Tuesday, December 18, 2012

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဒီဇင်ဘာလ ၁၇၊ ၂၀၁၂

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဒီဇင်ဘာလ ၁၇၊ ၂၀၁၂

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက် ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်
ဆီးရီယားထဲမှာရှိတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို ဆီးရီယားအစိုးရတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ အင်မတန်ကို စိုးရိမ်ပူပင်စရာအခြေအနေဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။ အပြည့်အစုံ
 
မြန်မာ

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ထူးဆောင်ဒီမိုကရေစီဆု ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ထူးဆောင်ဒီမိုကရေစီဆု
မြန်မာပြည် ဒီမိုကရေစီရရှိရေးစွမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင်ကို ပထမဆုံး သူ့နိုင်ငံ၊ သူ့လူထုရှေ့မှာ ချီးမြှင့်မှာမို့ ဒီဆုဟာ Ratiu Democracy ဆုသမိုင်းမှာ အင်မတန်မှ ထူးခြား ပါတယ်လို့ နိုင်ငံတကာ အမျိုးသမီးခေါင်းဆောင်များအဖွဲ့ ကပြောပါတယ်။ အပြည့်အစုံ
 
ဂျပန်အစိုးရသစ်ပြောင်းပေမဲ့ မြန်မာ့ ODA အစီအစဉ် မပြောင်းနိုင် ဂျပန်အစိုးရသစ်ပြောင်းပေမဲ့ မြန်မာ့ ODA အစီအစဉ် မပြောင်းနိုင်
ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ Liberal Democratic Party အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို သိသိသာသာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဂျပန် အကြီးတန်း သုတေသီတယောက်က ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
သမ္မတဦးသိန်းစိန် နဲ့ ထိုင်းဝန်ကြီးချုပ် ထားဝယ် ရေနက် စီမံကိန်း လေ့လာ သမ္မတဦးသိန်းစိန် နဲ့ ထိုင်းဝန်ကြီးချုပ် ထားဝယ် ရေနက် စီမံကိန်း လေ့လာ
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း နဲ့ အထူးစီးပွါးရေးဇုံစီမံကိန်းအောင်မြင်ဖို့ နှစ်နိုင်ငံ အစိုးရတို့ပူးပေါင်း လုပ်ဆောင်သွားဖို့ နှစ်နိုင်ငံအကြီးအကဲတွေ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

အမေရိကန်ပြည်တွင်း လက်နက်ထိန်းချုပ်ရေး အမေရိကန်ပြည်တွင်း လက်နက်ထိန်းချုပ်ရေး
အမေရိကန်နိုင်ငံမှာ အခုလို ၀မ်းနဲကြေကွဲဖွယ် လူအများအပြား တပြိုင်ထဲ သေဆုံးမှု တခုကြုံလာတိုင်း နိုင်ငံသားတွေအတွက် ခွင့်ပြုထားတဲ့ သေနတ်ကိုင်ဆောင်ခွင်ဆိုင်ရာ ပိုပြီးတင်းကြပ်တဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး ထိမ်းချုပ်လိုက်ရင် ဒီလိုသေနတ်နဲ့ ပစ်ခတ်မှုတွေ ပိုလျော့ပါးသွား လေ မလားလို့ မေးခွန်းတွေ ထုတ်တတ်ကြပါတယ်။ အပြည့်အစုံ
 
ကင်မ်ဂျူံအီလ် ကွယ်လွန်ခြင်း တနှစ်ပြည့် ကျင်းပ ကင်မ်ဂျူံအီလ် ကွယ်လွန်ခြင်း တနှစ်ပြည့် ကျင်းပ
မြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင် Kim Jong Il ကွယ်လွန်တဲ့ တနှစ်ပြည့် အထူးအောင်းမေ့ဖွယ်အခမ်းအနားကို သားဖြစ်သူ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် Kin Jong Un က ဦးောဆင်ပြီး ပြုလုပ်သွားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၁၈-၂၀၁၂) နေ့စဉ်တီဗွီသတင်းလွှာ (၁၂-၁၈-၂၀၁၂)
ဒီကနေ့ အစီအစဉ်မှာတော့ လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက်သူတွေကို နှိမ်နင်းမှုအပေါ် တောင်းပန်ဖို့ ဆက်လက် ဆန္ဒပြ၊ စိတ်ကြွဆေး ထုတ်လုပ်မှုမှာ မြန်မာနိုင်ငံ ထိပ်တန်းရောက်နေဆဲ၊ လက်နက်တင်ပို့ခွင့် တားမြစ်ထားတဲ့ မြန်မာနိုင်ငံမှာ ဆွီဒင်လုပ် လက်နက်တွေတွေ့ စတဲ့သတင်းတွေအပြင် မြန်မာ နဲ့ နိုင်ငံတကာ က သတင်းဆောင်းပါးတွေကို ရှုစားကြရဖို့ရှိပါတယ်။ အပြည့်အစုံ
 
အင်္ဂလိပ်စာ သင်ခန်းစာ

Blessing စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ Blessing စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
သြဂုတ် ၂၇၊ ၂၀၁၂ - ဒီတပတ် blessing ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများ blessing in disguise, mixed blessing နဲ့ count your blessings တို့ကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အင်္ဂါနေ့ မြန်မာတီဗွီ   သတင်းများ အင်္ဂါနေ့ မြန်မာတီဗွီ သတင်းများ
ဒီဇင်ဘာလ ၁၈ ရက်၊ အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းများကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ
 
ရန်ကုန်မြို့က MTV EXIT     ဖျော်ဖြေပွဲ ရန်ကုန်မြို့က MTV EXIT ဖျော်ဖြေပွဲ
ဂရမ်မီဆုရှင်လည်းဖြစ်၊ တေးရေးဆရာနဲ့ အဆိုတော်လည်းဖြစ်သူ ကမ္ဘာကျော်တေးသံရှင် အမေရိကန်နိုင်ငံသား Jason Mraz ရဲ့ ဂီဖျော်ဖြေပွဲကို တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်မှာ ပရိသတ်တွေ စည်စည်ကားကားနဲ့ ကျင်းပခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကို နိုင်ငံတကာ အထောက်အပံ့ပေးရေး အဖွဲ့အစည်း တွေနဲ့ MTV တို့ ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ပညာပေးရေး အစီအစဉ်အဖြစ်နဲ့ ကျင်းပခဲ့တာပါ။ မြန်မာပြည်က အဆိုတော်တွေ ဖြစ်ကြတဲ့ ဖြူဖြူကျော်သိန်း၊ အာဇာနည် စတဲ့ နာမည်ကြီး အဆိုတော်တွေလည်း ပါဝင်တဲ့ ဒီ စင်မြင့် ဂီတ ဖျော်ဖြေ ပွဲ အကြောင်းကိုတော့ ကိုကျော်သိင်္ခက တင်ပြထားပါတယ်။ အပြည့်အစုံ
 
ထားဝယ်ရေနက်စီမံကိန်း ထိုင်းမြန်မာခေါင်းဆောင်တွေ ပူးတွဲလေ့လာ ထားဝယ်ရေနက်စီမံကိန်း ထိုင်းမြန်မာခေါင်းဆောင်တွေ ပူးတွဲလေ့လာ
တနင်္သာရီတိုင်းဒေသကြီးမှာ တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းကို သမ္မတဦးသိန်းစိန်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်တို့ ဒီကနေ့ သွားရောက် လေ့လာခဲ့ပါတယ်။ ဒီ အထူးစီးပွါးရေးစီမံကိန်း အောင်မြင်အောင် ထိုင်းမြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားဖို့ ဆွေးနွေးခဲ့တယ်လို့ စီးပွါးရေးဇုံ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ဒီစီမံကိန်းကြောင့် ထိခိုက်မှုဖြစ်ရတဲ့ ဒေသခံတွေ အတွက် ထိရောက်တဲ့ ကူညီ လုပ်ဆောင်ပေးမှုတွေ မရှိဘူးလို့ စီမံကိန်းကို လေ့လာစောင့်ကြည့်နေသူတွေက ဝေဖန်ကြပါတယ်။ ဒေါ်ခင်မျိုးသက်က အပြည့်အစုံကို တင်ပြပေးပါမယ်။ အပြည့်အစုံ
 
၂၀၁၂ ကမ္ဘာကြီ်း ပျက်တော့မလား ၂၀၁၂ ကမ္ဘာကြီ်း ပျက်တော့မလား
ရှေးဟောင်း မာယာလူမျိုးတွေရဲ့  ပြကဒိန်အရ ကမ္ဘာကြီး အဆုံးသတ်တော့မယ် ဆိုတဲ့ အယူအဆကို ယုံကြည်သူတွေ အတွက်တော့ နောက်ဆုံးအချိန်ရောက်ဖို့ ရက်ပိုင်းသာကျန်ပါတော့တယ်။ဒါပေမဲ့လည်း အမေရိကန်အာကာသအေဂျင်စီ နာဆာက ကျွမ်းကျင်သူတွေကတော့ မာယာ ပြကဒိန်အပေါ် အခြေခံ မှန်းဆချက်တွေဟာ မဖြစ်နိုင်ဘူးလို့  သိပ္ပံနည်းကျ လေ့လာမှုတွေအပေါ် အခြေခံပြောဆိုခဲ့ ကြတာပါ။ ကမ္ဘာကြီး ပျက်တော့မယ်လို့  ယုံကြည်သူတွေနဲ့  လက်မခံသူတွေကြား ကွဲပြားတဲ့ အမြင်တွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
ဆီးရီးယားအတိုက်အခံအပေါ် အမေရိကန် အသိအမှတ်ပြု ဆီးရီးယားအတိုက်အခံအပေါ် အမေရိကန် အသိအမှတ်ပြု
အမေရိကန်ပြည်ထောင်စုရဲ့  ဆီးရီးယားအတိုက်အခံညွန့် ပေါင်းအဖွဲ့ အပေါ် အသိအမှတ်ပြုလိုက်တာဟာ အစွန်းရောက်တွေကို အထီးကျန်စေဖို့ နဲ့  သမ္မတ Bashar al-Assad အပေါ် ဖိအားပေးလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Scott Stearns ပေးပို့ ထားတာကို ကိုအောင်အောင်က တင်ပြထားပါတယ်။ အပြည့်အစုံ
 
VOA 60 World

President Obama speaks to mourners in Connecticut town where 26 were killed- VOA60 World President Obama speaks to mourners in Connecticut town where 26 were killed- VOA60 World
President Obama says “nation is grieving with you” in speech to mourners in Connecticut town where 26 were killed. အပြည့်အစုံ
 
VOA60 USA

President Obama speaks to mourners in Newtown CT- VOA60 America President Obama speaks to mourners in Newtown CT- VOA60 America
President Obama travelled to Newtown, Connecticut on Sunday to speak at a memorial service for the 26 people shot to death at a primary school in the New England town. The president told mourners that “you are not alone in your grief” and he vowed to “use whatever power” his office holds to stop massacres like this. အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment