ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၅၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ လက်ပံတောင်းအရေး ဆန္ဒပြသူတွေ အရေးယူခံရ ကြေးနီစီမံကိန်းရပ်တန့်ရေးဆန္ဒပြသူတချို့ကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုနဲ့ ဖမ်းပြီး တခြားပုဒ်မနဲ့ ပြောင်းလဲပြီး အာဏာပိုင်တွေက တရားစွဲနေပါတယ်။ အပြည့်အစုံ လက်ပံတောင်းသပိတ်ဖြိုခွဲမှု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဝေဖန် လက်ပံတောင်ဆန္ဒပြမှု သံဃာတွေ မီးလောင်ဒဏ်ရာရခဲ့တဲ့အပေါ် ငြိမ်ချမ်းရေးဆွေးနွေးဆဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အစိုးရလုပ်ရပ်ကို ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံ အစိုးရစစ်တပ်ပစ်ခတ်မှု ကချင်ရွာသား ၃ ဦးသေဆုံး ဖားကန့်မြို့နယ်၊ အောင်ရာရွာမှာ တိုက်ပွဲဖြစ်ခြင်းမဟုတ်ဘဲ အစိုးရယာဉ်တန်း ရွာထဲဖြတ်မောင်းချိန် ပစ်ခတ်ခဲ့လို့ ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အပြည့်အစုံ ဒဏ်ရာရသံဃာတွေ ဆေးကုသရာမှာ အခက်အခဲကြုံ မုံရွာဆေးရုံက မီးလောင်ဒဏ်ရာရ သံဃာနဲ့လူပုဂ္ဂိုလ် ၁၀၀ ကျော် မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့လိုက်တဲ့အတွက် မန္တလေးဆေးရုံမှာ နေရာ အခက်အခဲဖြစ်နေပါတယ်။ အပြည့်အစုံ အငြင်းပွားနယ်မြေ ဗီယက်နမ်ကင်းလှည့် သင်္ဘောတွေ တိုးချမည် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ပင်လယ်ပြင်မှာ တရုတ်သင်္ဘောတွေနှောင့်ယှက်မှုရှိနေတာကြောင့် ဗီယက်နမ်က ရေတပ်သဘောင်္တွေ တိုးချဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံ ဆီးရီးယားအစိုးရ ဓာတုလက်နက်မသုံးဖို့ နိုင်ငံတကာသတိပေး ဆီးရီးယားပြည်တွင်းအကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာကို ဟန့်တားဖို့ နယ်စပ်မှာ ဒုံးခွင်းဒုံးချထားရေး တူရကီက တောင်းဆိုနေပါတယ်။ အပြည့်အစုံ အမေရိကန်အဝေးထိန်းဒုံးယာဉ် အီရန်ဖမ်းမိ အမေရိကန်အဝေးထိန်း ဒုံးယာဉ်တစင်း ပါရှန်ပင်လယ်ကွေ့ အီရန်လေပိုင်နက်မှာ ဖမ်းမိကြောင်း အီရန်ဘက်က အခိုင်အမာ ပြောပေမဲ့ အမေရိကန်က ငြင်းဆိုပါတယ်။ အပြည့်အစုံ Liu Xiaobo လွှတ်ပေးဖို့ နိုဘယ်လ် ဆုရှင်တွေ တောင်းဆို တရုတ်နိုင်ငံက အထိန်းသိမ်းခံ နိုဘဲလ်ဆုရှင် Liu Xiaobo ကို လွှတ်ပေးဖို့ နောက်တက်မယ့် သမ္မတ ရှီကျင်းပင်ကို နိုဘယ်လ်ဆုရှင် ၁၀၀ ကျော်က တောင်းဆိုပါတယ်။ အပြည့်အစုံ ဘဏ္ဍာရေးခြောက်ကမ်းပါးနားအထိ ညှိနှိုင်းမှုမပြေလည်သေး အမေရိကန်နိုင်ငံ ဘဏ္ဍာရေးခြောက်ကမ်းပါးထဲ ကျလုနီးအခြေအနေမှာ အခွန်ကောက်ခံရေးနဲ့ပတ်သက်လို့ အာဏာရပါတီနဲ့ အတိုက်အခံ ရီပတ်ဘလီကင်ပါတီတို့ ညှိနှိုင်းမှုက ရှေ့မတိုး နောက်မဆုတ်ဖြစ်နေပါသေးတယ်။ အပြည့်အစုံ . အပြည့်အစုံ ဒီဇင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးမှာထင်ရှားခဲ့တဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ဖမ်းဆီးပြီး သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေလို့ အာဏာပိုင်တွေဘက်က အကြောင်းပြတဲ့ ပြစ်မှုတွေဟာ အရှင်ဂမ္ဘီယ လုံးဝကျုးလွန်ခြင်းမရှိတဲ့ အမှုတွေ ဆိုပြီး အရှင်ဂမ္ဘီရ ရဲ့အကို ကိုအောင်ကျော်ကျော် က VOA ကို ပြောပါတယ်။ အရှင်ဂမ္ဘီရအပေါ် တမင်အမှုဆင်ဖမ်းတာဖြစ်သလို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုလည်းမသိရသေးဘူးလို့ ဆိုပါတယ်။ ကိုအောင်ကျော်ကျော်ကို ကိုသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်း ထားပါတယ်။ အပြည့်အစုံ ကုလသမဂဆိုင်ရာ အမေရိကန်သံအမတ်ဆူဆန်ရိုက်စ်ကို ရာထူးက အနားယူတော့မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှာအစားထိုးခန့် ထားဖို့ သတင်းပြေးနေပါ တယ်။ တကယ်ပဲအမည်စာရင်း တင်သွင်းခံရမယ်ဆိုရင်တော့ မစ်စစ်ရိုက်ဟာ အိမ်ဖြူတော်နဲ့ ရီပတ်ဘလီ ကင်ကိုယ်စား လှယ် တွေကြားမှာ အခြေအတင်ပြောစရာ အကြောင်းတရပ် ဖြစ် လာပါလိမ့်မယ်။ပြီးခဲ့ တဲ့စက်တင်ဘာလထဲကလစ်ဗျားက အမေရိကန်ကောင်စစ်ဝန် ရုံးတိုက်ခိုက်ခံရမှုနဲ့ ပတ်သက် လို့ မစ်စစ်ရိုက်အပေါ်မှာ ရီပါပလီကင်ပါတီဝင်တွေက အမြင်မကြည်မှူတွေရှိနေခဲ့တာပါ။ ဘာကြောင့် အခုလို နိုင်ငံခြားရေးဝန်ကြီးရာထူးအတွက် မစ်စစ်ရိုက်ကို ရွေးချယ်ရာမှာ ဘာကြောင့် အငြင်းပွားစရာဖြစ်နေ ရသလဲဆိုတဲ့ အကြောင်းအစုံအလင်ကိုတော့ ဗွီအိုအေရဲ့  ကုလသမဂ္ဂ သတင်းထောက် margaret besheer ကသတင်းပေး ပို့ ထားတာကို မခွာညိုက ပြောပြပေးပါမယ်။ အပြည့်အစုံ မက္ကာအိုမှာ ကာစီနိုလောင်းကစားရုံတွေက တနေ့ပြီးတနေ့ ပိုပိုပြီးများလာနေပါတယ်။ အဲဒီ အားကစားရုံတွေမှာ အလုပ်လုပ် ခွင့်ရဖို့ဆိုတာက မက္ကာအိုက လူငယ်တွေအတွက်တော့ အိပ်မက်တခုပါ။ ဒါပေမယ့်လည်း အခုလို ၀င်ငွေများများ ရတဲ့ လောင်း ကစားရုံတွေမှာ အလုပ်လုပ်တာက လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးကိုထိခိုက်စေတယ်ဆိုပြီးတော့လည်း တချို့က စိုးရိမ်နေကြ တာပါ။ ဒီအကြောင်း AP သတင်းဌာနရဲ့ ဆောင်းပါးတပုဒ်ကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ Syria: Government planes attack rebel positions near Damascus. VOA အပြည့်အစုံ U.S.: No drones missing in Middle East VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
လက်ပံတောင်းအရေး ဆန္ဒပြသူတွေ အရေးယူခံရ
လက်ပံတောင်းသပိတ်ဖြိုခွဲမှု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဝေဖန်
အစိုးရစစ်တပ်ပစ်ခတ်မှု ကချင်ရွာသား ၃ ဦးသေဆုံး
ဒဏ်ရာရသံဃာတွေ ဆေးကုသရာမှာ အခက်အခဲကြုံ
အငြင်းပွားနယ်မြေ ဗီယက်နမ်ကင်းလှည့် သင်္ဘောတွေ တိုးချမည်
ဆီးရီးယားအစိုးရ ဓာတုလက်နက်မသုံးဖို့ နိုင်ငံတကာသတိပေး
အမေရိကန်အဝေးထိန်းဒုံးယာဉ် အီရန်ဖမ်းမိ
Liu Xiaobo လွှတ်ပေးဖို့ နိုဘယ်လ် ဆုရှင်တွေ တောင်းဆို
ဘဏ္ဍာရေးခြောက်ကမ်းပါးနားအထိ ညှိနှိုင်းမှုမပြေလည်သေး
Syria: Government planes attack rebel positions near Damascus.
U.S.: No drones missing in Middle East
No comments:
Post a Comment