လေကြောင်း ကာကွယ်ရေးဇုံသစ်နဲ့ ပတ်သက်လို့ ကန့်ကွက် ပြောသွားပါတယ်။ အပြည့်အစုံ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ။ အပြောင်းအလဲနဲ့ ပြည်သူများ ပါဝင်လှုပ်ရှားမှုအကြောင်း ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဦးဆောင်အဖွဲ့ဝင် မဇင်မာအောင်နဲ့ တွေ့ဆုံမေးမြန်းခန်း။ အင်္ဂလိပ်စာ သင်ခန်းစာ။ နိုင်ငံတကာက ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာရှင်များအကြောင်း သက်တန့်ရောင် သတင်းလွှာစတဲ့ ... အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာ့စီးပွား အများပြည်သူခံစားနိုင်ရေး IMF အကြံပေး
မိကျောင်းကန် ဆန္ဒပြသူတချို့ ဒဏ်ရာရ
မြန်မာဘောလုံးအသင်း Sea games ပွဲဦးထွက် အနိုင်ရ
မန်ဒဲလားအတွက် တနိုင်ငံလုံးဆုတောင်းပွဲ
အီဂျစ်ဆန္ဒပြဇာတ်ကား မှတ်တမ်းရုပ်ရှင်ဆုရ
ကမ္ဘာ့ကုန်သွယ်ရေး ပထမဆုံးသဘောတူညီမှုရ
ဗဟိုအာဖရိက နိုင်ငံ အကြမ်းဖက်မှု လူ ၃၀၀ နီးပါးသေဆုံး
တရုတ်လေကြောင်းရန် ကာကွယ်ရေး ဇုံသစ် အမေရိကန် လက်မခံ
VOA60 World
No comments:
Post a Comment