ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဒီဇင်ဘာလ ၇၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ တောင်းဆိုချက် မရရင် အထွေထွေ သပိတ် မှောက်မည် မန္တလေး သံဃာတော်တွေက လာမယ် ၈ရက်နေ့ အမျိုးသားနေ့မှာ တကြိမ် ထပ်မံဆန္ဒပြဖို့ရှိနေပြီး တောင်းဆိုချက်တွေ မရရင် ၁၂ရက်နေ့မှာ တနိုင်ငံလုံးပါဝင်တဲ့ အထွေထွေသပိတ်ကို ဆင်နွှဲသွားမယ်လို့လည်း မိန့်ကြားပါတယ်။ အပြည့်အစုံ လက်ပံတောင်းတောင် အကြမ်းဖက်မှု စုံစမ်းရေး သက်သေစုဆောင်း လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို စစ်ဆေးဖို့အတွက် သက်သေတွေ စုဆောင်းမယ်လို့ ကော်မရှင်ဥက္ကဌက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ မြန်မာ့အပြောင်းအလဲ အနှစ်သာရ အာရုံစိုက်ဖို့ ဒေါ်စု တိုက်တွန်း မြန်မာ့ ပြောင်းလဲမှု နှုန်းထက် ပြောင်းလဲမှု အနှစ်သာရကို ပိုပြီး အာရုံစိုက်ပါ လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် အပြည့်အစုံ VOA အစီအစဉ်တချို့ Sky Net က ထပ်ဆင့်ထုတ်လွှင့်မည် သတင်းလောကမှာ အရင်ရှိခဲ့တဲ့ ပြည်တွင်းပြည်ပဆိုတဲ့ ခွဲခြားသတ်မှတ်ချက် စည်းတွေ အရောင်မှိန်လာတဲ့ လက္ခဏာ၊ သတင်းလွတ်လပ်ခွင့်အတွက် မြန်မာပြည် ရဲ့ ရွေ့လျားမှုတွေကြား ထူးခြားတိုးတက်တဲ့ လက္ခဏာအဖြစ် သုံးသပ်ပြောဆိုနေပါတယ်။ အပြည့်အစုံ VOA အစီအစဉ် တချို့ Sky Net က ထုတ်လွှင့်မည် VOA အမေရိကန်မြန်မာပိုင်းကနေ ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ နဲ့ ရေဒီယိုအသံလွှင့်အစီအစဉ်တွေကို ထပ်ဆင့် ထုတ်လွှင့်ပေးဖို့ VOA နဲ့ Sky Net တို့ သဘောတူစာချွန်လွှာ ရန်ကုန်မြို့ မှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ အပြည့်အစုံ အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး တောင်တရုတ်ပင်လယ်ပြင်မှာ တဘက်သတ်ဆန်ဆန် ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဗီယက်နမ်ကို သတိပေး လိုက်ပါတယ်။ အပြည့်အစုံ တိဘက် မီးရှို့အဆုံးစီရင်မှု အမေရိကန်စိုးရိမ် တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ မူဝါဒတွေက တိဘက်မှာ တင်းမာမှုတွေ ပိုဆိုးအောင် လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောလိုက်ပါ တယ်။ အပြည့်အစုံ မြန်မာနိုင်ငံအပြောင်းအလဲအပေါ်အကဲခတ်ရာမှာ ပြောင်းလဲမှုနှုန်းထက် ပြောင်းလဲမှုအနှစ်သာရကို အာရုံစိုက်ဖို့ ဒေါ်စုတိုက်တွန်း၊ လက်ပံတောင်းတောင် ဖြစ်ရပ်များ စုံစမ်းစစ်ဆေးမှု စတင်၊ အီဂျစ်က အကြမ်းဖက်မှုတွေကြောင့် သမတအိမ်တော်အနီးတင့်ကားများလုံခြုံရေးယူ၊ ၂၀၁၀ ထိုင်းအရေးအခင်းအတွက် ၀န်ကြီးချုပ်ဟောင်း အဘီစစ် တရားစွဲခံရ.. စတဲ့ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေကို ရှုစားကြည့်ရှုနိုင်ပါတယ်။ အပြည့်အစုံ အမေရိကန်အသံ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ အပါအ၀င် VOA ရဲ့ ရုပ်သံ အစီအစဉ်တွေကို ဇန္န၀ါရီလဆန်းကစပြီး မြန်မာနိုင်ငံအတွင်းမှာ ပြန်လည် ထုတ်လွှင့်နိုင်ဖို့အတွက် VOA နဲ့ မြန်မာနိုင်ငံအတွင်းက အဓိက ရုပ်သံဌာန ဖြစ်တဲ့ SkyNet ရုပ်သံတို့ မနေ့က သဘောတူလက် မှတ် ရေးထိုးကြပါတယ်။ ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲအကြောင်း VOAဝိုင်းတော်သား ကိုသိန်းထိုက်ဦးက အခုလို သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ဒီဇင်ဘာလ ၇ ရက်၊ သောကြာနေ့ မြန်မာတီဗွီသတင်းသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ ကမ္ဘာလှည့် ခရီးသည်တွေ ဒေသခံတွေအနေနဲ့ ဂျာမဏီနိုင်ငံ ဘာလင်မြို့ထဲ လမ်းလျှောက်လည်ပတ်ခြင်းအားဖြင့် ဘာလင်လမ်းကြားတွေထဲက လက်ရာမြောက် Graffiti အနုပညာတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဒီလက်ရာတွေကို ကြည့်ပြီး ဘာလင်မြို့နဲ့ပတ်သက်လို့ ကိုယ်တွေ့ရလာတဲ့ အနုပညာဆိုင်ရာ ဗဟုသုတတွေနဲ့ စိတ်ကူးတွေကိုလည်း ကိုယ်ပိုင်အနုပညာလက်ရာအဖြစ် အဲဒီမှာပဲ ဖန်တီးနိုင်ပါတယ်။ ဘာလင်က Graffiti နဲ့ လမ်းမထက်က ပန်းချီလက်ရာတွေကို အကြောင်း အေပီ သတင်းဌာနရဲက သတင်းဆောင်းပါးကို အခြေခံပြီး ကိုကျော်သိင်္ခက တင်ဆက်ပေးပါမယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
တောင်းဆိုချက် မရရင် အထွေထွေ သပိတ် မှောက်မည်
လက်ပံတောင်းတောင် အကြမ်းဖက်မှု စုံစမ်းရေး သက်သေစုဆောင်း
မြန်မာ့အပြောင်းအလဲ အနှစ်သာရ အာရုံစိုက်ဖို့ ဒေါ်စု တိုက်တွန်း
VOA အစီအစဉ်တချို့ Sky Net က ထပ်ဆင့်ထုတ်လွှင့်မည်
VOA အစီအစဉ် တချို့ Sky Net က ထုတ်လွှင့်မည်
အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး
တိဘက် မီးရှို့အဆုံးစီရင်မှု အမေရိကန်စိုးရိမ်
No comments:
Post a Comment