ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၂၅၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ![]() မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ သြစတြေးလျဒေါ်လာတစ်သန်း ထပ်ပေးမယ်လို့ သြစတြေးလျအစိုးရက ကတိပြုလိုက်ပါတယ်။ အပြည့်အစုံ ![]() ကေအိုင်အေကလည်း အခုလိုအစိုးရတပ်ဘက်က ရာဇသံဆန်တဲ့ အကြောင်းကြားစာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ထိခိုက် ပျက်ပြားနိုင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ဝန်ကြီးဦးအောင်မင်းဆီ စာပြန်ပို့လိုက်ပါတယ်။ အပြည့်အစုံ ![]() လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရမှုအတွင်း ဒဏ်ရာ ဆိုးဆိုးဝါးဝါးရခဲ့ကြတဲ့ သံဃာတော်တချို့ အခုဆိုရင် အသားအစားထိုးကုသမှု ခံယူနေကြပါပြီဖြစ်ပါတယ်။ အပြည့်အစုံ ![]() လူမှောင်ခိုဂိုဏ်း အဖွဲ့အစည်း အတော်များများ ကို နှိမ်နင်းနိုင် ခဲ့ပြီး ဒေသတော်တော်များများမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ကစပြီး စီမံချက်ချ ဆောင်ရွက်ခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံ ![]() အရှေ့အလယ်ပိုင်းဒေသမှာ သွေးထွက်သံယို ပဋိပက္ခတွေ အဆုံးသတ်စေရေး၊ အစ္စရေးနဲ့ပါလက်စတိုင်း အတူငြိမ်းချမ်းစွာနေထိုင်ရေး ခရစ်စမတ်ကာလမှာ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံ ![]() အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အသက် ၂၃ နှစ်အရွယ် ကျောင်းသူတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ကိစ္စအပေါ် ဒေါသထွက်ဆန္ဒပြနေမှုတွေ ရပ်တန့်သွားစေဖို့အတွက် အာဏာပိုင်တွေက နယူးဒေလီမြို့က လမ်းတွေနဲ့ ဘူတာရုံ တွေကို ပိတ်ထားလိုက်ပါတယ်။ အပြည့်အစုံ ဗွီအိုအေရဲ့  ခရစ္စမတ်အထူးအစီအစဉ်အနေနဲ့  တေးသံရှင် မီမီဝင်းဖေနဲ့  ရတနာဦးတို့ က သီချင်းလက်ဆောင်များနဲ့  ပါဝင်ကူညီအားဖြည့်ထားပါတယ်။ အပြည့်အစုံ ![]() ဒီဇင်ဘာ ၂၄၊ ၂၀၁၂ - ဒီတပတ် အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ strike a chord, strike gold နဲ့ strike while the iron is hot တို့ကို တင်ပြပေးထားပါတယ်။ အပြည့်အစုံ ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းက မွန်ပြည်နယ်မှာ ဆန်အိတ်လှူဒါန်းတဲ့ အခမ်းအနားအတွင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်တလညီကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ ![]() VOA60 World အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |

No comments:
Post a Comment