Wednesday, December 5, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၅၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၅၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လက်ပံတောင်းအရေး ဆန္ဒပြသူတွေ အရေးယူခံရ လက်ပံတောင်းအရေး ဆန္ဒပြသူတွေ အရေးယူခံရ
ကြေးနီစီမံကိန်းရပ်တန့်ရေးဆန္ဒပြသူတချို့ကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုနဲ့ ဖမ်းပြီး တခြားပုဒ်မနဲ့ ပြောင်းလဲပြီး အာဏာပိုင်တွေက တရားစွဲနေပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းသပိတ်ဖြိုခွဲမှု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဝေဖန် လက်ပံတောင်းသပိတ်ဖြိုခွဲမှု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဝေဖန်
လက်ပံတောင်ဆန္ဒပြမှု သံဃာတွေ မီးလောင်ဒဏ်ရာရခဲ့တဲ့အပေါ် ငြိမ်ချမ်းရေးဆွေးနွေးဆဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အစိုးရလုပ်ရပ်ကို ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံ
 
အစိုးရစစ်တပ်ပစ်ခတ်မှု ကချင်ရွာသား ၃ ဦးသေဆုံး အစိုးရစစ်တပ်ပစ်ခတ်မှု ကချင်ရွာသား ၃ ဦးသေဆုံး
ဖားကန့်မြို့နယ်၊ အောင်ရာရွာမှာ တိုက်ပွဲဖြစ်ခြင်းမဟုတ်ဘဲ အစိုးရယာဉ်တန်း ရွာထဲဖြတ်မောင်းချိန် ပစ်ခတ်ခဲ့လို့ ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အပြည့်အစုံ
 
ဒဏ်ရာရသံဃာတွေ ဆေးကုသရာမှာ အခက်အခဲကြုံ ဒဏ်ရာရသံဃာတွေ ဆေးကုသရာမှာ အခက်အခဲကြုံ
မုံရွာဆေးရုံက မီးလောင်ဒဏ်ရာရ သံဃာနဲ့လူပုဂ္ဂိုလ် ၁၀၀ ကျော် မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့လိုက်တဲ့အတွက် မန္တလေးဆေးရုံမှာ နေရာ အခက်အခဲဖြစ်နေပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အငြင်းပွားနယ်မြေ ဗီယက်နမ်ကင်းလှည့် သင်္ဘောတွေ တိုးချမည် အငြင်းပွားနယ်မြေ ဗီယက်နမ်ကင်းလှည့် သင်္ဘောတွေ တိုးချမည်
နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ပင်လယ်ပြင်မှာ တရုတ်သင်္ဘောတွေနှောင့်ယှက်မှုရှိနေတာကြောင့် ဗီယက်နမ်က ရေတပ်သဘောင်္တွေ တိုးချဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံ
 
ဆီးရီးယားအစိုးရ ဓာတုလက်နက်မသုံးဖို့ နိုင်ငံတကာသတိပေး ဆီးရီးယားအစိုးရ ဓာတုလက်နက်မသုံးဖို့ နိုင်ငံတကာသတိပေး
ဆီးရီးယားပြည်တွင်းအကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာကို ဟန့်တားဖို့ နယ်စပ်မှာ ဒုံးခွင်းဒုံးချထားရေး တူရကီက တောင်းဆိုနေပါတယ်။ အပြည့်အစုံ
 
အမေရိကန်အဝေးထိန်းဒုံးယာဉ် အီရန်ဖမ်းမိ အမေရိကန်အဝေးထိန်းဒုံးယာဉ် အီရန်ဖမ်းမိ
အမေရိကန်အဝေးထိန်း ဒုံးယာဉ်တစင်း ပါရှန်ပင်လယ်ကွေ့ အီရန်လေပိုင်နက်မှာ ဖမ်းမိကြောင်း အီရန်ဘက်က အခိုင်အမာ ပြောပေမဲ့ အမေရိကန်က ငြင်းဆိုပါတယ်။ အပြည့်အစုံ
 
Liu Xiaobo လွှတ်ပေးဖို့ နိုဘယ်လ် ဆုရှင်တွေ တောင်းဆို Liu Xiaobo လွှတ်ပေးဖို့ နိုဘယ်လ် ဆုရှင်တွေ တောင်းဆို
တရုတ်နိုင်ငံက အထိန်းသိမ်းခံ နိုဘဲလ်ဆုရှင် Liu Xiaobo ကို လွှတ်ပေးဖို့ နောက်တက်မယ့် သမ္မတ ရှီကျင်းပင်ကို နိုဘယ်လ်ဆုရှင် ၁၀၀ ကျော်က တောင်းဆိုပါတယ်။ အပြည့်အစုံ
 
အမေရိကန် နိုင်ငံရေး

ဘဏ္ဍာရေးခြောက်ကမ်းပါးနားအထိ ညှိနှိုင်းမှုမပြေလည်သေး ဘဏ္ဍာရေးခြောက်ကမ်းပါးနားအထိ ညှိနှိုင်းမှုမပြေလည်သေး
အမေရိကန်နိုင်ငံ ဘဏ္ဍာရေးခြောက်ကမ်းပါးထဲ ကျလုနီးအခြေအနေမှာ အခွန်ကောက်ခံရေးနဲ့ပတ်သက်လို့ အာဏာရပါတီနဲ့ အတိုက်အခံ ရီပတ်ဘလီကင်ပါတီတို့ ညှိနှိုင်းမှုက ရှေ့မတိုး နောက်မဆုတ်ဖြစ်နေပါသေးတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၅-၂၀၁၂) နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၅-၂၀၁၂)
. အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီ   သတင်းများ ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီ သတင်းများ
ဒီဇင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ဦးဂမ္ဘီရအစ်ကို ဦးအောင်ကျော်ကျော်နဲ့ အင်တာဗျူး ဦးဂမ္ဘီရအစ်ကို ဦးအောင်ကျော်ကျော်နဲ့ အင်တာဗျူး
၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးမှာထင်ရှားခဲ့တဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ဖမ်းဆီးပြီး သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေလို့ အာဏာပိုင်တွေဘက်က အကြောင်းပြတဲ့ ပြစ်မှုတွေဟာ အရှင်ဂမ္ဘီယ လုံးဝကျုးလွန်ခြင်းမရှိတဲ့ အမှုတွေ ဆိုပြီး အရှင်ဂမ္ဘီရ ရဲ့အကို ကိုအောင်ကျော်ကျော် က VOA ကို ပြောပါတယ်။ အရှင်ဂမ္ဘီရအပေါ် တမင်အမှုဆင်ဖမ်းတာဖြစ်သလို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုလည်းမသိရသေးဘူးလို့ ဆိုပါတယ်။ ကိုအောင်ကျော်ကျော်ကို ကိုသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်း ထားပါတယ်။ အပြည့်အစုံ
 
Susan Rice Profile (KHN) Susan Rice Profile (KHN)
ကုလသမဂဆိုင်ရာ အမေရိကန်သံအမတ်ဆူဆန်ရိုက်စ်ကို ရာထူးက အနားယူတော့မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှာအစားထိုးခန့် ထားဖို့ သတင်းပြေးနေပါ တယ်။ တကယ်ပဲအမည်စာရင်း တင်သွင်းခံရမယ်ဆိုရင်တော့ မစ်စစ်ရိုက်ဟာ အိမ်ဖြူတော်နဲ့ ရီပတ်ဘလီ ကင်ကိုယ်စား လှယ် တွေကြားမှာ အခြေအတင်ပြောစရာ အကြောင်းတရပ် ဖြစ် လာပါလိမ့်မယ်။ပြီးခဲ့ တဲ့စက်တင်ဘာလထဲကလစ်ဗျားက အမေရိကန်ကောင်စစ်ဝန် ရုံးတိုက်ခိုက်ခံရမှုနဲ့ ပတ်သက် လို့ မစ်စစ်ရိုက်အပေါ်မှာ ရီပါပလီကင်ပါတီဝင်တွေက အမြင်မကြည်မှူတွေရှိနေခဲ့တာပါ။ ဘာကြောင့် အခုလို နိုင်ငံခြားရေးဝန်ကြီးရာထူးအတွက် မစ်စစ်ရိုက်ကို ရွေးချယ်ရာမှာ ဘာကြောင့် အငြင်းပွားစရာဖြစ်နေ ရသလဲဆိုတဲ့ အကြောင်းအစုံအလင်ကိုတော့ ဗွီအိုအေရဲ့  ကုလသမဂ္ဂ သတင်းထောက် margaret besheer ကသတင်းပေး ပို့ ထားတာကို မခွာညိုက ပြောပြပေးပါမယ်။ အပြည့်အစုံ
 
Macau Casino School (KTK) Macau Casino School (KTK)
မက္ကာအိုမှာ ကာစီနိုလောင်းကစားရုံတွေက တနေ့ပြီးတနေ့ ပိုပိုပြီးများလာနေပါတယ်။ အဲဒီ အားကစားရုံတွေမှာ အလုပ်လုပ် ခွင့်ရဖို့ဆိုတာက မက္ကာအိုက လူငယ်တွေအတွက်တော့ အိပ်မက်တခုပါ။ ဒါပေမယ့်လည်း အခုလို ၀င်ငွေများများ ရတဲ့ လောင်း ကစားရုံတွေမှာ အလုပ်လုပ်တာက လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးကိုထိခိုက်စေတယ်ဆိုပြီးတော့လည်း တချို့က စိုးရိမ်နေကြ တာပါ။ ဒီအကြောင်း AP သတင်းဌာနရဲ့ ဆောင်းပါးတပုဒ်ကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
VOA 60 World

Syria: Government planes attack rebel positions near Damascus. Syria: Government planes attack rebel positions near Damascus.
VOA အပြည့်အစုံ
 
VOA60 USA

U.S.: No drones missing in Middle East U.S.: No drones missing in Middle East
VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

Tuesday, December 4, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၄၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၄၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ကုလ စာနာမှု အကြီးအကဲ မြန်မာခရီး စတင် ကုလ စာနာမှု အကြီးအကဲ မြန်မာခရီး စတင်
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ ကချင်နဲ့ ရခိုင်ဒေသက ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံမှာဖြစ်ပါတယ်။ အပြည့်အစုံ
 
အရှင်ဂမ္ဘီရ(ခ) ညီညီလွင် ထပ်မံ ဖမ်းဆီးခံရ အရှင်ဂမ္ဘီရ(ခ) ညီညီလွင် ထပ်မံ ဖမ်းဆီးခံရ
ရွှေဝါရောင်တော်လှန်ရေးမှာ အဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရခေါ် ကိုညီညီလွင်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခု အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်း အကြမ်းဖက် နှိပ်ကွပ်မှု KIO ရှုတ်ချ လက်ပံတောင်း အကြမ်းဖက် နှိပ်ကွပ်မှု KIO ရှုတ်ချ
လက်ပန်းတောင်းတောင် အရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲက ကေအိုင်အိုက ပထမဆုံးကန့်ကွက်ရူတ်ချကြောင်း ထုတ်ပြန် လိုက်တာဖြစ်ပါ တယ်။ အပြည့်အစုံ
 
ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း
ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဒီဇင်ဘာ ၁ ရက်က ဖွဲ့ခဲ့ပြီးနောက် အဖွဲ့ဝင်တချို့ ပြင်ဆင် ဖွဲ့စည်းတဲ့ ကြေညာချက် ဒီကနေ့ ထပ်မံထွက်ပေါ်လာပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကုလဝန်ထမ်းတွေ ဆီးရီးယားမှ ထွက်ခွာ မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကုလဝန်ထမ်းတွေ ဆီးရီးယားမှ ထွက်ခွာ
ဆီးရိးယားနိုင်ငံမှာ တနေ့တခြား ပိုဆိုးလာတဲ့ လုံခြုံရေး အခြေအနေကြောင့် ကုလသမဂ္ဂ ရဲ့ မရှိမဖြစ်လိုအပ်တဲ့ဝန်ထမ်းတွေကလွဲပြီး ကျန်ဝန်ထမ်းတွေကို နိုင်ငံထဲက ထွက်ခွာခိုင်း လိုက်ပါတယ်။ အပြည့်အစုံ
 
တရုတ်ရေတပ်ခေတ်မှီမှု အိန္ဒိယစိုးရိမ် တရုတ်ရေတပ်ခေတ်မှီမှု အိန္ဒိယစိုးရိမ်
တရုတ်နိုင်ငံရေတပ်ကို ခေတ်မီတိုးတက်အောင်ဆောင်ရွက်တာကို စိုးရိမ်ပူပန်မှုရှိပြီး တောင်တရုတ်ပင်လယ်ထဲက အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ အိန္ဒိယရေတပ်အကြီးအကဲကပြောပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယား ဒုံးပျံလွှတ်တင်မှု အစီအစဉ် ဖျက်သိမ်းဖို့ရုရှားတိုက်တွန်း မြောက်ကိုရီးယား ဒုံးပျံလွှတ်တင်မှု အစီအစဉ် ဖျက်သိမ်းဖို့ရုရှားတိုက်တွန်း
အာကာသလမ်းကြောင်းဆီ လွှတ်တင်မယ့် ဒုံးပျံက ကမ္ဘာမြေကြီးကို လေ့လာ စောင့်ကြည့်မယ့် ဂြိုဟ်တုကို သယ်ဆောင်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပေမဲ့ ဒါဟာ တာဝေးပစ် ဒုံးကျည်ဆိုင်ရာ နည်းပညာတွေကို စမ်းသပ်မှုကို ဖုံးကွယ်ဖို့အတွက် ရုပ်ပြအဖြစ်ဆောင်ရွက်မှုဖြစ်တယ်လို့ အတော်လေး သံသယဖြစ်ဖွယ် ရှိကြောင်း ပြောနေကြတာပါ။ အပြည့်အစုံ
 
စီးပွားရေး

ငွေများများရမှ မြန်မာနိုင်ငံ လျှပ်စစ်မီး များများ ထုတ်နိုင်မယ် ငွေများများရမှ မြန်မာနိုင်ငံ လျှပ်စစ်မီး များများ ထုတ်နိုင်မယ်
မြို့ကြီးပြကြီးမှာတောင် လျှပ်စစ်မီး အပြည့်အ၀မရတဲ့ မြန်မာနိုင်ငံမှာ အရင်းအမြစ်တွေ အမြောက်အများရှိပေမဲ့ လျှပ်စစ်ထုတ်ဖို့ ငွေလိုနေပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၄-၂၀၁၂) နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၀၄-၂၀၁၂)
ကြေးနီစီမံကိန်းအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း၊ ကြေးနီစီမံ ကိန်း ဆန္ဒပြသံဃာတော်များ မန္တလေးဆေးရုံပြောင်းရွှေ့ ၊ မြန်မာလိုနိုင်ငံ ရေးအပြောင်းအလဲလုပ်ဖို့ တရုတ်အစိုးရကို တရုတ်တက်ကြွလှုပ်ရှားသူ တိုက်တွန်း၊ အီဂျစ်လူထုဆန္ဒခံယူပွဲ အစီအစဉ် ကန့်ကွက်မှုတွေ နဲ့ ကြုံတွေ့၊ မြောက်ကိုရီယား ဒုံပျံပစ်လွှတ်မယ့်အစီအစဉ်...စတဲ့သတင်းတွေ၊ မြန်မာ နဲ့ နိုင်ငံတကာက သတင်းဆောင်းပါးတွေကို ရှုစားကြရဖို့ရှိပါတယ်။ အပြည့်အစုံ
 
အင်္ဂလိပ်စာ သင်ခန်းစာ

Cliff စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ Cliff စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
ဒီဇင်ဘာ ၃၊ ၂၀၁၂ - ဒီတပတ် fiscal cliff, cliff hanger နဲ့ go off the cliff စတဲ့ အီဒီယံ အသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အင်္ဂါနေ့ မြန်မာတီဗွီသတင်းများ အင်္ဂါနေ့ မြန်မာတီဗွီသတင်းများ
အင်္ဂါနေ့ မြန်မာတီဗွီသတင်းများ အပြည့်အစုံ
 
 ဟောင်ကောင်ကျောက်မျက်ပြပွဲ ဟောင်ကောင်ကျောက်မျက်ပြပွဲ
တရုတ်နိုင်ငံဟာ အာရှဒေသရဲ့ ကျောက်မျက်ရတနာ အရောင်း ဈေးကွက်မှာ အကြီးဆုံးအဖြစ် နေရာယူထားဆဲ ဖြစ်ပေမယ့် အခုအခါမှာ ဗီယက်နမ် နဲ့ မြန်မာနိုင်ငံတို့ဟာ လည်း အရင်ထက်ပိုပြီး နေရာယူလာနေပါတယ်။ စိန် နဲ့ အဖြူရောင် ကျောက်မျက်တွေ အရှေ့တောင်အာရှ ဈေးကွက်မှာ နာမည်ကောင်း ရနေတာနဲ့အမျှ ဒေသတွင်း နိုင်ငံတွေရဲ့ ယှဉ်ပြိုင်မှုတွေ အားကောင်းနေမယ့် အလားအလာတွေလည်း ရှိနေဆဲပါ။ ဒီအကြောင်း AP သတင်းဌာနရဲ့ သတင်းဆောင်ပါးကိုတော့ ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။ အပြည့်အစုံ
 
လက်ပန်းတောင်းကော်မရှင် ရှေ့ အလားအလာ လက်ပန်းတောင်းကော်မရှင် ရှေ့ အလားအလာ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုမှုတွေနဲ့ ဆန္ဒပြသူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ စာရင်းသွင်းထားသူတချို့ နှုတ်ထွက်လိုက်တဲ့အတွက် အခုနောက်ဆုံး အစိုးရက ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့လည်း ကော်မရှင်မှာ မပါဝင်ရတာဟာ ဆန့်ကျင်တဲ့ သဘောထားမဟုတ်တဲ့ အကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြောခဲ့ကြတာပါ။ လက်ပံတောင်းသပိတ် ဖြိုခွဲခံရချိန်မှာ အပြင်းအထန် ဒဏ်ရာရခဲ့သူတွေကတော့ အဖြစ်မှန် ပေါ်ပေါက်ဖို့ လိုလားနေကြတာပါ။ ကော်မရှင်ရဲ့ ရှေ့အလားအလာနဲ့ ကာယကံရှင်တွေရဲ့ သဘောထားတွေကိုတော့ မမိုးဖြူ က တင်ပြထားပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

Monday, December 3, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၃၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘ လ ၃၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လက်ပံတောင်းအရေး ဆန္ဒပြမှု အဖမ်းအဆီးတချို့ရှိ လက်ပံတောင်းအရေး ဆန္ဒပြမှု အဖမ်းအဆီးတချို့ရှိ
လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နင်းမှုတွေကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ မန္တလေး၊ ရန်ကုန်နဲ့ မုံရွာမြို့တွေမှာ ဒီကနေ့ ဆက်လက် ဖြစ်ပွားနေပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အီဂျစ်လူထုဆန္ဒခံယူပွဲ ထိပ်တန်းတရားသူကြီးတွေ သပိတ်မှောက်မည် အီဂျစ်လူထုဆန္ဒခံယူပွဲ ထိပ်တန်းတရားသူကြီးတွေ သပိတ်မှောက်မည်
အီဂျစ်မှာ အခြေခံဥပဒေသစ် အသက်သွင်းနိုင်ဖို့ အတွက် ကျင်းပမယ့် လူထုဆန္ဒခံယူပွဲကို အီဂျစ် တရားသူကြီးများအဖွဲ့က သပိတ်မှောက်မယ်လို့ ဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
တရုတ်အစိုးရ ပြုပြင်ပြောင်းလဲဖို့ မျက်မမြင်တက်ကြွသူ တိုက်တွန်း တရုတ်အစိုးရ ပြုပြင်ပြောင်းလဲဖို့ မျက်မမြင်တက်ကြွသူ တိုက်တွန်း
တရုတ်အစိုးရအနေနဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး တိုးတက်လာအောင် ဆောင်ရွက်ဖို့ တရုတ် မျက်မမြင် တက်ကြွလှုပ်ရှားသူ ချန်ဂွမ်ချမ်း က တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီယားဒုံးကျည် အစီအစဉ် ဒေသတည်ငြိမ်မှုကို ထိခိုက် မြောက်ကိုရီယားဒုံးကျည် အစီအစဉ် ဒေသတည်ငြိမ်မှုကို ထိခိုက်
မြောက်ကိုရီယားက တာဝေးပစ်ဒုံးကျည် လွှတ်တင်မယ့်အစီအစဉ်ဟာ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
တိုက်ရိုက်လေလှိုင်း

လက်ပံတောင်းအရေးအခင်းကြောင့် နိုင်ငံရေးအပြောင်းအလဲ ထိခိုက်စေမလား လက်ပံတောင်းအရေးအခင်းကြောင့် နိုင်ငံရေးအပြောင်းအလဲ ထိခိုက်စေမလား
လက်ပန်းတောင်းအရေးအခင်းဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းတာတွေကြောင့် တင်းမာမှုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်စေမလား ဆွေးနွေးထားပါတယ်။ အပြည့်အစုံ
 
ဒီမိုကရေစီရေးရာ

ကြိုးပမ်းလုပ်ဆောင်နေတဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလုပ်ဆောင်နေတဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဒီဇင်ဘာ ၂၊ ၂၀၁၂ - မြန်မာအစိုးရအဖွဲ့၏ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလုပ်ဆောင်နေတဲ့အကြောင်း ဆွေးနွေးထား ... အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

Sunday, December 2, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၂၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာ လ ၂၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်း လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်း
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြသူတွေကို နှိမ်းနင်းမှုအပေါ် စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းကြောင်း အစိုးရက ကြေညာပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံကထွက်သွားဖို့ ရန်ကုန်မြို့မှာ သံဃာနဲ့ပြည်သူ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အီဂျစ်အခြေခံဥပဒေသစ်အတွက် ဆန္ဒခံယူပွဲ ကျင်းပမည် အီဂျစ်အခြေခံဥပဒေသစ်အတွက် ဆန္ဒခံယူပွဲ ကျင်းပမည်
အီဂျစ်နိုင်ငံမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ရတဲ့ အခြေခံဥပဒေသစ်အပေါ် ဆန္ဒခံယူပွဲတခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာကျင်းပဖို့ သမ္မတက ကြေညာလိုက်ပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်း ဆန္ဒပြဒဏ်ရာရသူတချို့ မန္တလေးဆေးရုံပို့ လက်ပံတောင်း ဆန္ဒပြဒဏ်ရာရသူတချို့ မန္တလေးဆေးရုံပို့
လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေရဲ့ဒဏ်ရာ မသက်သာကြောင့် မုံရွာကနေ မန္တလေးဆေးရုံကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီယား တာဝေးပစ်ဒုံးကျည် လွှတ်ဖို့ ပြင်ဆင် မြောက်ကိုရီယား တာဝေးပစ်ဒုံးကျည် လွှတ်ဖို့ ပြင်ဆင်
မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ် ရော့ကတ်ဒုံးပျံတစင်းကို အခုလ နှောင်းပိုင်းမှာ ပစ်လွှတ်ဖို့ စီစဉ်ထားကြောင်း နိုင်ငံပိုင် သတင်းဌာနက ကြေညာပါတယ်။ အပြည့်အစုံ
 
အပတ်စဉ် တီဗွီမဂ္ဂဇင်း

အပတ်စဉ် တီဗွီမဂ္ဂဇင်း အပတ်စဉ် တီဗွီမဂ္ဂဇင်း
အပတ်စဉ် တီဗွီမဂ္ဂဇင်း အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့နဲ့ တနလာင်္နေ့တွေမှာ မနက် ၇ နာရီကနေ ၇ နာရီခွဲ အထိ တကြိမ် ညနေ ၇ နာရီကနေ ၇ နာရီခွဲ အထိ တကြိမ် တနေ့ကို နှစ်ကြိမ်ထုတ်လွှင့်ပေးနေပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

မန္တလေးဆေးရုံကြီးရောက် သံဃာတော်များ မန္တလေးဆေးရုံကြီးရောက် သံဃာတော်များ
မန္တလေးဆေးရုံကြီးရောက် သံဃာတော်များ အပြည့်အစုံ
 
လက်ပန်းတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ လက်ပန်းတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ
တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ဆောင်နေတဲ့ မုံရွာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ သံဃာတော်တွေနဲ့ ပြည်သူ တချို့ တရုတ်သံရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

Saturday, December 1, 2012

VOA Burmese Newsletter

~~~ this is an automatic email, please do not reply to this address ~~~

Dear Subscriber (700hm007.newsallinone@blogger.com),

You have been subscribed to a VOA Burmese Daily News mailing list. 
If you have any questions, please contact us at: editor@voanews.com

Thank you,
VOA